မဟာတမန်တော်မြတ်ကြီး (ဆွ) အနေဖြင့်မိမိ သာဝကတော်များ အားမိန့်တော်မူလေ၏။ မောင်မင်းတို့ ဆင်းရဲနွမ်းပါးသူကို သိပါသလား? ဟုမေးမြန်းတော်မူလေ၏။ သာဝကတော် များအနေဖြင့်အဖြေပေးကြလေ၏။ကျွန်တော်မျိုးတို့ အမြင်တွင် ငွေအသပြာမရှိသူ၊ စည်းစိမ် ဥစ္စာပစ္စည်းမရှိသူကို ဆင်းရဲ နွမ်းပါးသူလို့ခေါ်ဆိုပါသည်ခင်ဗျား ….. ဟုဖြေကြလေသည်။
မဟာတမန်တော်မြတ်ကြီး(ဆွ)အနေဖြင့်(ထပ်ပြီး)မိန့်တော်မူလေသည်။ကျွန်ုပ်၏နောက်လိုက် နောက်သား(အွန်မသ်တော်)တွင် ၎င်းသူများမှ အပ မည်သူမျှ ဆင်းရဲ နွမ်းပါးသူ မရှိချေ။ ၎င်း ဆင်းရဲ နွမ်းပါးသူများဆိုသည်မှာနမာဇ်လည်းတည်ဆောက်၏၊ရိုဇာများလည်းထားလေ၏။ဇကာသ်ပေးဆောင်လေ၏။ဟဂ်ျလည်းပြုလေ၏။
သို့သော်ကေယာမသ်နေ့ တွင်၎င်းထံလူတစ်ယောက်လာရောက်လာမည် ထိုသူမှာ၎င်း၏ အဆဲခံထားရသူဖြစ်ပေမည်။နောက်တစ်ယောက်ရောက်လာပေမည်ထိုသူမှာပစ္စည်း၊ရပိုင်ခွင့်အစားခံ ထားရသူဖြစ်ပေမည်။နောက်တစ်ယောက်ထပ်လာမည်။ထိုသူအား၎င်းအနေဖြင့်သွေးထွက် သံယိုဖြစ်
အောင်လုပ်ခံထားရသူဖြစ်ပေမည်။ထပ်ပြီးနောက်တစ်ယောက်ရောက်လာမည်ထိုသူမှာ ၎င်း ထိုးကြိတ်၊ ရိုက်နှက်ထားသူ ဖြစ်ပေမည်။
ဤနည်းဖြင့်၎င်း၏ကောင်းမှု ကိုသိုလ်အစုစုအားဆိုင်ရာဆိုင်ရာ ကာယံကံရှင်များ၏ (ရှရီအီ) ရပိုင်ခွင့်နှင့်အညီပေးဆောင်ရပေမည်။ အကယ်၍၎င်း၏ကောင်းမှုကုသိုလ်များသည် ဆိုင်ရာဆိုင်ရာ ကာယံကံရှင်များ၏ (ရှရီအီ)ရပိုင်ခွင့်နှင့်အညီပေးဆောင်ရင် ကုန်ဆုံးသွားမည်ဆိုလျှင် ဆိုင်ရာဆိုင်ရာ ကာယံကံရှင်များ၏ဂိုနာအပြစ်ငရဲများကို ၎င်း၏စာရင်းတွင်ဖြည့်ထည့်ခြင်းခံရပေမည်။ပြီးနောက်၎င်းကို ဂျဟန္နမ်(ငရဲဘုံ)တွင်ထည့်မည် ဖြစ်ပေသည်။
ညွန်း - ဘေဟာ ကျမ်း အတွဲ ၃
===========================
251/End