အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ရဲဟ်ဗရ် အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနအီ မှ (၃၇)ကြိမ် မြောက် အီရန်အစ္စလာမ်မစ် တော်လှန်ရေး အောင်ပွဲ နေ့ အထိမ်းအမှတ် အဖြင့် ရိုးရိုးတရားရုံးများ ၊ စစ်တပ်နှင့် တော်လှန်ရေး တရားရုံးများ မှ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူ အကျဉ်းသားပေါင်း ၁၀၅၉ ဦးမှ အချို့ ကို လွတ်ပေးဖို့ နှင့် အချို့ ကို ပြစ်ဒဏ် လျော့ပေးဖို့ အီရန် တရားစီရင်ရေးဆိုင်ရာ ဥက္ကဋ္ဌ အာယာသွလ္လာဟ် လာရီဂျာနီ အာမိုလီ ၏ လျှောက်ထားမှု ကို သဘောတူ လက်ခံ ခဲ့ပါတယ်။
အီရန် တရားစီရင်ရေးဆိုင်ရာ ဥက္ကဋ္ဌ အာယာသွလ္လာဟ် လာရီဂျာနီ အာမိုလီမှ အီရန်အစ္စလာမ်မစ် တော်လှန်ရေး အောင်ပွဲ နေ့ အထိမ်းအမှတ် အဖြင့် အီရန် ဗဟိုကော်မရှင်မှ အဆိုတင်းသွင်းလာသည့် အကျဉ်းသား ၁၀၅၉ ဦး နှင့်ပတ်သက်ပြီး အချို့ ကို လွတ်ပေးဖို့ အချို့ ကို ပြစ်ဒဏ် လျော့ပေးဖို့ ရဲဟ်ဗရ် အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနအီ ထံ မေတ္တာရပ်ခံ လျှောက်လွှာ ကို ပေးအပ်ခဲ့ပါတယ်။ ရဲဟ်ဗရ် အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနအီမှလည်း အီရန် အစ္စလာမ်မစ် တော်လှန်ရေး အောင်ပွဲ နေ့ အထိမ်းအမှတ် အဖြင့် ၎င်း ၏ တောင်း ဆိုချက်ကို သဘောတူ အမိန့် ပေးခဲ့ပါတယ်။
=============================
251/End