၁၁ ဖေဖော်ဝါရီ ၂၀၁၆ - ၂၀:၁၅
   ပြည်သူလူထု ထောက်ခံ အားပေးနေသည့် (စစ်မှန်သည့်) အစ္စလာမ်မစ် တော်လှန် ရေး ဟာ အမြဲတမ်း ရန်သူ၏ မျက်စိ အတွက် ဆူးဖြစ်ခဲ့ပါတယ်

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမ် မို ရှီးရာဇီး မှ (စစ်မှန်သည့်) အစ္စလာမ်မစ် တော်လှန် ရေး ၏ ကျယ်ပြန့်သည့် တိုးတက်မှု များကို အရိပ်အရောင်ပြ မိန့်ကြားပြီး မိန့်ကြားခဲ့ သည်မှာ- အစ္စလာမ်မစ် တော်လှန် ရေး ဟာ ကဏ္ဍပေါင်းစုံ ထောင့် ပေါင်းစုံ တွင် အလွန်တရာ တိုးတက်မှု ကိုရှိခဲ့ကြောင်း ၊ယနေ့ မိမိ (အစ္စလာမ်မစ် တော်လှန် ရေး ) ၏ မားမားမတ်မတ် ရပ်တည်နေမှုကြောင့် ရန်သူ၏ မျက်စိ အတွက် ဆူးဖြစ်ခဲ့ ကြောင်း မိန့်ကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

 

အီရန် နိုင်ငံ ကွမ်းမြို့ နေ အကျော် အမော် မရ်ဂျာ တစ်ပါးဖြစ်သည့် ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ မကာရေမ် မို ရှီးရာဇီး မှ ဖေဖော်ဝါရီလ ၁၁ရက်နေ့ တွင် ကျရောက်သည့် အီရန် နိုင်ငံ ၏ (စစ်မှန်သည့်) အစ္စလာမ် မစ် တော်လှန် ရေး အောင်ပွဲ အထိမ်းအမှတ် အဖြင့် ဆန္ဒဖော်ထုတ်ပွဲ တွင် လူထုနှင့်အတူ လမ်းလျှောက်ပါဝင် ပြီး သတင်းထောက် များ ကို မိန့်ကြားခဲ့ပါတယ်။(စစ်မှန်သည့်) အစ္စလာမ် မစ် တော်လှန် ရေး အောင်မြင်သည့် နေ့ ဟာ ၃၇ နှစ်တာ ကြာခဲ့သေည်လည်း တစ်နေ့တစ်ခြား ပိုမို၍ ခိုင်မာ ၊ တည်တံ့ လာကြောင်း မိန့်ကြား ခဲ့ပါတယ်။

အာယာ သွလ္လာဟ် မှ ဆက်လက်ပြီး ဤတော်လှန် ရေး ဟာ ဆက်လက် ချီတက်နေ မည် ဖြစ်ကြောင်း ပြည်သူ လူထု သည် အစ္စလာမ်မီ စနစ် ၊အချုပ်အခြာ အာဏာ ကို လက်ခံကူညီကြသူများ ၊ကာကွယ်ကြသူများ ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

အာယာသွလ္လာဟ် မကာရေမ်မို ရှီးရာဇီး ၏ကြီးမားသည့် တိုးတက်မှု ဖက်သို့ အရိပ်အရောင်ပြ မိန့် ကြား ရင်း အစ္စလာမ်မစ် တော်လှန် ရေး ဟာ ကဏ္ဍပေါင်းစုံ ထောင့် ပေါင်းစုံ တွင် အလွန်တရာ တိုးတက်မှု ကိုရှိခဲ့ကြောင်း ၊ယနေ့ မိမိ (အစ္စလာမ်မစ် တော်လှန် ရေး ) ၏ မားမားမတ်မတ ရပ်တည်နေမှုကြောင့် ရန်သူ၏ မျက်စိ အတွက် ဆူးဖြစ်ခဲ့ ကြောင်း မိန့်ကြားခဲ့ပါတယ်။

အာယာ သွလ္လာဟ် မှ ဆက်လက်ပြီး အီရန် အစိုးရ အာဏာ ပိုင်များ အနေဖြင့် လူထု ဘက်မှ အင်တိုက်အားတိုက် လာရောက် နေရာယူပေးမှု ၏တန်ဖိုးကို အလေးမြတ်ထားသင့်ကြောင်း ၊ ၎င်းပြည်သူလူထု ၏ အခက်အခဲများကို ဖြေရှင်း ပေး သင့်ကြောင်း ၊ ရန်သူ၏ အစီအစဉ်များ ကို မားမားမတ်မတ် ရင်ဆိုင် မှု ပြဖို့ မိန့်ကြားခဲ့ပါတယ်။

================

251/End