၂၉ ဇွန် ၂၀၁၆ - ၀၃:၂၇
အီရန် အစ္စလာမ်မစ် အစောင့်တပ် ၏လက်ချက်ဖြင့် အကြမ်းဖက်သမား အမြောက်အများ သေဆုံး

ပြည်ထောင်စု အစ္စလာမ်မစ် အီရန်နိုင်ငံ ၏ အနောက်မြောက်ပိုင်းဒေသရှိ ကိုဒေစ်စတန် ပြည်နယ်တွင် အစ္စလာမ်မစ် အစောင့်တပ် မှသတင်းတစ်ခု ကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။ သတင်းမှာ အီရန် နိုင်ငံ အတွင်း ဝင်ရောက်ရန် ကြိုးပမ်းလာသည့် အကြမ်းဖက် သမား ၁၁ဦး ကို သုတ်သင် နိုင်ခဲ့ကြောင်း ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဗ်နာသတင်းဌာန သတင်းအထောက်အထား အရ ပြည်ထောင်စု အစ္စလာမ်မစ် အီရန်နိုင်ငံ ၏ အနောက်မြောက်ပိုင်းဒေသရှိ ကိုဒေစ်စတန် ပြည်နယ်တွင် အစ္စလာမ်မစ် အစောင့်တပ် တပ်မှူး မိုဟမ္မဒ် ဟိုစိုင်း မှသတင်းတစ်ခု ကို အင်္ဂါနေ့တွင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။ သတင်းမှာ အီရန် နိုင်ငံ အတွင်း ဝင်ရောက်ရန် ကြိုးပမ်းလာသည့် အီရန် အစ္စလာမ်မစ်တော်လှန်ရေး ဆန့်ကျင်ရေး အကြမ်းဖက် သမား ၁၁ဦး ပါသည့် အဖွဲ့ ကို နယ်စပ်တွင် တွေ့ရှိခဲ့ပြီး လိုက်လှန် ၍ နယ်စပ် မြို့ စရူးအာဗါဒ် တွင် သုတ်သင် နိုင်ခဲ့ကြောင်း ဖြစ်ပါတယ်။

အီရန် အစ္စလာမ်မစ် အစောင့်တပ် ၏ လူငယ်စစ်သားများ အနေဖြင့် ပြီးခဲ့သည့် စနေနေ့ တွင် အာဇရ်ဗိုင်ဂျန် အနောက်ပိုင်း ပြည်နယ် ရှိ မဟာဗါဒ် မြို့ တွင် အကြမ်းဖက် သမား ၅ ဦး ကို ရှာဖွေ ပြီး သုတ်သင် နိုင်ခဲ့ပါတယ်။

၎င်းအပြင်အီရန်နိုင်ငံ လုံခြုံရေး တပ်ဖွဲ့ မှ ပြီးခဲ့သည့်ရက်သတ္တပတ် အနည်းငယ်အတွင်း အကြမ်းဖက် သမားမျာ အကြံအစည်များ ကို တားဆီး နိုင်ခဲ့ပြီး အကြမ်းဖက်သမား အများအပြားကိုဖမ်းဆီး နိုင်ခဲ့ပါတယ်။

===========

251/End