၃ ဇွန် ၂၀၁၆ - ၁၂:၃၆
ကျောက်မျက်ရန်ပုံငွေအရှုပ်တော်ပုံ တိုင်ကြားခံရသူများနှင့် တိုင်ကြားသူများ အပြိုင်ရှင်းလင်း

ကျောက်မျက်ဗဟိုပြပွဲ ကော်မတီရန်ပုံငွေမှ ယူရိုငွေ သန်း ၉၀ ကျော် ငွေကြေးအလွဲသုံးစား ပြုလုပ်သည်ဆိုကာ တိုင်ကြားသူ နှင့် တိုင်ကြားခံရသူများက တစ် ရက်တည်းမှာပင် ရန်ကုန်နှင့် နေ ပြည်တော်တို့၌ သတင်းစာရှင်း လင်းပွဲများ ပြုလုပ်ခဲ့ပြီး စစ်ဆေး နေသည့် ခုံရုံးအဖွဲ့က နောက်ဆုံး အပြီးသတ်ရလဒ်ကို ယခုရက်ပိုင်း အတွင်း ထုတ်ပြန်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) ( အလိုင်ဟေမွတ်စ်စလာမ် ) သတင်းဌာန ၊ အဗ်နာ

တိုင်ကြားခံရသူများဘက်မှ ဆောက်လုပ်ရေးဒုဝန်ကြီးဟောင်းဦးစိုးတင့် ရှင်းလင်းနေစဉ် (ဓာတ်ပုံ − ပိုင်စိုးသူ)



ကျောက်မျက်ဗဟိုပြပွဲ ကော်မတီရန်ပုံငွေမှ ယူရိုငွေ သန်း ၉၀ ကျော် ငွေကြေးအလွဲသုံးစား ပြုလုပ်သည်ဆိုကာ တိုင်ကြားသူ နှင့် တိုင်ကြားခံရသူများက တစ် ရက်တည်းမှာပင် ရန်ကုန်နှင့် နေ ပြည်တော်တို့၌ သတင်းစာရှင်း လင်းပွဲများ ပြုလုပ်ခဲ့ပြီး စစ်ဆေး နေသည့် ခုံရုံးအဖွဲ့က နောက်ဆုံး အပြီးသတ်ရလဒ်ကို ယခုရက်ပိုင်း အတွင်း ထုတ်ပြန်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

တိုင်ကြားခံရသူများဘက်မှ ယခင်အစိုးရလက်ထက် သတ္တု တွင်းဝန်ကြီးဟောင်း ဒေါက်တာ မြင့်အောင်နှင့် ဆောက်လုပ်ရေး ဒုဝန်ကြီး ဦးစိုးတင့်တို့က ဦးဆောင်ရှင်းလင်းခဲ့ပြီး လေ့လာသူအဖြစ် သမ္မတဦးသိန်းစိန်၏ ပြောရေးဆို ခွင့်ရှိသူအဖြစ် ဆောင်ရွက်ခဲ့သူ ဦးရဲထွဋ် တက်ရောက်ကာ နေ ပြည်တော်တွင် သတင်းစာရှင်း လင်းပွဲပြုလုပ်ခဲ့သည်။ တိုင်ကြားသူများဘက်ကလည်း ဇွန်လ ၂ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ၌ ကျောက် မျက်ရတနာလုပ်ငန်းရှင်များအ သင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ကျော်ဦး ဦးဆောင်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်သည်။

ကျောက်မျက်အသင်း ဒုဥက္ကဋ္ဌအပါအဝင် စုစုပေါင်း ၈၇ ဦးက လက်မှတ်ရေးထိုးပြီး ယူရိုငွေသန်း  ၉၀ ကျော်ကို ခေါင်းစဉ်အမျိုးမျိုးတပ်၍ အသင်းချုပ်မှ တာဝန်ရှိသူများနှင့် အစိုးရ (ဟောင်း)တာဝန်ရှိသူများ ပူးပေါင်းကာအဂတိလိုက်စားခြင်းဖြစ်သည်ဟု တိုင်ကြားထားခြင်းအပေါ် အပြန် အလှန် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

တိုင်ကြားသူများဘက်မှ ဦးကျော်ကျော်ဦးက ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)


‘‘ခုံရုံးက ဒီနေ့ (ဇွန်လ ၂ ရက်)မှာ စစ်ဆေးမှုပြီးပြီဖြစ်တဲ့အတွက် ရလဒ်ကို တစ်ပတ် (ဒါမှမဟုတ်) ၁၀ ရက်အတွင်းမှာ ထုတ်ပြန်ပေး မယ်လို့ ခုံရုံးဥက္ကဋ္ဌက ပြောပါ တယ်’’ ဟု ဦးကျော်ကျော်ဦးကပြောသည်။

ခုံရုံးဖွဲ့စစ်ဆေးခြင်းကို မေလ ၂၃ ရက်မှစကာ ကိုးရက်အတွင်းတိုင်ကြားသူနှင့် တိုင်ကြားခံရသူ များကို ခေါ်ယူစစ်ဆေးပြီး ရလဒ် ကို ရက်ပိုင်းအတွင်း ခုံရုံးအဖွဲ့က ထုတ်ပြန်မည်ဖြစ်သည်။

သို့သော် ခုံရုံးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ ဦးဆောင်ပြီး စစ်ဆေးနေခြင်းအပေါ် ယုံကြည်မှုမရှိဘဲ ရလဒ်ကို စောင့်ဆိုင်းနေခြင်းသာဖြစ်ကြောင်း ဦးကျော်ကျော်ဦးက ဆို သည်။

‘‘ကျွန်တော်တို့လိုချင်တာက ဒီငွေတွေကို ထုတ်ပြီးတော့ ဘယ် လုပ်ငန်းမှာ ဘယ်လောက်သုံး တယ်ဆိုတာ လိုချင်တာမဟုတ် ဘူး။ လိုချင်တာက ဒီငွေဒီလောက် ထုတ်တာ ဥပဒေအရ၊ စည်းမျဉ်း စည်းကမ်းအရ မှန်ရဲ့လား၊ မှန် တယ်ဆိုရင်လည်း ဘယ်လုပ်ငန်း မှာ ဘယ်လောက်ပမာဏသုံး လိုက်တယ်ဆိုတာကို အသေးစိတ် လိုချင်တာ’’ဟု ၎င်းက ဆိုသည်။

‘‘ကျွန်တော်တို့က ဒီကိစ္စတွေ ကို အရင်အစိုးရလက်ထက်တုန်း က မပြောရဲခဲ့လို့ အခုလိုအစိုးရ သစ်လက်ထက်မှာ ထုတ်ပြောရ တာပါ။ အမှန်တရားကို မြတ်နိုး တဲ့ အစိုးရသစ် လက်ထက်မှာ ဒီကိစ္စကို ဖော်ထုတ်စေချင်တာ ပါ’’ ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အလွဲသုံးစားပြုလုပ်သည်ဟု အချက် ၁၂ ချက်ဖြင့် တိုင်ကြားခံရသူများဘက်မှ ဒေါက်တာမြင့်အောင်ကလည်း အချက်အလက်နှင့်တကွ ပြန်လည်ရှင်းလင်း ခဲ့သည်။ ရှင်းလင်းချက်တွင် ပြပွဲရန်ပုံငွေ ဗဟိုကော်မတီကိစ္စ၊ ဖားကန့်နှင့် မိုးကုတ်ဒေသဖွံ့ဖြိုး ရေး ရန်ပုံငွေကိစ္စ၊ ဖားကန့်-မြစ် ကြီးနား လမ်းဖောက်လုပ်သည့် ကိစ္စများနှင့် အခြားငွေကြေးသုံးစွဲ မှုများကို အသေးစိတ် ပြန်လည် ရှင်းပြခဲ့သည်။

‘‘တိတိကျကျစာရင်းတွေက တော့ ရုံးမှာရှိတယ်။ ကျွန်တော် ဝန်ကြီး မဟုတ်တော့ဘူးလေ။ စာရွက် စာတမ်းတွေ အားလုံးရှိ တယ်။ သူတို့လိုတဲ့ ဒေတာတွေ အားလုံးပေးနိုင်ပါတယ်’’ဟု ပြည် ထောင်စုဝန်ကြီးဟောင်း ဒေါက် တာမြင့်အောင်က သတင်းစာရှင်း လင်းပွဲ၌ ပြောသည်။

ကျောက်မျက်အသင်းက လှူဒါန်းသည့်ငွေကို အနုပညာဗဟိုဌာန တည်ဆောက်ရန် သမ္မတဟောင်း ဦးသိန်းစိန် ကိုယ်တိုင်လက်ခံခြင်း၊ သုံးစွဲခြင်းမရှိဘဲကော်မတီမှတစ်ဆင့် ဖွဲ့စည်းဆောင်ရွက်ခြင်းသာဖြစ်ကြောင်း သမ္မတဟောင်း၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

‘‘အခုတိုင်ကြားတာကို စဉ်း စားဖို့လိုတယ်။ အုပ်ချုပ်မှုအာ ဏာအရ လုပ်ပိုင်ခွင့်ရှိတဲ့ နိုင်ငံ တော်သမ္မတဦးထင်ကျော်ကို တိုင် တာလည်း မဟုတ်၊ လွှတ်တော် က ဖွဲ့စည်းထားတဲ့ သတ္တုနဲ့ဆိုင် တဲ့ ကော်မတီကို တိုင်တာလည်း မဟုတ်၊ ပြည်ခိုင်ဖြိုးက အထုတ်ခံ ရတဲ့သူတွေ အတော်များများ ပါဝင်တဲ့ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံး သပ်ရေးကော်မရှင်ကို တိုင်ထား တာဆိုတော့ ဒီကိစ္စထက်ပိုပြီး နိုင်ငံရေးကိစ္စတွေ ဖြစ်လာမလား ဆိုတဲ့အကြောင်းတွေရှိလာမလား ဆိုတာ စဉ်းစားဖို့လိုတယ်’’ ဟု ဦးရဲ ထွဋ်က သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။