အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်မြို့တွင်ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များနှင့် အငှားယာဉ်များကို မြို့လယ်တစ်နေရာ၌ တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသောခရီးသည်တင်ယာဉ်လိုင်း သုံးရာကျော်ကို ငါးဆယ်သာ ထားရှိပြေးဆွဲရန် စီစဉ်နေ ကြောင်း မထသ(ဗဟို)မှ သတင်းရရှိသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းများသည် ခရီး သည်အင်အားနှင့် ယာဉ်အင်အားတို့ကို စနစ်တကျ တွက်ချက်ခြင်းမရှိဘဲ ခရီးစဉ် လမ်းကြောင်းများသာ ဖော်ထုတ်ပြေးဆွဲ နေခြင်းကြောင့် ခရီးသည်များ၌ အဆင် မပြေမှုများရှိသဖြင့် ပိုမိုစနစ်ကျစေရန် တိုင်းဒေသကြီးအဖွဲ့က ကြိုးပမ်းနေသည် ဟု မထသ(ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။
‘‘ယာဉ်လိုင်းတွေခရီးစဉ် လမ်းကြောင်းပြေးဆွဲမှု မမှန်ကန်တာကို စနစ်ကျတဲ့ ပြေး ဆွဲမှုတွေနဲ့ စီမံနေတယ်။ စီမံနေတဲ့လမ်း ကြောင်းတွေပေါ်မှာ အမည်ကွဲနေတဲ့ လိုင်း တွေ ပြေးဆွဲမယ့်အစား လိုင်း ငါးဆယ်လောက်ဆိုရင် ပို ကောင်းမလားဆိုတာ ၀န်ကြီးချုပ် က စဉ်းစားလိုက်တာပါ။ယာဉ်လိုင်း လမ်းကြောင်းတွေကိုစနစ်တကျစု ဖွဲ့ပြီးတော့ ယာဉ်လိုင်း ငါးဆယ်နဲ့ ပဲ ပြေးဆွဲမယ်ဆိုရင် အဆင်ပြေ တယ်လို့ ယူဆပြောတာပါ’’ ဟု ၎င်းကပြောသည်။
လက်ရှိပြေးဆွဲနေသည့် ခရီး သည်တင် ယာဉ်လိုင်းများကိုစိစစ် လျှော့ချမည်ဖြစ်ပြီး ကျန်ရှိသည့် ယာဉ်လိုင်းများကိုလည်း အသိပေး ကြေညာမည်ဖြစ်သည်။
အချို့ယာဉ်လိုင်းများကို အများပိုင် ကုမ္ပဏီအဖြစ်တည်ထောင်ပေးမည်ဖြစ်ပြီး အချို့ယာဉ်လိုင်းများကိုလည်း ပုဂ္ဂလိကယာဉ်လိုင်းများ အဖြစ် ဆောင်ရွက်ပေးမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ အကြံပေးပုဂ္ဂိုလ် ဒေါက်တာ မောင်အောင်ကပြော ကြားသည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်လိုင်းပေါင်း ၃၅၇ လိုင်းကို ဖျက်သိမ်းကာ ယာဉ်လိုင်းငါးဆယ် ဖြင့် ပြေးဆွဲရန်စီစဉ်ရာ၌ ယာဉ် လိုင်းများ လျော့နည်းသွားသော် လည်း ယာဉ်စီးရေများမှာ လျော့ နည်းမည်မဟုတ်သဖြင့် ခရီးသည် များ အခက်အခဲရှိမရှိနိုင်ဟု ဦးလှအောင်ကပြောသည်။
‘‘ခရီးသည်တင် ယာဉ်လိုင်း တွေ စနစ်တကျနဲ့ ကျစ်ကျစ်လျစ် လျစ်ရှိတာ ကောင်းပါတယ်။ အခု က ဖောင်းပွနေတဲ့ယာဉ်လိုင်းတွေ က အများကြီးရှိတယ်။ ဒါကို အစိုးရအဖွဲ့အနေနဲ့ မလိုအပ်တဲ့ လမ်းကြောင်းတွေကို ဖယ်ရှားပြီး ခရီးသည်တွေအတွက် တကယ် လိုအပ်တဲ့ လမ်းကြောင်းတွေမှာ ယာဉ်စီးရေ အလုံအလောက်ထည့်ပေးပြီး ဆောင်ရွက်ပေးဖို့ မျှော်လင့်တယ်’’ ဟု ကမာရွတ်မြို့နယ်နေ ဦးမြတ်ကိုဖြိုးကပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်း ၌ ယာဉ်လိုင်းပေါင်း ၃၅၇ လိုင်း ဖြင့် ခရီးသည်များကို သယ်ယူပို့ဆောင်ပေးလျက်ရှိပြီး ယင်း ယာဉ်လိုင်းများ ပြောင်းလဲပြေး ဆွဲ မှု စတင်မည့်အချိန်ကို အတိအကျ မသိရှိရသေးကြောင်း ဦးလှ အောင်ကပြောသည်။
မေလ ၂၀ ရက်တွင် ရန်ကုန် တိုင်းဝန်ကြီးချုပ်နှင့် မြို့တော်ဝန်၊ စီမံဝန်ကြီး၊ လမ်းပန်းဆက်သွယ် ရေးဝန်ကြီး၊ ရခိုင်တိုင်းရင်းသား ရေးရာ ၀န်ကြီးတို့ တွေ့ဆုံရာ၌ ရန်ကုန်မြို့တွင်း ခရီးသည်များ သယ်ယူပို့ဆောင်ရာတွင် ယာဉ် လိုင်း ၅၀ သာလိုအပ်ပြီး ခရီးသည် များအနေဖြင့် ထိုသို့ ပြောင်းလဲရာ တွင် လိုင်းကားများကို အချိန်ကြာ မြင့်စွာ စောင့်ဆိုင်းစီးနင်းရန်နှင့် ကျပ်တည်းစွာစီးနင်းရန်မလိုအပ် တော့ကြောင်း ရန်ကုန်တိုင်းဝန် ကြီးချုပ်က ဆွေးနွေးခဲ့ကြောင်း ဆောင်းပါးရှင် အရည်ကြိုက ၎င်း ၏ဆောင်းပါးတွင် ရေးသားဖော်ပြ ခဲ့သည်။
================================
251 /End