၁၁ ဧပြီ ၂၀၁၆ - ၁၉:၁၄
 ဆော်ဒီကျောင်းသူတစ်ဦး ကုလလူငယ်သံတမန်အဖြစ် ရွေးချယ်ခံရ

– “၂၀၃၀ ခုနှစ်မှာ ဒို့လိုချင်တဲ့ကမ္ဘာ” ဆောင်ပုဒ်နဲ့ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလူငယ်ညီလာခံမှာ အသက် ၁၈ နှစ်အရွယ် ဆော်ဒီကျောင်းသူ ရာဇန် အလ်-အကီးလ်ကို ကုသမဂ္ဂဆိုင်ရာ အာရပ်လူငယ် သံတမန်အဖြစ် ရွေးချယ်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ


– “၂၀၃၀ ခုနှစ်မှာ ဒို့လိုချင်တဲ့ကမ္ဘာ” ဆောင်ပုဒ်နဲ့ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလူငယ်ညီလာခံမှာ

အသက် ၁၈ နှစ်အရွယ် ဆော်ဒီကျောင်းသူ ရာဇန် အလ်-အကီးလ်ကို ကုသမဂ္ဂဆိုင်ရာ

အာရပ်လူငယ် သံတမန်အဖြစ် ရွေးချယ်ခဲ့ပါတယ်။

အလ်အကီးလ်ဟာ အမေရိကန်ပြည်ထောင်စု မြောက်ကာရိုလိုင်းနားပြည်နယ်ရဲ့ အပါလာချီယန်

တက္ကသိုလ်မှာ ပထမနှစ် နိုင်ငံရေးသိပ္ပံဘာသာရပ် သင်ကြားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

သူမက ဆော်ဒီအာရေဗျမှာ လူသားအကျိုးပြုလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ အလေးထားလုပ်ဆောင်ရေးအပြင်

ကမ္ဘာကြီးပူနွေးလာမှု၊ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာ အကျိုးဆက်တွေနဲ့ပက်သက်ပြီး ညီလာခံမှာ အလေးထားပြောသွားခဲ့ပါတယ်။

ကမ္ဘာ့လူငယ်တွေရဲ့ အဲဒီညီလာခံမှာ ကမ္ဘာတစ်ဝှမ်းက ပြဿနာပေါင်း ၁၅၀ ကျော်လောက်ကို ဆွေးနွေးခဲ့ကြပါတယ်။

သူမက လူမှုအသိပညာပေးလှုံ့ဆော်မှုတွေမှာ ဆော်ဒီ လူငယ်တွေက အာဏာပိုင်တွေနဲ့အတူ

ပူးပေါင်းဆောင်ရွက်တဲ့ အခန်းကဏ္ဍနဲ့ ပက်သက်လို့လည်း ဆွေးနွေးသွားခဲ့ပါတယ်။

ရာဇန်အလ်အကီးလ်ဟာ ကုလသမဂ္ဂလူငယ်ညီလာခံမှာ ပါဝင်တက်ရောက်ခဲ့တဲ့ ပထမဦးဆုံး

ဆော်ဒီနိုင်ငံသား၊ အာရပ်အမျိုးသမီးတစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ ဆော်ဒီနိုင်ငံမှာ နာရီပေါင်း

၂၅၀ ကျော် စေတနာ့ဝန်ထမ်းလုပ်ကိုင်ခဲ့ပြီး အမေရိကန်မှာ နာရီပေါင်း ၁၀၀ လုပ်ကိုင်ခဲ့သူဖြစ်တဲ့အလျောက်

အခုလို နိုင်ငံတကာ အခမ်းအနားမျိုးမှာ မိမိနိုင်ငံကိုယ်စားပြုနိုင်တဲ့အထိ အရည်အချင်းပြည့်မီခဲ့တာ ဖြစ်ပါတယ်။

သူမက “လူငယ်တွေဟာ ကမ္ဘာကြီးကို ကွဲပြားခြားနားမှုတွေ ဖန်တီပေးနိုင်မယ်လို့ ကျမယုံကြည်ပါတယ်။

လူငယ်ဆိုတာ မနက်ဖြန်ရဲ့ လူကြီးတွေပါပဲ၊ ဒါ့ကြောင့်မို့ နောက်ထပ်ဆယ်နှစ်အကြာမှာ သစ်လွင်တဲ့

ကမ္ဘာကြီးတစ်ခုကိုတွေ့မြင်ရဖို့ စောင့်မျှော်နေပါမယ်” လို့ပြောကြားခဲ့ပါတယ်။

အလ်အကီးလ်ဟာ အမေရိကန် မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ နှစ်နိုင်ငံ ကျောင်းသားဖလှယ်ရေး

အစီအစဉ်နဲ့ ပညာသင်ကြားနေသူ ဖြစ်ပါတယ်။ နိုင်ငံရေးသိပံ္ပဘွဲ့ရရှိထားပြီး တက္ကသိုလ်သံတမန်ရွေး

ချယ်ရေးအစီအစဉ်မှာ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီးနောက် လူငယ်ကဏ္ဍအတွက် ဆော်ဒီကိုယ်စားပြုသူအဖြစ်

ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

========================
251/End