အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
အီဂျစ်နိုင်ငံ ကိုင်ရို မြို့ရှိ အလ်အဇ်ဟ် သာသနာ့ တက္ကသိုလ် ၏ ဆရာတစ်ပါး ဖြစ်သူ ဒေါက်တာ (အဲဟ်မဒ် ကရီမေဟ် ) မှ အီဂျစ်နိုင်ငံ တွင်ရှိနေသည့် အစွန်းရောက် စလ်ဖီး ဂုဏ်း ဝင်များ ကို ဝေဖန် ပြစ်တင်မှု ပြုပြီး စလ်ဖီးယသ် နှင့် အေခ်ဝါနိုမွတ်စလေမီး အုပ်စု အစ္စလာမ် သာသနာတော် နာမည်ဖြင့် အစ္စလာမ်မီဆိုင်ရာ လှုပ်ရှား မှု များကို အပေါ်ယံ သာလုပ်နေတာ ဖြစ်ကြောင်း ၎င်း တို့အနေဖြင့် အတွင်းကျကျ လေးလေးနက်နက်တိကျ သည့် အမြင်မရှိ ကြောင်း ပြောကြားခဲ့ပါတယ်။
ဒေါက်တာ (အဲဟ်မဒ် ကရီမေဟ် ) အနေဖြင့် အီဂျစ်နိုင်ငံ (အလ်ရောင်းမ်မွတ်စ်စဗေအ် ) သတင်း ဌာန နှင့်အမေး အဖြေ ပြု ရင်း သာသနာကိစ္စ ရပ်များ တွင် အပေါ်ယံ အမြင် လောက်သာ ရှိကြသည့် စလ်ဖီး ဖြစ်စေ အေခ်ဝါနို မွတ်စလေမီး ဖြစ်စေ ၎င်းတို့ ကို အားပေးသူ များဖြစ်စေတို့သည် မိမိတို့၏ အချိန် အများ အပြား ကို အမျိုးသမီးများ နှင့်ပတ် သက်ပြီး ဖသ်ဝါ ထုတ်ရတွင် အလုပ်ရှုပ်နေကြောင်း ပြောကြားခဲ့ပါတယ်။
ဤသို့ ဖြစ်ရ ခြင်းမှာလည်း ၎င်းတို့ အနေဖြင့် အမြဲတစေ တပ်မက်မှု နှစ်ခု လိင်ပိုင်းဆိုင် ရာတပ်မက်မှု ၊ အစားအသောက် ပိုင်း ဆိုင်ရာ တပ်မက်မှု ကြောင့် ဖြစ်ပြီး ၎င်း တို့ အနေဖြင့် အစ္စလာမ် မီ ဆိုင်ရာ ကိစ္စ များတွင် လိင် ကိစ္စ ကိုသာ ဖတ်ထားလေ့ လာ ထားကြကြောင်း ဆက်လက် ပြောကြားခဲ့ပါတယ်။
၎င်းမှ ဆက်လက်ပြီး စလ်ဖီးယသ် နှင့် အေခ်ဝါနိုမွတ်စလေမီး အုပ်စု ကို အစ္စလာမ် သာသနာတော် အတွက် အန္တရာယ်ကြီး အဖြင့် သတ်မှတ်ပြီး ဒါအေရှ် (ခ) IS သည် စလ်ဖီးယသ် နှင့် အေခ်ဝါနို မွတ်စလေမီး တို့၏ အစွန်းရောက် ဝါဒ ၏ ရလာဒ်ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ် ။ ၎င်း မှ ဆက်လက်ပြီး စလ်ဖီးယသ် သည် အနာဂတ် တွင် ဒါအေရှ် (ခ) IS ထက်ပိုမို၍ ဆိုးရွားလာမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အလ်အဇ်ဟ် သာသနာ့ တက္ကသိုလ် ၏ ဆရာ အနေဖြင့် စလ်ဖီးဂိုဏ်း လှုပ်ရှားမှု ၏ ခေါင်းဆောင်များ ဖြစ်ကြသည့် အဗူမွဆ်အဗ် အဇ်ဇရ်ကာဝီး၊ အိုစာမာဗင်လာဒင် နှင့် IS နှင့်အလ်ကိုင်ဒါ ခေါင်းဆောင်တို့ကိုနမူနာပေး ပြောကြားပြီး အေခ်ဝါနိုမွတ်စလေမီး အုပ်စု မှာလည်း ဒါအေရှ် (ခ) IS ကို ပြုစု ပျိုးထောင် သွန်သင် လာကြောင်းပြောကြား ခဲ့ပါတယ်။ ဆက်လက်ပြီး စလ်ဖီးများ အနေဖြင့် ဆိုက်ယူနစ် (ခ) ဇီယွန် အစိုးရ ၊အစ္စရေး အစိုးရနှင့် ဆက်ဆံရေး အခိုင်အမာ ပြုလုပ်လိုက်ပြီး ၊၎င်းတို့၏ ခေါင်း ဆောင်များ သည် ရဟူဒီ ခေါင်းဆောင်များ နှင့် လျှို့ဝှက်တွေ့ဆုံ ဆွေးနွေး ကြကြောင်း အလေးနက် တိုက်တွန်းပြောကြားခဲ့ပါတယ်။