၉ ဇွန် ၂၀၁၆ - ၁၇:၃၉
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုးကာရန် ယခုဘဏ္ဍာနှစ်တွင် ကျပ်ငါးဘီလီယံကျော် ဘတ်ဂျက်လျာထားပြီး ဆက်လက်ကာရံမည်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံခြင်းအ တွက် ယခုဘဏ္ဍာနှစ်တွင် အသုံး စရိတ်ကျပ်ငွေ ငါးဘီလီယံကျော် အသုံးပြုရန်လျာထားပြီး နယ်စပ် ခြံစည်းရိုးကို ဆက်လက် ကာရံ မည်ဖြစ်ကြောင်း အစိုးရက သ တင်းထုတ်ပြန်သည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်ခြံစည်းရိုးကာရံမှုလုပ်ငန်း ရပ် ဆိုင်းထားသည်ဟူသော သတင်း ကြောင့် ဝေဖန်မှုများထွက်ပေါ်နေ ချိန်တွင် နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော် ဌေးက ပြည်ထဲရေးဝန်ကြီးဌာန၏ ရှင်းလင်းချက်ကို ကိုးကား၍ ဇွန်လ ၈ ရက်၌ သတင်းထုတ်ပြန်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံခြင်းအ တွက် ယခုဘဏ္ဍာနှစ်တွင် အသုံး စရိတ်ကျပ်ငွေ ငါးဘီလီယံကျော် အသုံးပြုရန်လျာထားပြီး နယ်စပ် ခြံစည်းရိုးကို ဆက်လက် ကာရံ မည်ဖြစ်ကြောင်း အစိုးရက သ တင်းထုတ်ပြန်သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်ခြံစည်းရိုးကာရံမှုလုပ်ငန်း ရပ် ဆိုင်းထားသည်ဟူသော သတင်း ကြောင့် ဝေဖန်မှုများထွက်ပေါ်နေ ချိန်တွင် နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော် ဌေးက ပြည်ထဲရေးဝန်ကြီးဌာန၏ ရှင်းလင်းချက်ကို ကိုးကား၍ ဇွန်လ ၈ ရက်၌ သတင်းထုတ်ပြန်သည်။

ဇွန်လ ၂ ရက်ထုတ် 7Day Daily သတင်းစာတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုး ကာရံမှု ဘတ်ဂျက် မရှိ၍ ယခု ဘဏ္ဍာနှစ်၌ ကာရံမှုလုပ်ငန်းများ ရပ်နားထားရသည်ဟု တပ်မတော်အင်ဂျင်နီယာတစ်ဦးအား ကိုးကား၍ သတင်းရေးသားဖော်ပြခဲ့သည်။ အဆိုပါတပ်မတော်အင်ဂျင်နီယာ က ခြံစည်းရိုးဆက်ကာရန် ဘတ် ဂျက် မရှိတော့ဘဲ ကာရံထား သော ခြံစည်းရိုးပြုပြင်ထိန်းသိမ်း ခြင်း လုပ်ငန်းများကိုသာ ဆက် လက်လုပ်ကိုင်မည်ဟု ပြောကြား ခဲ့ခြင်းဖြစ်သည်။  


သို့သော် ဦးဇော်ဌေးက ဦး သိန်းစိန်အစိုးရလက်ထက် ပထမ အကြိမ် လွှတ်တော်တွင် အတည် ပြုပေးခဲ့သည့် ၂၀၁၆-၁၇ ဘဏ္ဍာ နှစ်အတွက် မူလဘတ်ဂျက်လျာ ထားချက်အရ နယ်စပ်ခြံစည်းရိုး ကာရန် ကျပ် ၅,၅၄၄ သန်းကျော် (၅ ဒသမ ၅ ဘီလီယံ)ကျော်ကို ခွဲဝေလျာထားခဲ့သကဲ့သို့ ယခု လွှတ်တော်ကလည်း ဖြတ်တောက်ခြင်းမရှိဘဲ ခွင့်ပြုခဲ့ကြောင်း ရှင်းလင်းခဲ့သည်။ ထို့ကြောင့် နယ်စပ်ခြံစည်းရိုးလုပ် ဆောင်ခြင်းကို ဆက်လက်ဆောင် ရွက်မည်ဟု ပြောသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ် နိုင်ငံ နယ်စပ်ကုန်းတွင်းပိုင်းထိစပ် နေသော ၁၆၄ မိုင်ကျော်ရှိသည့် နယ်စပ်တစ်လျှောက်တွင် သွပ်ဆူးကြိုးကာရံခြင်းကို ၂၀၀၉ မှ စတင် ခဲ့သည်။ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အထိ အဆင့်ဆင့်တက်ဆောင်ရွက်ခဲ့ပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်၌ မူလဘတ်ဂျက်လျာထားချက်နှင့် ဖြည့်စွက်ဘတ်ဂျက်တို့တွင် မပါဝင်ခဲ့ပေ။ သို့သော် ၂၀၁၆-၁၇ဘတ်ဂျက်၏မူလ ဘတ်ဂျက်မှာပင် ခြံစည်းရိုးကာရံရန် ပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

‘‘အဓိကဘတ်ဂျက်က ပြည် ထဲရေးမှာရှိတာ။ အဲဒီကမှ ထောက်(စစ်ထောက်ချုပ်ရုံး)ကို လွှဲ၊ ထောက်ကမှ ရခိုင် GE ကို ပြန်ချပေးတာ။ ထောက်က သေချာမသိဘူးထင်တယ်။ ဘတ်ဂျက် သဘောကလေ ပထမ (၂၀၁၅-၁၆ဘဏ္ဍာနှစ်) RE(ဖြည့်စွက်ဘတ်ဂျက်)မှာ တောင်းတယ်။ မနှစ်က ဘတ်ဂျက် နှစ်လယ်လောက်မှာ တောင်းတယ်။ တောင်းတဲ့ဟာကို အရင် လက်ထက်က နောက်နှစ်ဘတ်ဂျက် BE (မူလ ဘတ်ဂျက်လျာထားချက်)။ လွှတ်တော်မှာ အတည်ပြုတဲ့ဟာ။ အဲဒီမှာပဲ ထည့်လိုက်တော့ဆို လုပ်လိုက်တာ။ထည့်ထားတဲ့ အပေါ်မှာလည်း ဖြတ်တောက်ခြင်း မရှိဘူးပေါ့နော်။ အောက်ခြေမှာရှိတဲ့ GE တပ်ကို သွားမေးလိုက်တဲ့အခါကျတော့ သူတို့ကိုယ်တိုင်လည်း ဘတ်ဂျက်တွေအပေါ်မှာ ဘယ်လိုဘယ်လိုတွေဖြစ်နေတယ်ဆိုတာ သူတို့လည်း သိချင်မှ သိမယ်။ မသိတော့အဲဒီလို လွဲမှားပြီး ပြောလိုက်တာဖြစ်လိမ့်မယ်’’ဟု ဦးဇော်ဌေးက ပြောသည်။

သို့သော် နယ်စပ်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများသည် ဧပြီမှစ၍ ယခုအချိန်အထိ ဆောင်ရွက် ခြင်းမရှိဘဲ ရပ်နားထားခြင်းကို တွေ့ရကြောင်း ရခိုင်ပြည်နယ်မှ ဒေသခံများက ပြောသည်။

‘‘ခြံစည်းရိုးကတော့ လုပ်ငန်း စတင်ခဲ့တဲ့ မကျည်းချောင်းကနေ အပေါ်ပိုင်း အိန္ဒိယနယ်စပ်အထိ ရောက်သွားပြီလို့ သိပါတယ်။ မကျည်းချောင်းကနေ အောက် ဘက် အငူမော်အထိ ခြံစည်းရိုးကာတာတော့ မတွေ့သေးပါဘူး’’ ဟု ဦးအောင်ကျော်ညွန့်က ဆိုသည်။

နယ်စပ်ခြံစည်းရိုးကာရံခြင်း သည် ၁၃၀ မိုင်ခန့် ပြီးနေပြီဖြစ်ပြီး မိုင် ၄၀ ခန့်ကျန်ရှိနေသေးကြောင်း သတင်းရရှိသည်။ ထို့ကြောင့်ယခုနှစ်လျာထားဘတ်ဂျက်တွင် ကျန်ရှိနေသေးသည့် တုံးချောင်းဝမှအငူ မော်ကျေးရွာအထိ ခြံစည်းရိုးကာရံရန် ကျပ် လေးဘီလီယံ ကျော်လျာထားသည်ကို ပြည်ထဲ ရေးဝန်ကြီးဌာန၏ ရှင်းလင်းချက် တွင် တွေ့ရသည်။

===================
251 / End