၂၉ မေ ၂၀၁၆ - ၁၉:၀၆
NCA လက်မှတ်မရေးထိုးရသေးသော အဖွဲ့များကို အစိုးရက နှစ်ဖွဲ့ခွဲ၍ တစ်ပတ်အတွင်း လိုက်လံတွေ့ဆုံမည်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးစာချုပ် (NCA) လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံ) အကြိုပြင်ဆင်ရေးကော်မတီက လာမည့် တစ်ပတ်အတွင်း သွားရောက်ညှိနှိုင်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ


တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးစာချုပ် (NCA) လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံ) အကြိုပြင်ဆင်ရေးကော်မတီက လာမည့် တစ်ပတ်အတွင်း သွားရောက်ညှိနှိုင်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အစိုးရ၏ စေ့စပ်ညှိနှိုင်းရေးတာဝန် ခံနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုဥက္ကဋ္ဌ (၂) ဒေါက်တာတင်မျိုးဝင်း ဦးဆောင်၍ အဖွဲ့ နှစ်ဖွဲ့ခွဲကာ ညှိနှိုင်းမှုများ ပြုလုပ်မည်ဖြစ် ကြောင်း အကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောသည်။

‘‘နှစ်ဖွဲ့ ခွဲသွားမှာဆိုတော့ ဘယ်နေရာလို့တော့ မပြောနိုင် သေးဘူး။ တွေ့ပြီးဆွေးနွေးပြီးရင် တော့ တိုးတက်မှုတွေရလာမယ် လို့ မြင်ပါတယ်’’ ဟု ဦးလှမောင် ရွှေက ဆိုသည်။

NCA လက်မှတ်မရေးထိုးရ သေးသည့် တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးခြင်းကို ဇွန်လအတွင်း အ ပြီးဆောင်ရွက်မည်ဖြစ်ကြောင်း  သတင်းရရှိသည်။

 ‘‘ရှေ့လုပ်ငန်းစဉ်ကတော့ Framework ကို ပြန်ပြင်ဖို့ရှိတယ်။ Framework ပြင်မှာကိုတော့ အခု လက်မှတ်မထိုးထားသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းတွေပါ ပါဝင်နိုင်ဖို့ဆိုပြီး နောက်တစ်လ၊ တစ်လခွဲလောက် အထိ ဒါကိုခဏရွှေ့ထားပြီးတော့ အခု ၂၁ ရာစု ပင်လုံညီလာခံပြင်ဆင်ရေးကော်မတီဘက်ကနေ လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့အားလုံးကို လိုက်တွေ့ဖို့ပြင်နေတယ်’’ ဟု  မေလ ၂၈ ရက်တွင် ပြုလုပ်ခဲ့သည့်  UPDJC အစည်းအဝေးအပြီး၌ ပင်လုံညီလာခံပြင်ဆင်ရေး ကော်မတီအတွင်းရေးမှူး  ဦးလှမောင်ရွှေက ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံကျင်းပ နိုင်ရေးနှင့် အပစ်အခတ်ရပ်စဲရေး တွင် ပါဝင်သင့်သည့် အဖွဲ့အား လုံးပါဝင်လာရေးကို တစ်ပြိုင်နက် ဆောင်ရွက်မည်ဟု ပြောကြား ထားသည်။

NCA ရေးထိုးထားခြင်းမရှိ သည့်အဖွဲ့များမှာ ‘ဝ’ပြည်သွေး စည်းညီညွတ်ရေးပါတီ၊ မိုင်းလား  အဖွဲ့ (NDAA)၊ ကေအိုင်အေ၊ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP)၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ၊ မွန်ပြည် သစ်ပါတီတို့ဖြစ်သည်။

ထို့အပြင် တအာင်း (TNLA)၊AA၊ ကိုးကန့် (MNDAA) သုံးဖွဲ့ သည် NCA တွင် ပါဝင်ခြင်း မရှိ သကဲ့သို့ တပ်မတော်ကလည်း အဆိုပါသုံးဖွဲ့ကို အသိအမှတ်ပြု ခြင်းမရှိဘဲ လက်နက်စွန့်လွှတ်ရ မည်ဖြစ်ကြောင်း အတိအလင်း ပြောကြားထားသည်။

ထို့အပြင် လက်နက်ကိုင် တပ်ဖွဲ့မရှိသည့် လားဟူ (LDU)၊ ‘ဝ’ အမျိုးသားအဖွဲ့ချုပ် (WNO) နှင့် ရခိုင်အမျိုးသားကောင်စီ (ANC)မှာလည်း NCA တွင် ပါဝင် ခြင်းမရှိပေ။


===============
251/End