၄ ဖေဖော်ဝါရီ ၂၀၁၆ - ၂၀:၀၄
ဆီးရီးယား နိုင်ငံ တွင် အီရန် အစောင့်တပ် ၏ တပ်မှူး တစ်ဦး ထပ် ရှဟီးဒ် ဖြစ် + ဓာတ်ပုံများ

ဆီးရီးယား နိုင်ငံ တွင် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် ၏ တပ်မှူး တစ်ဦး ထပ်ပြီး အကြမ်းဖက် သက္က်ဖီးရီး အဖွဲ့ တို့ ၏ လက်ချက် ဖြင့် ရှဟီးဒ် ဖြစ်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

နီရှားပူးရ် မြို့ ရှိ အေမာမ်ရဇာ တပ်ရင်း ၏ တပ်မှူး တစ်ဦး ဖြစ်သူ မော်အ်စင် ကာကျာရီရမ်း သည် ဆီးရီးယား နိုင်ငံ တွင် သခင်မကြီး ဇိုင်နဗ် (စ.အ) ၏ ရောင်ဇာတော် ကို ကာကွယ် ရန် သက္က်ဖီးရီး အဖွဲ့ဝင်များ နှင့် တိုက်ပွဲ ဝင်ခဲ့ပါတယ်။ တိုက်ပွဲ ဝင်ရင်း အကြမ်းဖက် သက္က်ဖီးရီး အဖွဲ့ တို့ ၏ လက်ချက် ဖြင့် ရှဟီးဒ် ဘွဲ့ ကို ခံယူခဲ့ပါတယ်။

လက်ရှိ အခြေအနေ တွင် ရက်ပိုင်း အတွင်း ဆီးရီးယား နိုင်ငံ ၏ ဟလဗ်ပ် ပြည်နယ် တွင် ကြီးမားသည့် စစ်ဆင်ရေး တစ်ခု ကို စတင်ခဲ့ပါတယ်။ ဤ စစ်ဆင်ရေး ကြောင့် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ က ရှီအာ များနေထိုင်သည့် မြို့ငယ်လေး နှစ်မြို့ အလ်ဇဲဟ်ရာ နှင့် နဗလ် မြို့ငယ်လေး နှစ်မြို့ ကို အကြမ်းဖက် သက္က်ဖီးရီးများ လက်မှ ပြန်လည် ရယူ နိုင်ခဲ့ ပါတယ်။ ဤ မြို့ငယ်လေး နှစ်မြို့ ဟာ အကြမ်းဖက်သမား များ၏ လက်ထဲမှာ ရောက်နေတာ ၄နှစ်ကြာခဲ့တာ ဖြစ်ပါတယ်။

ဤ မြို့ငယ်လေး နှစ်မြို့တွင် ရှီအာ မွတ်စလင်မ် ၆သောင်း ကျော် နေထိုင် ကြောင်း သိရှိရပါတယ်။ ၄နှစ်တာ ဝဟာဘီ အကြမ်းဖက် သမား များ အစ္စလာမ်အမည်ခံ သူပုန်များ ၏ ရက်စက်မှု အကြမ်းဖက်မှု အောက် တွင် နေထိုင် ခဲ့ကြသူများ ဖြစ်ပါတယ်။

==================

251/End