၁၇ ဇန်နဝါရီ ၂၀၁၆ - ၁၂:၃၂
မလေးရှားဈေးတခုအတွင်း ရန်ပွဲကြောင့် မလေး ၁ ဦးသေဆုံး၊ မြန်မာ ၂ ဦး ဒဏ်ရာရ

မလေးရှားနိုင်ငံမြို့တော်၊ ကွာလာလမ်ပူမြို့အစွန်က ဆီလယန်ဈေးထဲမှာ ဇန်န ၀ါရီလ ၁၃ ရက်နေ့ညပိုင်းက အုပ်စုလိုက်ရန်ပွဲဖြစ်ခဲ့ပြီး ၂ နှစ်အရွယ်မြန်မာ ကလေးငယ် တဦးနဲ့ ရွှေ့ပြောင်းမြန်မာအမျိုးသားတဦးဒဏ်ရာရခဲ့ကာ မလေးရှားအမျိုးသားတဦး သေဆုံးခဲ့ပါတယ်။ အဲဒီဈေးမှာ ၂၀၁၃ ခုနှစ်ကတည်းက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဒေသတွင်း ရမ်းကားသူတွေကြား အစ္စလာမ်-ဗုဒ္ဓဘာသာဆိုင်ရာ ရန်ပွဲတွေမကြာခဏ ဖြစ်လေ့ ရှိတယ်လို့ chinlandguardian သတင်းက ဆိုပါတယ်။

မလေးရှားနိုင်ငံမြို့တော်၊ကွာလာလမ်ပူမြို့အစွန်ကဆီလယန်ဈေးထဲမှာဇန်န၀ါရီလ၁၃ရက်နေ့ညပိုင်းကအုပ်စုလိုက်ရန်ပွဲဖြစ်ခဲ့ပြီး၂နှစ်အရွယ်မြန်မာကလေးငယ်တဦးနဲ့ရွှေ့ပြောင်းမြန်မာအမျိုးသားတဦးဒဏ်ရာရခဲ့ကာမလေးရှားအမျိုးသားတဦးသေဆုံးခဲ့ပါတယ်။       အဲဒီဈေးမှာ၂၀၁၃ခုနှစ်ကတည်းကမြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ဒေသတွင်းရမ်းကားသူတွေကြားအစ္စလာမ်-ဗုဒ္ဓဘာသာဆိုင်ရာရန်ပွဲတွေမကြာခဏဖြစ်လေ့ရှိတယ်လို့chinlandguardian သတင်းကဆိုပါတယ်။

 

အဲဒီနေ့ကမလေးရှားနိုင်ငံသားအင်ဒီးယန်း၅ယောက်ပါဝင်တဲ့အုပ်စုကမြန်မာအုပ်စုကိုစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၂နှစ်သားကလေးငယ်နဲ့အသက်၃၄နှစ်အရွယ်အမျိုးသားတဦးထိခိုက်ဒဏ်ရာရရှိချိန်မှာကားနဲ့ထွက်ပြေးခဲ့ကြတာပါ။

 

တိုက်ခိုက်မှုကြောင့်ပေါင်မှာထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ကလေးငယ်နဲ့ဝမ်းဗိုက်မှာထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့အမျိုးသားကိုဆေးရုံပို့ဆောင်ပေးခဲ့ကာစိုးရိမ်စရာမရှိဘူးလို့သတင်းကဆိုပါတယ်။

 

တိုက်ခိုက်ခဲ့ကြတဲ့အုပ်စုထဲကတဦးကိုမလေးရှားရဲတွေကတနာရီအကြာမှာဖမ်းမိခဲ့ပြီးသူဟာပြစ်မှုကျူးလွန်ခဲ့ဖူးတဲ့မှတ်တမ်းရှိတယ်လို့ဆိုပါတယ်။

 

ဒေါသထွက်နေကြတဲ့မြန်မာအုပ်စုဘက်မှအဲဒီတိုက်ခိုက်သူတွေကိုတုတ်တွေ၊ဓားတွေကိုင်ပြီးရှာခဲ့ကြကာကား၂စီးကိုကလဲ့စားချေဖျက်ဆီးခဲ့ကြတယ်လို့သတင်းမှာဖော်ပြပါတယ်။

 

သေဆုံးခဲ့တဲ့မလေးရှားနိုင်ငံသားရဲ့ဖခင်ကတော့ဒါဟာမှားယွင်းပြီးသတ်ခံခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။

 

==============================================

251 /End