အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဖားကန့်ရှိ ယာယီဝတ် ပြုဆောင်တစ်ခုအား မီးရှို့ဖျက်ဆီးမှုတွင် ဦးဆောင်လှုံ့ဆော်သူအချို့ ကို စစ်ဆေးနေပြီး မီးလောင်ရာ နေရာသို့ မည်သူ့ကိုမျှ ဝင်ခွင့်မပေး ဘဲ တားမြစ်ဧရိယာအဖြစ် ထုတ် ပြန်ထားကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာအုပ်စု လယ်ပြင်ကျေးရွာ တွင် ခွင့်ပြုချက်မရှိဘဲ ဆောက် လုပ်ထားသော ယာယီဝတ်ပြု ဆောင်တစ်ခုကို လူအင်အားငါး ရာခန့်က ဇူလိုင် ၁ ရက်ညနေ၌ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်တွင် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်သူဟု သံသယ ရှိသူများ ရှိ၊မရှိ စုံစမ်းဖော်ထုတ်ပြီး တရားဥပဒေနှင့်အညီ ထိထိ ရောက်ရောက် အရေးယူမည်ဟု အစိုးရက သတင်းထုတ်ပြန်ထား ပြီး ရဲတပ်ဖွဲ့က သံသယရှိသူ လူနှစ်ဦးထက်မနည်းကို စစ်ဆေးနေ ခြင်းဖြစ်သည်။
လတ်တလောအခြေအနေ အရ စစ်ဆေးမှုအသေးစိတ်ကို မပြောလိုသေးသော်လည်း မီး လောင်ပျက်စီးသွားသော ယာယီ ဝတ်ပြုဆောင်နေရာသို့ မည်သူ့ကိုမျှ ဝင်ခွင့်မပေးတော့ဘဲ လုံခြုံရေး ချထားကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
အဆောက်အအုံသည် တရား မဝင်ဆောက်လုပ်ထားခြင်းဖြစ် သော်လည်း မီးရှို့ဖျက်ဆီးမှုတွင် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော် သူများရှိနေကြောင်း လုံးခင်းနှင့် ဖားကန့်ဒေသခံများကိုယ်တိုင် သံသယရှိနေသည်။ လုံးခင်း ကျေးရွာအုပ်စု ဒေသခံကိုနောင်လတ်က မီးရှို့ဖျက်ဆီးသူအများစုမှာ ဒေသခံ မဟုတ်သော မျက်နှာစိမ်း များဖြစ်ကြောင်း ပြောသည်။ ဖားကန့်ဒေသတွင် ဒေသအနှံ့မှ လာရောက်နေသော ရေမဆေး ကျောက် ရှာဖွေသူများရှိနေပြီး သွေးထိုးလှုံ့ဆော်သူများက ရေ မဆေးကျောက်ရှာဖွေသူများအားစည်းရုံး၍ မီးရှို့ဖျက်ဆီးရန် စေ ခိုင်းခြင်းဖြစ်နိုင်ကြောင်း ဒေသခံ များက ယူဆနေသည်။
ဖားကန့်ဒေသတွင် ဒေသ တွင်း အခြေအနေ တည်ငြိမ်အေး ချမ်းနေပြီး နောက်ဆက်တွဲ ပြဿနာများ မဖြစ်ပွားစေရန် ရဲတပ်ရင်းနှစ်ခုအပြင် ခရိုင်နှင့် ပြည်နယ်မှ ရဲတပ်ဖွဲ့ဝင် တစ်ရာ ကျော် လုံခြုံရေးစောင့်ကြပ်နေ ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦးက ပြောသည်။
မီးရှို့ဖျက်ဆီးခံရသော အဆောက်အအုံသည် မူလက အိမ်ပုံစံဆောက်လုပ်ထားပြီး နောက်ပိုင်းတွင် ဘာသာရေး ဝတ်ပြုဆောင်အဖြစ် အသုံးပြုနေ ၍ ဒေသခံသဘောထားတင်းမာ သူများက ဇွန်လ ၃၀ ရက် မတိုင်မီဖျက်ပေးရန် ဝတ်ပြုဆောင် ဆောက်လုပ်သူများထံ တောင်းဆိုထားသည်ဟု ဆိုသည်။ မြို့နယ် အုပ်ချုပ်ရေးပိုင်းက ဥပဒေအတိုင်း တစ်ဆင့်ချင်းဆောင်ရွက်ရန် ဒေသခံများအား တိုက်တွန်းထားသော် လည်း ဇူလိုင်၁ရက်တွင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
===================
251 / End