၅ ဧပြီ ၂၀၁၆ - ၁၆:၅၆
"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသလေးခုမှ ဦးစီးဥက္ကဋ္ဌများ ကတိသစ္စာပြု "

ရှမ်းပြည်နယ်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသလေးခု ဥက္ကဌနှင့်အဖွဲ့ဝင်အမည်စာရင်းအား ယနေ့ ကျင်းပခဲ့သည့် ရှမ်းပြည်နယ်လွှတ်တော် ဒဿ မမြောက်နေ့တွင် ပြည်နယ် ၀န်ကြီးချုပ်က လွှတ်ေတာ်တွင် တင်ပြပေးခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ရှမ်းပြည်နယ်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသလေးခု ဥက္ကဌနှင့်အဖွဲ့ဝင်အမည်စာရင်းအား ယနေ့ ကျင်းပခဲ့သည့် ရှမ်းပြည်နယ်
လွှတ်တော် ဒဿ မမြောက်နေ့တွင် ပြည်နယ် ၀န်ကြီးချုပ်က လွှတ်ေတာ်တွင် တင်ပြပေးခဲ့သည်။
 
ရှမ်းပြည်နယ်ဝန်ကြီးချုပ်က လွှတ်တော်သို့တင်ပြခဲ့သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပလောဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှင့် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတို့ဖြစ်သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဒေသဦးစီးဥက္ကနှင့် အဖွဲ့ဝင် စုစုပေါင်း ငါးဦး၊ ပလောဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်
ဒေသဦးစီးဥက္ကဌနှင့် အဖွဲ့ဝင် သုံးဦး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဒေသဦးစီးဥက္ကဌ နှင့်အဖွဲ့ဝင် လေးဦး၊ ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတိုင်းတွင်
 ဒေသဦးစီးဥက္ကဌနှင့် အဖွဲ့ဝင် လေးဦး နှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဒေသဦးစီးဥက္ကဌနှင့်အဖွဲ့ဝင် လေးဦးတို့
ဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိုင်းဦးစီးအဖွဲ့ဝင်များ၏ အမည်များကို လွှတ်တော် က ကန့်ကွက်သူမရှိ အတည်ပြုပေးခဲ့သည့်အတွက်
လွှတ်တော်တွင် ဒေသဦးစီးဥက္ကဌများက ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

======================
251 / End