၃၁ မတ် ၂၀၁၆ - ၁၈:၅၁
ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်အတိုင်ပင်ခံအဖြစ် ခန့်အပ်ရန် ဥပဒေကြမ်း လွှတ်တော်တင်မည်

ဒေါ်အောင်ဆန်း စုကြည်အား နိုင်ငံတော်အတိုင် ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်အပ်မည့် ဥပဒေကြမ်းတစ်ရပ်ကို ယနေ့ (မတ်လ ၃၁ ရက်)တွင် ကျင်းပမည့် အမျိုးသားလွှတ်တော်အစည်းအ ဝေးသို့ တင်သွင်းမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စား လှယ်များထံမှ သတင်းရရှိသည်။



ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်(ဓာတ်ပုံ-စိုင်းဇော်)



အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

 ဒေါ်အောင်ဆန်း စုကြည်အား နိုင်ငံတော်အတိုင် ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်အပ်မည့် ဥပဒေကြမ်းတစ်ရပ်ကို ယနေ့ (မတ်လ ၃၁ ရက်)တွင် ကျင်းပမည့် အမျိုးသားလွှတ်တော်အစည်းအ ဝေးသို့ တင်သွင်းမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စား လှယ်များထံမှ သတင်းရရှိသည်။

 အဆိုပါ ဥပဒေကြမ်းသည် ဒေါ်အောင်ဆန်းစုကြည်အတွက် သာ ရည်ရွယ်ရေးဆွဲထားခြင်း ဖြစ် ကာ ယင်းဥပဒေကြမ်းသည် လက်ရှိလွှတ်တော်သက်တမ်းအတွက် သာဖြစ်ကြောင်း  ဥပဒေကြမ်း၌ ထည့်သွင်းရေးဆွဲထားသည်။

မတ်လ ၃၁ ရက်တွင် ကျင်းပမည့် အမျိုးသားလွှတ်တော်အ စည်းအဝေး၌ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ် စားလှယ်၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦး အောင်ကြည်ညွန့်က အဆိုပါ ဥပဒေကြမ်းကို တင်သွင်းမည်ဖြစ် သည်။


 အဆိုပါ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးအောင်ကြည်ညွန့်က တင်သွင်းမည့်အကြောင်း မတ်လ ၃၁ ရက်တွင် ကျင်းပမည့် အမျိုးသား လွှတ်တော်လျာထားအစီအစဉ်၌ ပါရှိကြောင်း ရခိုင်အမျိုးသားပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ကပြောသည်။

 နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာဥပဒေဟု အမည် ပေးထားသော အဆိုပါဥပဒေတွင် အခန်းငါးခန်းပါဝင်ပြီး အခန်း(၃) တာဝန်ပေးအပ်ခြင်း ခေါင်းစဉ် အောက်တွင် ၂၀၁၅ ပါတီစုံဒီမိုက ရေစီ အထွေထွေရွေးကောက်ပွဲ တွင် ပြည်သူများ၏ယုံကြည်အား ကိုးမှုဖြင့် တစ်ခဲနက်ထောက်ခံမဲ ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်အား အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ပြည်ထောင်စုလွှတ်တော် က တာဝန်ပေးအပ်သည်ဟု ပါရှိ သည်။

အတိုင်ပင်ခံ ပုဂ္ဂိုလ်၏တာ ဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေ ဘဲ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားများအတွက် အကြံ ပြုချက်များပေးရမည်၊ အကြံပြု ချက်များ၊ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ် တော်သို့ တာဝန်ခံရမည်၊ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဤဥပဒေပါ ရည်ရွယ်ချက်များအောင်မြင်စေရန် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ် ဆောင်ရွက်နိုင်သည်ဟု ပါရှိ သည်။

ထို့ပြင် အတိုင်ပင်ခံပုဂ္ဂိုလ် သည် ရာထူးအလျောက်ရရှိသည့် လစဉ် ချီးမြှင့်ငွေ၊ စရိတ်၊ အ ဆောင်အယောင်နှင့် အခွင့်အရေး များ ခံစားခွင့်ရှိသည်။ အတိုင် ပင်ခံ ပုဂ္ဂိုလ်၏ချီးမြှင့်ငွေ၊ စရိတ် နှင့် အဆောင်အယောင်များအ တွက် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ၌ ခွဲဝေ သတ်မှတ်ထားရှိရမည်ဟုလည်း ဥပဒေကြမ်းတွင် ပါရှိသည်။

အတိုင်ပင်ခံပုဂ္ဂိုလ်၏ရာထူး သက်တမ်းသည် နိုင်ငံတော်သမ္မ တ၏ရာထူးသက်တမ်းအတိုင်း ဖြစ်ကာ ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်သက်တမ်းကာလ၌ တာဝန်ထမ်းဆောင်သည့် နိုင်ငံတော်သမ္မတ၏သက်တမ်းကာလအတွက်သာ ဖြစ်စေရမည်ဟု ထည့်သွင်းထားသည်။

 ဒေါ်အောင်ဆန်းစုကြည် အား အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်အပ်မည့် ဥပဒေကြမ်း၏ ရည် ရွယ်ချက်များတွင် ပါတီစုံဒီမို ရေစီထွန်းကားရေး၊ ဈေးကွက်စီး ပွားရေးစနစ်ပီပြင်ရေး၊ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်တည် ဆောက်ရေး၊ ပြည်ထောင်စုငြိမ်း ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့ ပါရှိသည်။

 ဒေါ်အောင်ဆန်းစုကြည် သည် ဖွဲ့စည်းပုံအခြေခံဥပဒေအ ရ သမ္မတဖြစ်ပိုင်ခွင့်မရရှိသော ကြောင့် သူ၏ပါတီသည် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း သူယုံကြည်စိတ်ချရသည့် ဦးထင် ကျော်ကိုသာ နိုင်ငံတော်သမ္မတ အဖြစ် တင်မြှောက်ခဲ့ရသည်။

 ဒေါ်အောင်ဆန်းစုကြည် သည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလကပင် သမ္မတ၏အထက်မှ နေမည်ဖြစ်ကြောင်း ပြောကြားထားသည်။

=================================
251 /End