အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် (၆၉)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအ တွက် အာဇာနည်ဗိမာန်ကို မူလ ဒီဇိုင်းအတိုင်း ပြင်ဆင်မှုများပြု လုပ်လျက်ရှိကြောင်း အာဇာနည် ဗိမာန်ဒီဇိုင်း ရေးဆွဲပေးခဲ့သော ဗိသုကာ ပညာရှင်များထံမှသတင်းရရှိသည်။
၁၉၈၃တွင် အာဇာနည်ကုန်းဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဇာနည်ဗိမာန် တည်ဆောက်ရန် ရေးဆွဲပေးခဲ့သော ဒီဇိုင်းကို ထိုစဉ်က တာဝန်ရှိသူများက အပြည့်အ၀ မတည်ဆောက်ပေးခဲ့ကြောင်း ဒီဇိုင်းရေးဆွဲပေးခဲ့သည့် ဗိသုကာအဖွဲ့ထံမှသိရသည်။
မူလဒီဇိုင်းတွင် အာဇာနည် ဗိမာန်နောက်ခံနံရံချပ်ကို ကြယ် ပွင့်သဏ္ဌာန်အပေါက်ဖောက်ပြီး မြက်ခင်းပေါ် ကြယ်ကြွေနေသည့် ဒီဇိုင်းကိုရေးဆွဲပေးခဲ့သော်လည်း ထိုစဉ်ကဆောက်လုပ်ခဲ့သူများက အပေါက်မဖောက်ဘဲ ကြယ်ပုံသဏ္ဌာန်အချိုင့်သာလုပ်ခဲ့ကြသည်။
လက်ရှိတွင် မြို့တော်စည်ပင်က အာဇာနည်ဗိမာန်နောက်ခံနံရံချပ်ကို ကြယ်ပွင့်သဏ္ဌာန်အပေါက်ပြန်ဖောက်ပြီး မြက်ခင်းပေါ်တွင် ကြယ်ကြွေကျနေသည့်ဒီဇိုင်းကို ပြန်လည်ပြုပြင်လျက်ရှိသည်။
‘‘Symbolic Starဆိုတာ ကြယ်ပွင့်ဖောက်ထားတာ။ ကြွေ လွင့်သွားတဲ့သဘောပေါ့’’ဟု အာ ဇာနည်ဗိမာန်ဒီဇိုင်း ရေးဆွဲပေးခဲ့ သော ဗိသုကာပညာရှင်ဦးဆန်းဦး ကပြောသည်။
ထို့အပြင် အာဇာနည်ကိုးဦး ကို ရည်စူးဖော်ပြသည့် ကြယ်ပွင့် သဏ္ဌာန် သင်္ကေတ ကိုးခုကို ကျောက်သားဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်း ကျောက်သားပေါ်တွင် အာဇာ နည်ကြီးများ၏ အမည်၊ မွေးသက္က ရာဇ်နှင့် ကျဆုံးသည့်ခုနှစ်တို့ကို ရေးထိုးထားသောကြေးပြားတပ် ဆင်မည်ဖြစ်ကြောင်းသိရသည်။
အာဇာနည်ဗိမာန်နောက်ခံ နံရံချပ်ကို အာဇာနည်ကိုးဦးအားရည်စူးပြီးအမြှောင်းကိုးခု ပုံဖော် ထားရာ ယင်းပေါ်တွင် အာဇာနည်အထိမ်းအမှတ်သင်္ကေတအဖြစ် ကျောက်တုံး တစ်တုံးစီ ထားရှိသွားမည်ဖြစ်ကြောင်း ဦးဆန်းဦး ကပြောသည်။
သို့ဖြစ်ရာ လက်ရှိ အာဇာ နည်ကိုးဦးစလုံးကို တစုတစည်း တည်းဖော်ပြထားသည့် အာဇာ နည် အထိမ်းအမှတ် သင်္ကေတ အုတ်ခုံကို ဖယ်ရှားနေပြီဖြစ်သည်။
လာမည့် ဇူလိုင် ၁၉ ရက်တွင် အာဇာနည်ဗိမာန်၌ အာဇာနည်များ၏ မိန့်ခွန်းတို(သို့မဟုတ်)ထူးခြားသည့် အကြောင်းအရာများကို ရုပ်ပုံကားချပ်များနှင့်တကွပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် မူလဒီဇိုင်းတွင် ဘေး၌ထားရှိသော အလံတိုင်ကို ဆောက်လုပ်သူများကအလယ် တည့်တည့်၌ ထားခဲ့ရာယခုနှစ် တွင် ဘေးသို့ ပြန်ထားမည်ဖြစ် ကြောင်းသိရသည်။
လက်ရှိအစိုးရက ရရှိသည့် အချိန်ပေါ်မူတည်၍ မူလကရေး ဆွဲပေးခဲ့သော ဒီဇိုင်းများအတိုင်း ပြန်လည်ပြင်ဆင်နေခြင်း ဖြစ် သည်။
===================
251 / End