အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစ္စလာမ့်ဥပဒေဆိုင်ရာ ဓလေ့ထုံးတမ်းများနှင့် လမ်းညွှန်ချက်များအရ လူတစ်ဦးအနေဖြင့် နေ့စဉ်စားသောက်နေထိုင်ရာတွင် သတိပြုဆင်ခြင်သင့်သော မနှစ်မြို့ဖွယ် (မလုပ်သင့်သည့်) အပြုအမူများနှင့် ပတ်သက်၍ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ ၏ လမ်းညွှန်ချက် (မတ်စ်အလဟ် အမှတ် - ၂၆၅၄ ) အရ စားသောက်နေစဉ် မလုပ်သင့်သော မနှစ်မြို့ဖွယ် အချက် (၁၁) ချက် မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ ဗိုက်ပြည့်နေလျက်နှင့် ထပ်မံစားသုံးခြင်း။
၂။ အလွန်အမင်း အစားအသောက်များပြားစွာ စားခြင်း။
(ဟဒီးစ်တော်များအရ အလ္လာဟ်အရှင်မြတ်၏ အထံတော်တွင် အစားအသောက် အလွန်အကျွံစားသုံးခြင်းသည် အဆိုးဆုံးအရာများထဲတွင် ပါဝင်ကြောင်း လာရှိပါတယ်။)
၃။ စားသောက်နေစဉ် အခြားသူများ၏ မျက်နှာ နှင့် ပါးစပ်ကို စိုက်ကြည့်နေခြင်း။
၄။ အလွန်ပူလွန်းသော အစားအစာများကို စားသုံးခြင်း။
၅။ စားသုံးနေစဉ် သို့မဟုတ် သောက်သုံးနေစဉ်အတွင်း အစားအသောက် နှင့် အဖျော်ယမကာများကို မှုတ်၍စားခြင်း။
၆။ စားပွဲပေါ်တွင် မုန့် /အစာကို ထားထားပြီးနောက် အခြားအရာတစ်ခုခုကို ဆက်လက်စောင့်ဆိုင်းနေခြင်း။
၇။ ရိုတီ(ချပါတီ(သို့) ပေါင်မုန့် ) ကို ဓားဖြင့် လှီးဖြတ်စားသုံးခြင်း။
၈။ ရိုတီ(ချပါတီ(သို့) ပေါင်မုန့် ) ကို စားသောက်သည့် ပန်းကန်ပြား၏ အောက်ဘက်တွင် ထားရှိခြင်း။
၉။ အရိုး နှင့် ကပ်နေသော အသားများကို စားသုံးရာတွင် အရိုးပေါ်တွင် အသားစက် သို့မဟုတ် အသားစ အကြွင်းအကျန် လုံးဝမကျန်ရှိစေရန် အလွန်အကျွံ စုပ်ယူ စားသုံးခြင်း။
၁၀။ အခွံပါ တွဲလျက် စားသုံးနိုင်သော သစ်သီးများ၏ အခွံကို ခွာ၍စားသုံးခြင်း။
၁၁။ သစ်သီးတစ်လုံးလုံးကို မကုန်စင်သေးဘဲ တစ်ဝက်တစ်ပျက်ဖြင့် လွှင့်ပစ်ခြင်း။
အစ္စလာမ်ဘာသာဝင် တိုင်း လိုက်နာကျင့်သုံး နိုင်ကြပါစေ ။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment