၁၀ ဇန်နဝါရီ ၂၀၁၆ - ၁၉:၅၅
မန္တလေး-မြစ်ကြီးနား ကုန်တင်ရထားဘီးချော်တိမ်းမှောက်

မန္တလေး-မြစ်ကြီးနား ရထားလမ်းတွင် အမှတ် (၉၃၄) အစုန်ကုန်တင်ရထား၏ ကုန်တွဲ ငါးတွဲရထားဘီး ချော်တိမ်းမှောက် မှုဖြစ်ပွားခဲ့သော်လည်း ခရီးသည် နှင့်ဝန်ထမ်းများ ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်း သတင်းရရှိ သည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

နဘားဘူတာနှင့် အင်းတော်ဘူတာအကြား ဘီးချော်တိမ်းမှောက်သွားသော ရထားတွဲများ (ဓာတ်ပုံ-MOI)

မန္တလေး-မြစ်ကြီးနား ရထားလမ်းတွင် အမှတ် (၉၃၄) အစုန်ကုန်တင်ရထား၏ ကုန်တွဲ ငါးတွဲရထားဘီး ချော်တိမ်းမှောက် မှုဖြစ်ပွားခဲ့သော်လည်း ခရီးသည် နှင့်ဝန်ထမ်းများ ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်း သတင်းရရှိ သည်။

မြစ်ကြီးနားဘူတာမှ ဇန်န၀ါ ရီ ၆ ရက် ည ၉ နာရီ မိနစ် ၅၀ တွင် စတင်ထွက်ခဲ့သည့် အစုန် ကုန်တွဲရထားသည် နဘားဘူတာ နှင့် အင်းတော်ဘူတာအကြား၌ ဇန်န၀ါရီ ၉ ရက် နေ့လယ် ၁၂ နာရီ မိနစ် ၄၀ တွင် ဘီးချော်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးဘူတာကြီး ကြီးကြပ်မှု ဌာန အကြီးတန်းတာဝန်ရှိသူက ပြောသည်။

‘‘ကုန်တွဲတွေအတွက် ကုန်  ပြောင်းဖို့ လိုအပ်ရင် ကုန်တွဲအ စားပေးမယ်။ မန္တလေး-မြစ်ကြီး နားရထားသွားတဲ့အချိန်တွေက တော့ ပုံမှန်အတိုင်းပဲ ဆက်သွား မှာပါ။ လူတွေလည်း ထိခိုက်မှုမရှိ ပါဘူး။ လူစီးတွဲမဟုတ်ဘဲ ကုန် တင်ရထားမို့ပါ’’ဟု အဆိုပါ အကြီးတန်းတာဝန်ရှိသူက ပြော သည်။

ရထားတိမ်းမှောက်မှု ကြောင့် မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်အချိန်ဇယားများ ရပ်ဆိုင်းခြင်း၊ ပြောင်းလဲခြင်းမရှိ ဘဲ ပုံမှန်အတိုင်းသာ ပြေးဆွဲမည် ဖြစ်ကြောင်း မန္တလေးဘူတာကြီး ရုံပိုင်ချုပ်ကြီး ဦးညိမ်းမောင်က ဆိုသည်။

‘‘မန္တလေးက မြစ်ကြီးနားပို့ ရင်သာ ကုန်အရမ်းများတာ။ အခု က မြစ်ကြီးနားကနေ နမ္မတီးဘူ တာကနေ တင်လာတဲ့ကုန်တွဲ တွေ၊ ပီလောပီနံကို အမှုန့်လုပ် ထားတဲ့ ကော်မှုန့်အိတ်တွေပါတဲ့ ကုန်တွဲတွေလို့ ပြောပါတယ်’’ဟု မန္တလေး-မြစ်ကြီးနား ကုန်စည်ပို့ ဆောင်သည့် ကုန်သည် ဦးအောင် စည်က ပြောသည်။

မန္တလေး-မြစ်ကြီးနားရထား လမ်းပိုင်းသည် ၂၀၁၅ သြဂုတ် အတွင်း ဖြစ်ပွားခဲ့သည့် ရေကြီး ရေလျှံမှုများကြောင့် ယင်းရထား လမ်းပိုင်းတစ်လျှောက်ရှိ အချို့ နေရာအများစု ရေတိုက်စားမှုများ ကြောင့် ပျက်စီးခဲ့၍ ပြန်လည်ပြင် ဆင်မှုများ ပြုလုပ်ထားသည်။


=========================


251/ End