အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များအား အစိုးရဘက်မှ စေ့စပ်ညှိနှိုင်းရေးတာဝန်ခံ ဒေါက်တာတင်မျိုးဝင်းက ဇွန်လ ၁၂ ရက်တွင် ဖိတ်ကြားထားကြောင်း သတင်းရရှိသည်။
ဇွန်လဆန်းက ချင်းမိုင်မြို့ တွင် ဒေါက်တာတင်မျိုးဝင်း ခေါင်းဆောင်သော အစိုးရကိုယ် စားလှယ်အဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ (UNFC) မှ နိုင်ငံ ရေးဆွေးနွေးမှု ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံစဉ်ကလည်း ဒေါ် အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ နိုင်ရန် ဆွေးနွေးခဲ့သည်။ ထို့ နောက်ဇွန်လ ၁၂ ရက်ကရန်ကုန် မြို့တွင်ပြုလုပ်ခဲ့သည့် ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု) ပင်လုံအကြို ပြင်ဆင် ရေးကော်မတီ ဆပ်ကော်မတီ (၂)အစည်းအဝေး၌ စာဖြင့်အ ကြောင်းကြား ထပ်မံ ဖိတ်ကြားခဲ့ ခြင်းဖြစ်ကြောင်း ကိုယ်စားလှယ် များကဆိုသည်။
‘‘ချင်းမိုင်သွားတဲ့အချိန်တုန်း က ဖိတ်ခဲ့တာရှိတယ်။ UNFC ဥက္ကဋ္ဌဦးဆောင်ပြီး လာတွေ့နိုင် ဖို့ကို ဆွေးနွေးတာရှိတယ်။နောက် ပြီး အလုပ်အဖွဲ့အနေနဲ့ လာဆွေး နွေးဖို့ ဖိတ်ခဲ့တာရှိတယ်။ အဲဒီ နှစ် ခုအပေါ်မှာ ဒေါက်တာတင်မျိုး ၀င်းအနေနဲ့ စာနဲ့ နောက်တစ်ကြိမ် အစိုးရဘက်က ထပ်ဖိတ်တဲ့ သ ဘောပါ။ ရက်တွေ ဘာတွေက တော့ သူတို့ဘက်က တုံ့ပြန်မှ သိ မယ်။ မူအားဖြင့်တော့ အလုပ်အ ဖွဲ့လာမယ်။ ပြီးရင်ခေါင်းဆောင် ပိုင်းပေါ့’’ဟု ပင်လုံအကြိုပြင်ဆင် ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေကပြောသည်။
x
ပင်လုံဆပ်ကော်မတီ (၂)အ စည်းအဝေးကို ဇူလိုင်လဆန်းတွင် ထပ်မံပြုလုပ်မည်ဖြစ်ပြီး နိုင်ငံရေး မူဘောင်များ ပြန်လည်သုံးသပ်ရန် NCA မရေးထိုးရသေးသည့်အဖွဲ့ များအား ဖိတ်ကြားထားကြောင်း သတင်းရရှိသည်။
‘‘၂၁ ရာစုပင်လုံညီလာခံဖြစ် လာဖို့က NCA အပေါ် အခြေခံပြီး ဖြစ်လာတဲ့ နိုင်ငံရေးဆွေးနွေးမှု မူ ဘောင်တွေအရ ၂၁ ရာစုပင်လုံ ကျင်းပမယ်ဆိုတာ ဖြစ်လာတယ် ပေါ့။ အခု မူဘောင်ကို ပြန်သုံး သပ်မယ်ဆိုပြီး အဲဒီအခင်းအ ကျင်းမှာ ပါဝင်ဖို့ ဖိတ်တဲ့အနေအ ထားပေါ့။ ကျွန်တော်တို့က မူ ဘောင်ပြန်သုံးသပ်တာကို ကြည့် တာပေါ့။ ဒီနိုင်ငံရေးမူဘောင် ဘယ်ကလာလဲဆိုရင် NCA ဖြစ် လာတာဆိုတော့ အဲဒီမူဘောင်က ဘယ်မှာတာဝန်ခံလဲဆိုရင် UPD JC လို့ခေါ်တဲ့ ပြည်ထောင်စုငြိမ်း ချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မ တီမှာ သွားပြီးမှ တာဝန်ခံတယ်။ အဆုံးအဖြတ်က UPDJC မှာရှိ တာပေါ့။ အဲသဘောရှိတယ်။ မူ ဘောင်ကို ပြန်သုံးသပ်တာဖြစ်ဖြစ် ပြန်ပြင်တာပဲဖြစ်ဖြစ် အဆုံးအ ဖြတ်က UPDJC မှာရှိတယ်။ UPDJC မှာ ပါဝင်ဖို့က NCA လက်မှတ် ထိုးမှ ရမယ်။ မထိုးတဲ့အဖွဲ့တွေ အနေနဲ့ မူဘောင်သုံးသပ်တာမှာ ကြားဝင်ပါရမယ်ဆိုရင် ကျွန်တော်မရှင်းတာက UPDJC က ဆုံးဖြတ် မှာဖြစ်တဲ့အတွက် ကျွန်တော်တို့ က UPDJC မှာ မရှိဘူးဆိုရင် ကျွန်တော်တို့ သုံးသပ်သမျှ UPDJC က ဆုံးဖြတ်သွားရင် ဘာထူးမလဲ ပေါ့။ UPDJC မှာ ပါဖို့ဆိုရင် NCAလက်မှတ်ထိုးရမယ်။ NCA ထိုးဖို့ ဆိုရင် ဘာက စကားပြောမလဲဆို ရင် အားလုံးပါဝင်ရေးပေါ့။ အား လုံးပါဝင်ရေးကို လက်ခံပြီလား။ ဒါက အဓိကအခြေခံအကြောင်း အရာဖြစ်လာတယ်’’ဟု ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီတွဲဖက်အထွေထွေအတွင်းရေးမှူး(၁) က ပြောသည်။ အားလုံးပါဝင်ရေးအပါအ ဝင် မရှင်းလင်းသည်များကို အစိုးရအား မေးမြန်းထားပြီး UNFC နိုင်ငံရေးဆွေးနွေးမှု ကိုယ်စားလှယ်အဖွဲ့နှင့် အစိုးရညှိနှိုင်းမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ၎င်းကပြောသည်။
===================
251 / End