အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ချင်းပြည်နယ်ရှိ သ ဘာဝဘေးသင့်ပြည်သူများအ တွက် ပြန်လည်ထူထောင်ရေးလုပ် ငန်းများတွင် အသုံးပြုရန် ကျပ် သိန်းတစ်ရာတန်ဖိုးရှိ အထောက်အပံ့ပစ္စည်းကို ဂျပန်နိုင်ငံ NGO အဖွဲ့အစည်းက ကူညီမည်ဖြစ် ကြောင်း သတင်းရရှိသည်။
ချင်းပြည်နယ် ဖလမ်းမြို့ နယ်ရှိ အိမ်ထောင်စုခုနစ်ရာကျော်အား ဂျပန်နိုင်ငံမှ Terra People Associationက လှူဒါန်းမည့် အထောက်အပံ့ပစ္စည်းများကို အေးမြကရုဏာ ပရဟိတအသင်း(တောင်ကြီး)မှတစ်ဆင့် သွားရောက်လှူဒါန်းမည်ဟု အေးမြကရုဏာပရဟိတအသင်း (တောင်ကြီး)ဥက္ကဋ္ဌဦးဝင်းနိုင်စိုးက ပြောသည်။‘‘ချင်းပြည်နယ် ဖလမ်းမှာရှိ တဲ့ အိမ်ထောင်စုတွေဆီကို ဦးတို့ ကိုယ်တိုင်သွားရောက်ပြီးလှူဒါန်း ပေးသွားမှာပါ။ အသင်းရဲ့လုပ် ငန်းစဉ်မှာလည်း သဘာဝဘေးအ န္တရာယ်ကျရောက်တဲ့ဒေသတွေ ကို ကူညီပေးဖို့ လုပ်ငန်းစဉ်လည်း ပါဝင်တဲ့အတွက် ရေဘေး၊ မီး ဘေး၊ စစ်ဘေးဒေသတွေလည်း အကူအညီပေးနေတော့ သူတို့ ဘက်က ချိတ်ဆက်လာတဲ့အ တွက် ကိုယ်စားသွားလှူဒါန်းပေး မယ်’’ဟု ၎င်းကပြောသည်။
မတ်လ၁ရက်တွင် တောင်ကြီးမြို့မှ စတင်ထွက်ခွာပြီးအကူအညီအထောက်အပံ့ပစ္စည်းများ ကို ချင်းပြည်နယ်ဖလမ်းသို့ သွား ရောက်လှူဒါန်းမည်ဖြစ်သည်။
ဖလမ်းမြို့နယ်ရှိ ကျေးရွာများမှ အိမ်ထောင်စုခုနစ်ရာကျော်အတွက် သောက်သုံးရေကန်တူးဖော်ပေးခြင်း၊ သွပ်မိုးအချပ်နှစ်ထောင်ကျော်လှူဒါန်းခြင်းနှင့် ဘိလပ်မြေအိတ်လေးရာကျော် လှူဒါန်းခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။
‘‘ရရှိထားတဲ့ အလှူငွေက ကျပ်သိန်း ကိုးဆယ်ကျော်ရယ်၊ ကျွန်တော်တို့အသင်းက လှူဒါန်းပေးမယ့် ကျပ်ဆယ်သိန်းရယ် ပေါင်းပြီးတော့ လှူဒါန်းပေးသွားမယ်။ ခရီးစရိတ်တွေ၊ သွားတာလာတာတွေကို ထုတ်ယူသုံးစွဲမှာ မဟုတ်ဘူး။ အပြည့်အ၀ရာနှုန်းပြည့်လှူပေးသွားမှာ’’ဟု အေးမြကရုဏာပရဟိတအသင်း(တောင်ကြီး)၏ ဘဏ္ဍာရေးမှူးဦးတင်အောင်ထွန်းက ပြောသည်။
အေးမြကရုဏာပရဟိတအ သင်း(တောင်ကြီး)ကို ၂၀၁၃တွင် စတင်ဖွဲ့စည်းခဲ့ပြီး ရခိုင်ပြည်နယ်ရေဘေးသင့်ဒေသများ၊ကော လင်းရေဘေးသင့်ဒေသများ၊ နမ့်ဆန်မီးဘေးသင့်ဒေသနှင့် ကျောက်မဲစစ်ဘေးရှောင်ပြည်သူများထံသို့ သွားရောက်ကူညီ လှူဒါန်းထား သည်။
======================
251 / End