အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မောင်တောခရိုင် တွင် ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ ကို ဆက်လက်ထုတ်ပြန် လိုက်ကြောင်း သတင်းရရှိသည်။
‘‘ပုဒ်မ ၁၄၄ ဆက်ထုတ်တဲ့ စာတွေကို ဒီနေ့ (ဇွန်လ ၈ ရက်) မှာ ရပါတယ်။ ကျွန်တော်တို့ကျေး ရွာတွေမှာလည်း အများပြည်သူ သိအောင် ကြေညာပေးထားပါ တယ်။ ပုဒ်မ ၁၄၄ က မောင်တော မြို့အတွက် လိုအပ်ပါတယ်။ အခု တောင် လူသတ်မှုတွေက မကြာ ခဏဖြစ်နေတာပါ။ ပုဒ်မ ၁၄၄ ထုတ်ထားပေမယ့် ဒေသခံတွေအ တွက် တစ်စုံတစ်ရာ ထိခိုက်မှုမရှိ ပါဘူး’’ဟု မောင်တောမြို့နယ် ရွက်ညိုတောင်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညီညီက ပြော သည်။
မောင်တောနယ်စပ်ဒေသ၌ လူမျိုးရေး၊ ဘာသာရေးပြဿနာ များဖြစ်ပွားခဲ့သည်မှာ ၂၀၁၆ ဇွန် လ ၈ ရက်တွင် လေးနှစ်တိတိ ပြည့်မြောက်ခဲ့ပြီဖြစ်သော်လည်း ဒေသ တွင်း ရာဇဝတ်မှုများ မကြာခဏ ဖြစ်ပေါ်နေသေးကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။
ပုဒ်မ ၁၄၄ ဆက်လက်ထုတ် ပြန်လိုက်သဖြင့် ည ၁၁ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအချိန်အဖြစ် ဆက်လက် သတ်မှတ်ထားပြီး အဆိုပါအချိန် ကန့်သတ်ချက်ကြောင့် လူအများစုအတွက် ထိခိုက်မှုတစ်စုံတစ်ရာ မရှိကြောင်း ဒေသခံအများစုက ပြောသည်။
ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်း ကြေညာစာများကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဖြန့်ဝေထား ကြောင်း သတင်းရရှိသည်။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အမိန့်မှာ နှစ်လသက်တမ်းဖြစ်ပြီး နှစ်လပြည့်မြောက်သည့်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး (သို့မ ဟုတ်)ခရိုင်အုပ်ချုပ်ရေးမှူးက လုံခြုံရေးအခြေအနေအပေါ် မူတည် ကာ ဆက်လက် ထုတ်ပြန်ပေးရ ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၂ ဇွန်လ ၈ ရက်က မောင်တောမြို့နယ်တွင် လူမျိုးရေး၊ ဘာသာရေးပြဿနာများကြောင့် မြို့ ပေါ်ရပ်ကွက် နှစ်ရပ်ကွက်နှင့် ကျေးရွာ ၁၀ ရွာ မီးရှို့ဖျက်ဆီးခံခဲ့ ရပြီး လူသောင်းချီ အိုးမဲ့အိမ်မဲ့ဖြစ် ပွားခဲ့သည်။ ထို့ကြောင့် လူငါးဦး ထက်ပို၍ မစုဝေးရသည့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့ပြီး စတင်ထုတ်ပြန်စဉ်က အချိန်သတ်မှတ်ချက် မှာ နံနက် ၆ နာရီမှ ညနေ ၆ နာရီထိဖြစ်ကာ နောက်ပိုင်းတွင် အချိန် သတ်မှတ်ချက်ကို တဖြည်းဖြည်း လျှော့ချခဲ့ခြင်းဖြစ်သည်။
====================================
251 / End