အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မိုးပွင့်စီမံချက်ပြီးစီးပြီဖြစ်သော်လည်း နိုင်ငံသားစိစစ်ရေးကတ်များကို ပုံမှန်ထုတ်ပေးလျက်ရှိသည်ဟုဆို၏\ ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
မိုးပွင့်စီမံချက်များ ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ရာ တစ်နိုင်ငံလုံးအတိုင်းအတာ အရ ၂၀၁၅ နှစ်ကုန်အထိ နိုင်ငံ သားစိစစ်ရေးကတ်ပြားစုစုပေါင်း ၇,၄၈၄,၈၆၉ ဦးအား ထုတ်ပေးခဲ့ ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီး ဦးသိန်းဆွေက လွှတ် တော်သို့ ဖြေကြားသည်။
မေလ ၃၀ ရက်တွင် ပြုလုပ် သည့် ပြည်သူ့လွှတ်တော်၌ ဘား အံမဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်း လွင်က နိုင်ငံသားစိစစ်ရေးကတ် ပြားနှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်ရာတွင် မိုးပွင့်စီမံချက်များ အတိုင်း သက်သာသော စရိတ် နှုန်းထားဖြင့် နိုင်ငံသားတိုင်းအ ပေါ် တစ်ပြေးညီ ဆောင်ရွက်ပေး ရေးမေးမြန်းမှုကို ပြည်ထောင်စု ဝန်ကြီးက အထက်ပါအတိုင်း ဖြေ ကြားခြင်းဖြစ်သည်။
ဝန်ကြီးဌာနအနေဖြင့် မိုးပွင့် စီမံချက်များ ပြီးစီးသော်လည်း နိုင်ငံသားမှတ်ပုံတင်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်မှုများ ဆက် လက် ဆောင်ရွက်ပေးလျက် ရှိကြောင်း ဖြေကြားသည်။ ထို့ပြင် အိမ်ထောင်စု လူဦးရေစာရင်း စုစုပေါင်း တစ်သန်းကျော် (၁,၂၉၅,၀၉၀)ကိုလည်း ထုတ် ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မိုးပွင့်စီမံချက်များနှင့် ကွင်း ဆင်းဆောင်ရွက်ပေးသည့်နေ ရာတွင် ကရင်ပြည်နယ်အတွင်း ၂၀၁၅ ဒီဇင်ဘာ ၃၁ ရက်အထိ အိမ်ထောင်စု ၂၅,၆၄၃ စု၊ နိုင်ငံ သားစိစစ်ရေးကတ်ပြားပေါင်း ၃၂၉,၂၀၀ ဦးဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း ဝန်ကြီးက ဖြေ ကြားခဲ့သည်။
ဆက်လက်ပြီး One Stop Service ဖြင့် ပြည်သူများအား ဘား အံမြို့နယ်တွင် အိမ်ထောင်စုစာ ရင်းများပြုလုပ်ခြင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ် ပေးခြင်းများကို အခမဲ့ ဆက်လက် ဆောင်ရွက်ပေးမည် ဖြစ်ပါ ကြောင်း ဝန်ကြီးက ရှင်းလင်း ဖြေကြားသည်။
===========================
251/End