၂၈ မတ် ၂၀၁၆ - ၁၉:၂၅
အင်္ဂလန်ပြတိုက်တစ်ခုတွင် အစ္စလာမ့်အနုပညာလက်ရာများ ခင်းကျင်းပြသ

အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်း ဘက်ကင်ဟမ်ရှိုင်းယားဒေသ အေလက်စ်ဘူရီမြို့က ပြတိုက်တစ်ခုမှာ အစ္စလာမ့်ယဉ်ကျေးမှုနဲ့ အနုပညာဆိုင်ရာ ပြပွဲတစ်ခုကို ခင်းကျင်းပြသနေတယ်လို့ သိရပါတယ်။

 

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်း ဘက်ကင်ဟမ်ရှိုင်းယားဒေသ အေလက်စ်ဘူရီမြို့က ပြတိုက်တစ်ခုမှာ အစ္စလာမ့်ယဉ်ကျေးမှုနဲ့ အနုပညာဆိုင်ရာ ပြပွဲတစ်ခုကို ခင်းကျင်းပြသနေတယ်လို့ သိရပါတယ်။

ပြပွဲစီစဉ်သူတွေကတော့ ဒါဟာ ဒီဒေသနဲ့၊ နိုင်ငံအရှေ့တောင်ဘက်တစ်ခြမ်း အစ္စလာမ့်အနုပညာလက်ရာနဲ့ပက်သက်လို့ အကြီးဆုံးပြပွဲတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ကြပါတယ်။

Islam Festival လို့ခေါ်ပြီး ဘက်ကင်ဟမ်ရှိုင်းယားဒေသ ပြတိုက်အုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပတဲ့ အဲဒီပြပွဲမှာ အာရှတစ်ဝှမ်းက ကော်ဇောတွေ၊ ပန်းချီတွေ၊ ပရိဘောဂပစ္စည်းတွေ၊ သတ္တုပစ္စည်းတွေ၊ ကျောက်မျက်ရတနာများနဲ့ လက်ရေးလက်သားအလှအပတွေ ပါဝင်ပြီး နိုင်ငံတစ်ဝှမ်းမှာ အကြီးဆုံးလို့ သတ်မှတ်လို့ရတဲ့ ကုရ်အာန်ကျမ်းတော်မြတ် ပြခန်းလည်း ပါဝင်မှာဖြစ်ပါတယ်။

မတ်လ ၂၆ ရက်နေ့ကစတင်တဲ့ အဲဒီပြပွဲကို စက်တင်ဘာ ၂၄ ရက်နေ့အထိ ပြသသွားမှာ ဖြစ်ပါတယ်။ ဒီလို ပြသမှုမျိုးကို ဗလီဝတ်ကျောင်းတော်တွေ၊ စာကြည့်တိုက်တွေ၊ အနုပညာခန်းမတွေနဲ့ ပူးပေါင်းပြီး ဘက်ကင်ဟမ်ရှိုင်းယား ဒေသတစ်ဝှမ်း ပြပွဲပေါင်း နောက်ထပ် ၁၀၀ ကျော်လောက် ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။

“ဒီလိုပြပွဲမျိုး ခင်းကျင်းပြသရတဲ့အတွက် ကျွန်တော်တို့ဟာ တကယ်ပဲ စိတ်လှုပ်ရှားမိပါတယ်။ ဒါဟာ ကျွန်တော်တို့ ကျင်းပခဲ့သမျှထဲမှာ အကြီးဆုံးနဲ့ ရည်ရွယ်ချက်အကြီးမားဆုံး ပြပွဲတစ်ခုဖြစ်ပြီး တကယ့်ကို ကောင်းမွန်တဲ့ အရာတစ်ခုပါပဲ” လို့ ဘက်ကင်ဟမ်ရှိုင်းယားဒေသပြတိုက်ရဲ့ ဒါရိုက်တာဖြစ်သူ ရစ်ချက် ဒီ ပီယာက ပြောကြားခဲ့ပါတယ်။

အခြားနေရာတွေမှာ ကျင်းပဖို့ရှိနေတဲ့ အစ္စလာမ့်အနုပညာလက်ရာပြပွဲတွေကို အသေးစိတ် ထုတ်ဖော်မပြောဆိုခဲ့ပေမယ့် စာသင်ကျောင်းလှုပ်ရှားမှုတွေ၊ ဆွေးနွေးမှုတွေ၊ ပန်းခြံမှာပြုလုပ်မယ့် လှုပ်ရှားမှုတွေနဲ့ အစ္စလာမ့်ပုံစံ ဖျော်ဖြေမှုတွေ ပါဝင်မှာဖြစ်ပါတယ်။

Ref: IINA

==============================
251 /End