အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ တင်ပို့သည်ပို့ကုန်များသည် မိုး တွင်းကာလလှိုင်းလေများကြောင့် ယခင်တင်ပို့နေကျစစ်တွေနယ် စပ်စခန်းထက်
မောင်တောနယ် စပ်မှ တင်ပို့မှုများလာကြောင်း ပို့ ကုန်လုပ်ငန်းရှင်များထံမှသတင်း ရရှိသည်။
စစ်တွေနယ်စပ်စခန်းမှတစ် ဆင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ကုန် များတင်ပို့ရာတွင် စက်လှေများ ဖြင့် ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ကာတင်ပို့နေရပြီး
မိုးတွင်းကာလ လှိုင်းလေကြီးချိန်၌ စစ်တွေ - ဘူးသီးတောင် - မောင်တော(ကုန်းလမ်းကြောင်းနှင့် မြစ်တွင်းရေလမ်းကြောင်း)
မှ တစ်ဆင့် ပြောင်းလဲတင်ပို့ရခြင်းဖြစ်ကြောင်း စစ်တွေမြို့မှ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်ဦးသိန်းမောင်ကပြောသည်။
‘‘ပွင့်လင်းရာသီမှာတော့ လှိုင်းလေမရှိတာကြောင့် စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းက ဘ င်္ဂလားဒေ့ရှ်ကို တိုက်ရိုက်တင်ပို့လို့ အဆင်ပြေပါ
တယ်။ အခုလိုမိုး တွင်းမှာဆိုရင် လှိုင်းလေကြီးတာ ကြောင့် ပို့ကုန်အများစု မောင် တောနယ်စပ်စခန်းကပဲ သွားတာ များပါတယ်’’ဟု ဦးသိန်းမောင်က ဆိုသည်။
စစ်တွေ နယ်စပ်ကုန်သွယ် ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့သည့် ပို့ကုန်များ မှာ မောင်တော နယ်စပ်စခန်းမှ တင်ပို့ရခြင်းထက် စရိတ်သက် သာ
ကြောင်း၊ သို့သော် စစ်တွေမှ တင်ပို့သည့် လှေများသည် ဘင်္ဂလား ပင်လယ်အော်ကိုဖြတ်ကျော်ရပြီး မောင်တော နယ်စပ်ကုန်သွယ်ရေးမှ တင်ပို့ရသည့်
ပို့ကုန်များမှာနတ်မြစ်ကိုသာဖြတ်ကျော်ရသည့်အတွက် လမ်းခရီးတွင် သဘာဝဘေးအန္တရာယ်ကို စိုးရိမ်စရာမလိုကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
‘‘ပို့ကုန်တွေ စစ်တွေကတစ်ဆင့် ဘူးသီးတောင်၊ ဘူးသီးတောင်ကနေတစ်ဆင့်မောင် တောကိုရောက်ရင် ဘင်္ဂလားဒေ့ရှ် ကို ရောက်တာနဲ့ အတူတူပါပဲ။ မောင်တော
နယ်စပ်စခန်းကနေ ဘင်္ဂလားဒေ့ရှ်ကို ရောက်ဖို့အချိန် ၄၅ မိနစ်လောက်ပဲကြာပါတယ်။ မြစ်ကိုဖြတ်ပြီး တင်ပို့ရတာ ဖြစ်တဲ့အတွက် လှိုင်းလေအန္တရာယ်ကလည်း မရှိသလောက်ပါပဲ’’ဟု ၎င်းက ပြောသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ် နိုင်ငံကုန်သွယ်မှုမှာ တစ်နှစ်လျှင် ပျှမ်းမျှကုန်သွယ်မှုတန်ဖိုး အမေရိ ကန်ဒေါ်လာ ခြောက်သန်းခန့်ရှိနေ ပြီး အများဆုံးတင်ပို့ရသည့် ပို့ကုန် မှာ
ရေထွက်ပစ္စည်းဖြစ်ကာ အများဆုံးတင်သွင်းနေရသော သွင်းကုန်မှာ ဒန်ရေတကောင်းအိုးဖြစ် ကြောင်းသတင်းရရှိသည်။
===================
251 / End