အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ရှိ မရ်ဂျာများမှ အီရန် (စစ်မှန်သည့် ) အစ္စလာမ်မစ် တော်လှန်ရေး အောင်ပွဲခဲ့သည့်နေ့ ဖြစ်သည့် ဖေဖော်ဝါရီ ၁၁ရက် နေ့တွင် တနိုင်ငံလုံး အတိုင်းအတာ ဖြင့်ကျင်းပ သည့် ကမ္ဘာကိုလိုနီ အင်အားများ ကို ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်ပွဲ တွင် ပြည်သူလူထု အနေဖြင့် အင်တိုက်အားတိုက် အပြည့်အဝ ဝင် ရောက်နေရာ ယူ ပါဝင်ကြရန် အလေးထား တိုက်တွန်း ခဲ့ပါတယ်။
အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမ် မို ရှီးရာဇီး ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျဝါဒ် အာမိုလီ ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျအ်ဖရ် စိုဗ်ဟာနီ ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ဂိုရ်ဂါနီ ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ နူးရီ ဟမ်ဒါနီ တို့မှ ကိုယ်စီ ကိုယ်စီ မိန့် ကြားမှု များ ကို ပြုခဲ့ကြပါတယ်။
၎င်းတို့အားလုံးမှ ပြည်သူ လူထု အားလုံးနှင့် (စစ်မှန်သည့်) အစ္စလာမ်မစ်တော်လှန်ရေး ၏ နောက်လိုက် နောက်သားအားလုံးကို အီရန် (စစ်မှန်သည့် ) အစ္စလာမ်မစ် တော်လှန် ရေး အောင်ပွဲ နေ့ အတွက်ကျင်းပသည့်အခမ်းအနား နှင့် ဆန္ဒထုတ်ဖော်ပွဲ တွင် အင်တိုက်အားတိုက် အပြည့်အဝ ဝင်ရောက်နေရာ ယူ ပါဝင်ကြရန် အလေးထား တိုက်တွန်း ခဲ့ပါတယ်။
မရ်ဂျာများ၏ မိန့်ခွန်းများတွင် အီရန် (စစ်မှန်သည့် ) အစ္စလာမ်မစ် တော်လှန် ရေး အောင်ပွဲ နေ့ အတွက်ကျင်းပသည့် ဆန္ဒထုတ်ဖော်ပွဲ တွင် အင်တိုက်အားတိုက် အပြည့်အဝ ဝင် ရောက်နေရာယူခြင်းဖြင့် ရန်သူ၏ မျှော်လင့်ချက် ကင်းမဲ့မည် ဖြစ်ကြောင်း ၊ အစ္စလာမ်မီ အချုပ်အခြာ အာဏာ ကို ရန်သူ၏ ရှေ့ မှောက်တွင်မားမားမတ်မတ် ရပ်တည်မှု ပြုရာ မည်၊မည် ကြောင်း၊ ရန်သူ၏ ရည်ရွယ်ချက်များ ကို မအောင်မြင် အောင်ပြုရာ မည်ကြောင်း မိန့်ကြားခဲ့ပါတယ်။
အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျဝါဒ် အာမိုလီ မှ အထူးသီးသန့်မိန့်ကြား သည်မှာ - ဆန္ဒထုတ်ဖော်ပွဲ တွင် လူထု အနေဖြင့် ဝဇူပြု ပြီး အလ္လာဟ် ဟို အရှင်မြတ် နှင့်နီးကပ်မှု အတွက် နီယသ် ဖြင့် ဝင်ရောက်နေရာယူကြရန် ထိုမှသာ ဤလုပ်ရပ်မွန်သည့် (စစ်မှန်သည့် ) အစ္စလာမ်မီစနစ် ၊(စစ်မှန်သည့် ) အစ္စလာမ်မီ အချုပ်အချာအာဏာ တည်တံ့ရန် နှင့် ဤတော်လှန်ရေး ကို အေမာမ် ဇမာန် (အ.ဂျ) ၏ တော်လှန် ရေး နှင့်ဆက် သွားဖို့ အကူအညီ ပြုရာ ဖြစ်မည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
===================
251/End