၂ ဇူလိုင် ၂၀၁၆ - ၁၆:၃၀
 ခေါင်းဆောင်မှုအသစ်နှင့် ဗျူရိုကရေစီစနစ်ကြား အားပြိုင်မှုရှိနေပြီး အစိုးရအဆင့်အားလုံး စိတ်သဘောထားပြောင်းရန် ရန်ဟီးလီတိုက်တွန်း

အရပ်သားခေါင်းဆောင် မှုအသစ်နှင့် ယခင်အစိုးရ၏ ဆိုး မွေဖြစ်သော ဗျူရိုကရေစီစနစ် အကြားတွင် ဆက်ဆံရေးတင်းမာ အားပြိုင်မှုကို လေ့လာတွေ့ရှိရပြီး မီဒီယာနှင့် အရပ်ဘက်အဖွဲ့အ စည်းများ ဖွံ့ဖြိုးခွင့်ပေးရန် အစိုးရအဆင့်အားလုံး စိတ်သဘော ထားပြောင်းလဲရန် လိုအပ်နေ ကြောင်း ကုလသမဂ္ဂ၏ မြန်မာ နိုင်ငံ လူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ အထူးအစီရင်ခံစာတင် သွင်းသူ ရန်ဟီးလီက ဇူလိုင် ၁ ရက်သတင်းစာရှင်းလင်းပွဲ၌ ပြော ကြားခဲ့သည်။ မစ္စရန်ဟီးလီသည် ဒီချုပ် အစိုးရလက်ထက် ပထမဆုံးအ ကြိမ်အဖြစ် ၁၂ ရက်ကြာ ခရီးစဉ် လာရောက်၍ လူ့အခွင့်အရေးအ ခြေအနေများ လေ့လာခဲ့ပြီး ခရီးစဉ်နောက်ဆုံးရက်တွင် ပြု လုပ်သော သတင်းစာရှင်းလင်း ပွဲ၌ ၎င်း၏တွေ့ရှိချက်များကို ကြေညာချက်ထုတ်ပြန်ပြောကြား ခြင်းဖြစ်သည်။ ‘‘အရပ်သားခေါင်းဆောင် မှုအသစ်တစ်ရပ်နဲ့ ပြီးခဲ့တဲ့ စစ် အုပ်ချုပ်ရေးဆီက အမွေဆက်ခံ ထားတဲ့ ဗျူရိုကရေစီစနစ်တစ်ရပ် ကြားမှာ မကြာခဏဆိုသလို မူဝါ ဒနဲ့ ချဉ်းကပ်မှုဆိုင်ရာလက္ခဏာ နှစ်ရပ်ဒွန်တွဲမှုရလဒ်ဖြစ်ပေါ်စေ တဲ့ တကယ့်ဆက်ဆံရေးတင်းမာ အားပြိုင်မှုကို ကျွန်မလေ့လာ တွေ့ရှိခဲ့ပါတယ်’’ဟု မစ္စ ရန်ဟီးလီက ပြောသည်။

 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အရပ်သားခေါင်းဆောင် မှုအသစ်နှင့် ယခင်အစိုးရ၏ ဆိုး မွေဖြစ်သော ဗျူရိုကရေစီစနစ် အကြားတွင် ဆက်ဆံရေးတင်းမာ အားပြိုင်မှုကို လေ့လာတွေ့ရှိရပြီး မီဒီယာနှင့် အရပ်ဘက်အဖွဲ့အ စည်းများ ဖွံ့ဖြိုးခွင့်ပေးရန် အစိုးရအဆင့်အားလုံး စိတ်သဘော ထားပြောင်းလဲရန် လိုအပ်နေ ကြောင်း ကုလသမဂ္ဂ၏ မြန်မာ နိုင်ငံ လူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ အထူးအစီရင်ခံစာတင် သွင်းသူ ရန်ဟီးလီက ဇူလိုင် ၁ ရက်သတင်းစာရှင်းလင်းပွဲ၌ ပြော ကြားခဲ့သည်။

မစ္စရန်ဟီးလီသည် ဒီချုပ် အစိုးရလက်ထက် ပထမဆုံးအ ကြိမ်အဖြစ် ၁၂ ရက်ကြာ ခရီးစဉ် လာရောက်၍ လူ့အခွင့်အရေးအ ခြေအနေများ လေ့လာခဲ့ပြီး ခရီးစဉ်နောက်ဆုံးရက်တွင် ပြု လုပ်သော သတင်းစာရှင်းလင်း ပွဲ၌ ၎င်း၏တွေ့ရှိချက်များကို ကြေညာချက်ထုတ်ပြန်ပြောကြား ခြင်းဖြစ်သည်။

‘‘အရပ်သားခေါင်းဆောင် မှုအသစ်တစ်ရပ်နဲ့ ပြီးခဲ့တဲ့ စစ် အုပ်ချုပ်ရေးဆီက အမွေဆက်ခံ ထားတဲ့ ဗျူရိုကရေစီစနစ်တစ်ရပ် ကြားမှာ မကြာခဏဆိုသလို မူဝါ ဒနဲ့ ချဉ်းကပ်မှုဆိုင်ရာလက္ခဏာ နှစ်ရပ်ဒွန်တွဲမှုရလဒ်ဖြစ်ပေါ်စေ တဲ့ တကယ့်ဆက်ဆံရေးတင်းမာ အားပြိုင်မှုကို ကျွန်မလေ့လာ တွေ့ရှိခဲ့ပါတယ်’’ဟု မစ္စ ရန်ဟီးလီက ပြောသည်။

ဒီမိုကရေစီအလေ့အထများ ဖွံ့ဖြိုးမှုနှင့် လူ့အခွင့်အရေးလေး စားမှုများကို ဟန့်တားကြန့်ကြာ စေသည့် အင်စတီကျူးရှင်းဆိုင် ရာမူဘောင်တစ်ခုအတွင်း ဒီမို ကရေစီအုပ်ချုပ်မှုကို မြှင့်တင်ရန် ကြိုးစားရာတွင် စိန်ခေါ်မှုများကို လည်း လေ့လာတွေ့ရှိရသည်ဟု ဆိုသည်။ ယင်းစိန်ခေါ်မှုများကို ကျော်လွှားအောင်မြင်ရန် နောက်ထပ်ပြုပြင်ပြောင်းလဲမှုများ၊ အပြုအမူနှင့် စိတ်သဘောထားပြောင်း လဲမှုတစ်ရပ် လိုအပ်မည်ဟုလည်း ထောက်ပြသည်။

‘‘ကုလသမဂ္ဂအထွေထွေအ တွင်းရေးမှူးချုပ်ပြောဖူးသလိုပဲ အရပ်ဘက်အဖွဲ့အစည်းဆိုတာ ဒီမိုကရေစီရဲ့ အောက်ဆီဂျင်ဖြစ် ပါတယ်။ အရပ်ဘက်အဖွဲ့အ စည်းနဲ့ မီဒီယာဖွံ့ဖြိုးခွင့်ပေးဖို့အ တွက် အစိုးရအဆင့်အားလုံးမှာ စိတ်သဘောထားအပြောင်းအလဲ တစ်ရပ်လုပ်ဖို့ လိုအပ်နေသေး တယ်ဆိုတာ ရှင်းပါတယ်’’ဟု ပြည်ထောင်စုအစိုးရ၀န်ကြီးများ၊ အ ရပ်ဘက်အဖွဲ့အစည်းများ၊ မီဒီ ယာသမားများနှင့် တွေ့ဆုံခဲ့သော မစ္စရန်ဟီးလီက ပြောသည်။

ဝေဖန်ခြင်းသည် ဒီမိုကရေ စီအင်စတီကျူးရှင်းများ အား ကောင်းစေရန် အကူအညီပေး ခြင်းဖြစ်ပြီး ဝေဖန်ထောက်ပြသံ များကို ချန်လှပ်ဖယ်ထုတ်ခြင်း (သို့မဟုတ်) တားမြစ်ကန့်သတ် ခြင်းမျိုး မပြုလုပ်သင့်ဘဲ အားပေး ထောက်ခံသင့်ကြောင်း ၎င်းက အကြံပေးသည်။

သို့သော်ပြည်ထောင်စုဝန် ကြီးဌာနများ၏ ရက် ၁၀၀ စီမံချက်များသည် လူ့အခွင့်အရေးကော်မ ရှင်ထံ မစ္စ ရန်ဟီးလီပြီးခဲ့သည့် အခေါက်က တင်သွင်းသော အစီရင်ခံစာတွင် ပါရှိသော လူ့အခွင့် အရေးဦးစားပေးကဏ္ဍများနှင့် အညီ ဖြစ်နေသည်ကို တွေ့ရ၍ ကျေနပ်ကြောင်း ၎င်းက ဆိုသည်။

လွှတ်တော်သည် မြန်မာ တိုင်းရင်းသားမျိုးစုံ လူ့အဖွဲ့အ စည်း၏ အမျိုးမျိုးသောအကျိုးစီး ပွားများ၊ ရောင်ပြန်ဟပ်သော သ ဘောထားအယူအဆများ ဖော် ပြရာ ဖိုရမ်တစ်ခုဖြစ်ရန် အရေးပါ ကြောင်းလည်း ၎င်းက ထောက်ပြ သည်။ နိုင်ငံတော်ကာကွယ်ရေး ဥပဒေအပါအ၀င် ဥပဒေပေါင်း ၁၄၂ ခုကို ပြင်ဆင်ရန် ဥပဒေရေး ရာနှင့် အထူးကိစ္စရပ်များ လေ့ လာဆန်းစစ်သုံးသပ်ရေးကော်မ ရှင်၏ အကြံပြုချက်များအပေါ် မြန်ဆန်မှန်ကန်သော တိုးတက်မှုကို တွေ့မြင်ရ၍ အားတက်မိသည်ဟုဆိုသည်။ သို့သော်ထို့ထက် ပိုမိုလုပ်ဆောင်ရန် လိုကြောင်း လည်း မှတ်ချက်ချခဲ့သည်။ တစ် ချိန်တည်းမှာပင် အစိုးရအပေါ် ထိ လွယ်ရှလွယ်ဖြစ်သည်ဟု ယူဆရသော ကိစ္စရပ်များ ဖော်ထုတ်ရာ တွင် မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်က ရှောင်မနေသင့်ကြောင်း ထောက်ပြသည်။

ဘာသာရေးဆိုင်ရာသည်းမ ခံနိုင်မှုများ၊ အမုန်းတရားလှုံ့ဆော် မှုများနှင့် ပတ်သက်၍ အစိုးရအ နေဖြင့် စုံစမ်းစစ်ဆေးမှုများနှင့် ကျူးလွန်သူများကို တာဝန်ခံစေမှုများ အပါအ၀င် မဆိုင်းမတွအရေးယူမှု ဆောင်ရွက်ရန် လိုအပ် ကြောင်း ထောက်ပြသည်။ ပြစ်မှုကျူးလွန်သူများကို လူမျိုး၊ ဘာသာ(သို့မဟုတ်) တိုင်းရင်းသားမည်သည့် နောက်ခံရာဇ၀င်မရွေး ဥပဒေနှင့်အညီ အလေးအနက်အ ရေးယူရမည်ဟုလည်း တိုက်တွန်း သည်။

‘‘ပိုကြီးမားတဲ့ တင်းမာမှုတွေ လောင်စာဖြည့်မိမှာ ကြောက်တာ ကြောင့်နဲ့ ပဋိပက္ခပိုဖြစ်အောင် ရန်စမိသလို ဖြစ်မှာကြောက်တာ ကြောင့် မကြာသေးခင်ကလေး တင်ဖြစ်ခဲ့တဲ့ ကိစ္စမှာ အစိုးရက အရေးယူဖို့ ခြေရာခံလိုက်မှာ မဟုတ်ဘူးဆိုတဲ့ အစီရင်ခံစာတွေ ကြောင့် ကျွန်မစိုးရိမ်ပူပန်မိပါ တယ်’’ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ ရင်ဆိုင်နေရ သော များပြားလှသည့် ရှုပ်ထွေး နက်နဲသော စိန်ခေါ်မှုများကို ဖော် ထုတ်ရန် အစိုးရသစ်အတွက် နေရာနှင့်အချိန်ပေးရန် လိုအပ် သည်ဟု သတိပြုမိကြောင်း၊ သို့ သော် လူ့အခွင့်အရေးတိုးတက် ရေးအတွက် အားပေးထောက်ခံ ရာတွင် အပြုသဘောအားဖြင့် ရော ဝေဖန်ထောက်ပြမှုဖြင့်ပါ ပြောကြားနေဦးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ မြန်မာအနေဖြင့် နိုင်ငံတကာလူ့အခွင့်အရေးတာ ၀န်များကို တာဝန်ခံစေရန်လည်း ဆက်လက်ဆောင်ရွက်ရမည်ဟု ဆိုသည်။

ကချင်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့သို့ သွားရောက်လေ့လာခဲ့ သော မစ္စရန်ဟီးလီက လက်တွေ့မြေပြင်တွင်  သိသာသော တိုးတက်ပြောင်းလဲမှုမရှိသေးကြောင်း ပြောကြားသည်။

မစ္စရန်ဟီးလီသည် ၎င်း၏ ယခုမြန်မာနိုင်ငံခရီးစဉ်အတွင်း လေ့ လာတွေ့ရှိမှုများကို ယခုနှစ် နှောင်းပိုင်းတွင် ပြုလုပ်မည့် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေ ထွေညီလာခံသို့ အစီရင်ခံစာအပြည့်အစုံတင်သွင်းမည်ဖြစ်သည်။


===================    
251 / End