အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ထိုင်းနိုင်ငံ မဟာချိုင်မြို့ ရှိ ဂိုးဒင်းဖရိုက်ငါးသေတ္တာစက်ရုံ တွင် လုပ်ကိုင်နေသော မြန်မာ လုပ်သား ၁,၅၀၀ ခန့်သည် လုပ် အားခ အပြည့်အဝ မရရှိခြင်းနှင့် သတ်မှတ်ထားသည့် အချိန်ပို ကြေးများမရရှိခြင်းတို့ကြောင့် အ လုပ်မဆင်းဘဲ ဆန္ဒပြတောင်းဆို မှု၌ စက်ရုံပိုင်ရှင်က နစ်နာကြေး များပေး၍ လိုက်လျောပေးခဲ့ ကြောင်း သတင်းရရှိသည်။
ငါးသေတ္တာစက်ရုံတွင် လုပ် ကိုင်နေသော မြန်မာလုပ်သားများ သည် နှစ် ၂၀ ခန့်ကြာ အလုပ်သ မားအခွင့်အရေးများချိုးဖောက်ခံ ရသောကြောင့် နောက်ကြောင်း ပြန်နစ်နာကြေးရရှိရန် ဖေဖော်ဝါ ရီ ၂၅ ရက်မှစ၍ အလုပ်မဆင်းဘဲ ဆန္ဒပြတောင်းဆိုခဲ့သည်။ အလုပ် သမားများ၏တောင်းဆိုမှုကို စက် ရုံပိုင်ရှင်က ဖေဖော်ဝါရီ ၂၉ ရက် ညတွင် လိုက်လျောခဲ့ခြင်း ဖြစ် သည်။
စက်ရုံတွင် နေ့စားအဖြစ် လုပ်ကိုင်နေသော မြန်မာလုပ်သား ၁,၁၀၀ ခန့်အား နစ်နာကြေးအဖြစ် တစ်ဦးလျှင် ဘတ်ငွေခြောက် သောင်းခန့်ပေးပြီး ကော်မရှင်စား (ပုတ်ပြတ်)အဖြစ် လုပ်ကိုင်သော မြန်မာလုပ်သားများအား နစ်နာ ကြေးအဖြစ် တစ်ဦးလျှင် ဘတ်ငွေ တစ်ထောင်ခန့် ပေးအပ်ခဲ့ကြောင်းဂိုးဒင်းဖရိုက်ငါးသေတ္တာစက်ရုံအ လုပ်သမားများ တောင်းဆိုမှုကို သွားရောက် ဖြေရှင်းပေးခဲ့သည့် ရွှေ့ပြောင်းအလုပ်သမားအခွင့်အ ရေးကွန်ရက်(MWRN)ဥက္ကဋ္ဌ ဦး စိန်ဌေးက ပြောသည်။
‘‘ဒီစက်ရုံက ဖိနှိပ်ချိုးဖောက် မှုခံရတာ နှစ် ၂၀ ကျော်ပြီ။ အလုပ်သမားတွေက မတောင်းဆိုရဲကြ ဘူး။ ဒါကို ကျွန်တော်တို့က ဆက် သွယ်ပြီး တောင်းဆိုရဲအောင်၊ တောင်းဆိုတတ်အောင် အားပေး ခဲ့သလို တောင်းဆိုရမယ့် နေရာ တွေနဲ့ ချိတ်ဆက်တောင်းဆိုပေးခဲ့ တယ်။ သက်သေအထောက်အ ထားခိုင်လုံအောင် ရှာပေးကူညီ ပေးခဲ့တယ်’’ဟု ဦးစိန်ဌေးက ပြော သည်။
ကော်မရှင်စားဖြင့် လုပ်ကိုင် နေသော မြန်မာလုပ်သားများက နစ်နာကြေးဘတ်ငွေ တစ်သောင်း ခန့်သာရရှိခြင်းကြောင့် အများ နည်းတူရရှိရန် ဆက်လက်တောင်း ဆိုနေကြောင်း ဦးစိန်ဌေးက ဆက်လက်ပြောကြားသည်။
ဖေဖော်ဝါရီ ၂၇ ရက်က လည်း မဟာချိုင်မြို့ရှိ ကားအပို ပစ္စည်းထုတ်စက်ရုံပိုင်ရှင်က လုပ် ငန်းလည်ပတ်မှု အဆင်မပြေ တော့ဟုဆို၍ စက်ရုံ၌ လုပ်ကိုင် နေသည့် မြန်မာလုပ်သား ၂၀၂ ဦးကို အလုပ်မှ ထုတ်ပယ်ခဲ့ခြင်း ကြောင့် မြန်မာလုပ်သားများက ဆန္ဒပြတောင်းဆိုကြရာ စက်ရုံ ပိုင်ရှင်က နစ်နာကြေးများပေး၍ သဘောတူခဲ့ကြောင်း သတင်း ရရှိသည်။
======================
251 / End