၁၈ ဖေဖော်ဝါရီ ၂၀၁၆ - ၁၉:၂၆
 စစ်ဘေးရှောင်များသို့ မူဆယ်မှ ရှမ်းလူငယ်နှင့် အစ္စလာမ်လူငယ်အဖွဲ့ ပူးပေါင်း၍ သိန်း ၁၂၀ ကျော်ဖိုးလှူဒါန်း

မူဆယ်မြို့ခံများ၏ လှူဒါန်းမှုကို ရှမ်းလူငယ်အဖွဲ့နှင့် အစ္စလာမ် လူငယ် အဖွဲ့ ပူးပေါင်းပြီး ကျောက်မဲမြို့ စစ်ဘေးရှောင်ပြည်သူများအတွက် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့က စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရပါတယ်။

ကိုဇော်မင်း(မူဆယ်)မှ ဓါတ်ပုံနှင့် သတင်းပေးပို့ပါသည်။

မူဆယ်မြို့ခံများ၏ လှူဒါန်းမှုကို  ရှမ်းလူငယ်အဖွဲ့နှင့် အစ္စလာမ် လူငယ် အဖွဲ့ ပူးပေါင်းပြီး ကျောက်မဲမြို့ စစ်ဘေးရှောင်ပြည်သူများအတွက် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့က စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရပါတယ်။

စစ်ဘေးရှောင်ပြည်သူများအတွက် ဆန်အိတ်၊ ကုလားပဲ၊ အသားတု၊ ဆား၊ ငါးမုန့်ခြောက်၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆိုလာမီးအိမ်(အသစ်) ၊ အင်္ကျီအသစ်၊ စတဲ့ အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်း စုစုပေါင်း တန်ဖိုး သိန်း ၁၂၀ ကျော်ဖိုးကို ကျောက်မဲမြို့ အမှတ်(၂) ရပ်ကွက် ၊ နမ့်စစ်လင်းကျောင်းတိုက်တွင် ဖွင့်လှစ်ထားသော စစ်ဘေးရှောင်စခန်း အလှူခံဌာသို့ သွားရောက်လှူဒါန်းခဲ့တာဖြစ်ကြောင်းသိရှိရပါတယ်။
===================================================