၁၀ ဇန်နဝါရီ ၂၀၁၆ - ၁၈:၁၉
ကာသီးဖ် ရှိ ရှီအာ များ အပေါ် ဆော်ဒီ အစိုးရ ၏ ဖိနှိပ် ရက်စက်မှု ဆက်လက်ဖြစ်ပွား

ဆော်ဒီ အာရေဗျား နိုင်ငံ ၏ ကာသီးဖ် ဒေသ ရှိ ရှီအာ မွတ်စလင်မ် များ အပေါ် ကိုလိုနီ အာဏာရှင် သတ်ဖြတ်မှု ကိုသာ လိုလားနေသည့် ဆော်ဒီ အစိုးရ ဘက်မှ ဖိနှိပ် ရက်စက်မှု များ ဆက်လက်ပြု လုပ်နေ ကြောင်း သိရှိရပြီး ဆော်ဒီ မင်းဆိုးမင်းညစ် မှ ရှဟီးဒ် ဟဇရသ် အာယာသွလ္လာဟ် ရှိက်္ခနေ မေရ် ၏ ရုပ်ကလပ် အား ယခုထိ မပေးအပ်သေး ကြောင်း သိရှိ ရခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ဆော်ဒီ အာရေဗျား နိုင်ငံ ၏ ကာသီးဖ် ဒေသ ရှိ ရှီအာ မွတ်စလင်မ် များ အပေါ် ကိုလိုနီ အာဏာရှင် သတ်ဖြတ်မှု ကိုသာ လိုလားနေသည့် ဆော်ဒီ အစိုးရ ရ ဘက်မှ ဖိနှိပ် ရက်စက်မှု များ ဆက်လက်ပြု လုပ်နေ ကြောင်း သိရှိရပြီး ဆော်ဒီ မင်းဆိုးမင်းညစ် မှ ရှဟီးဒ် ဟဇရသ် အာယာသွလ္လာဟ် ရှိက်္ခနေမေရ် ၏ ရုပ်ကလပ်   အား ယခုထိ မပေး အပ်သေးကြောင်း သိရှိ ရခဲ့ပါတယ်။

မှန်ကန်သည့် သတင်းအထောက်အထား များ အရ ရက်စက်ကြမ်းတမ်းပြီး ရာဇဝတ်သားကောင် ဖြစ်သည့်ဆော်ဒီ အစိုးရ အနေဖြင့် ရှဟီးဒ် ဟဇရသ် အာယာသွလ္လာဟ် ရှိက်္ခနေမေရ် ၏ ရုပ်ကလပ်   အား မည်သူ မျှ မသိသည့် နေရာ တွင် ဒဖ်နာ ထားပြီး ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါ တယ်။ အခြားတဖက် တွင် ရှဟီးဒ် ဟဇရသ် အာယာသွလ္လာဟ် ရှိက်္ခနေမေရ် ၏ ရုပ်ကလပ်   အား ၎င်း၏ မိသားစု ဝင်များ မှ လည်း ၎င်းတို့ကို ပြန်လည် ပေးအပ်ရန် ဆော်ဒီ မင်းဆိုးမင်းညစ်ထံ တောင်း ဆိုနေပါတယ်။ ကာသီးဖ် ဒေသ ရှိ ဆော်ဒီ လုံခြုံရေးတပ်သားများကလည်း ရှီအာ မွတ်စလင်မ် များ၏နေအိမ်များကို တိုက်ခိုက် လျက်ရှိပါတယ်။ ယုတ်စွ အမျိုးသမီး များ နှင့်ကလေးများကိုပါ အလွတ်မပေးဘဲ ရိုက်နက် ရက်စက် အကြမ်းဖက်ခဲ့ကြပါတယ်။

အာရပ်သတင်းဌာနများ၏ သတင်းအရ ဆော်ဒီ မင်းဆိုးမင်းညစ်များ ၏ အစေခံ လုံခြုံရေးတပ်သား များကလည်း ရှဟီးဒ် ဟဇရသ် အာယာသွလ္လာဟ် ရှိက်္ခနေမေရ် ၏ ကွပ်မျက် မှု အပေါ် ဆန္ဒပြ သပိတ်မှောက်သူများ ကို ရက်စက် ကြမ်းတမ်းစွာ ဖိနှိပ် နိုင်နင်း နေကြောင်း သိရှိရပါတယ်။

ရှဟီးဒ် ဟဇရသ် အာယာသွလ္လာဟ် ရှိက်္ခနေမေရ် ကိုမတရား ကွပ်မျက်မှု ပြုခဲ့ပြီးနောက် ဆော်ဒီ အစိုး ရ အနေဖြင့် တကမ္ဘာလုံး အတိုင်းအတာ နှင့် ပြင်းထန်စွာ ဝေဖန်မှု ၊ ရှုတ်ချမှု ကို ခံနေပါတယ်။

========================

251/End