အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ပြီးနောက် ၁၀၁ ရက်မှစကာ ပြည်နယ်နှင့် တိုင်းများအလိုက် စားသုံးသူနှင့် ပတ်သက်၍ စစ်တမ်းများကောက် ယူမည်ဖြစ်ကြောင်း စားသုံးသူရေး ရာ ဦးစီးဌာနမှ သတင်းရရှိသည်။
လက်ရှိတွင် စားသုံးသူရေး ရာ ဦးစီးဌာနအနေဖြင့် ရက်ပေါင်း ၁၀၀ စီမံချက်ကို လုပ်ငန်းစဉ် ရှစ် ရပ်ဖြင့် လုပ်ကိုင်ဆောင်ရွက်နေ ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက သ တင်းထုတ်ပြန်သည်။
‘‘လာမယ့် ၁၀၁ ရက် ကနေ စပြီးတော့ ကျွန်တော်တို့က ပြည် နယ်၊ တိုင်းအလိုက် လောလော ဆယ်လျာထားချက်ကတော့ ပြည် သူ ၁၀၀ လောက်ကို စားသုံးသူနဲ့ ပတ်သက်ပြီး စစ်တမ်းကောက် မယ်’’ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စား သုံးသူရေးရာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးလှမော်ဦးက ပြော သည်။ စစ်တမ်းကောက်ယူမည့် လူ ၁၀၀ ကို အဆင့်များ သတ် မှတ်ခွဲခြားကာ ကောက်ယူမည် ဖြစ်ကြောင်း သိရသည်။
‘‘လူ ၁၀၀ မှာလည်း အဆင့် တွေ ခွဲထားတယ်။ ကောလိပ် ကျောင်းသားတွေ၊ ဆိုင်ရှင်တွေ၊ ဈေးရောင်းတဲ့သူတွေ၊ ထုတ်လုပ် တဲ့သူတွေဆိုတဲ့အဆင့်တွေခွဲပြီး တော့ ဒါကိုလုပ်သွားဖို့ အကြမ်း ဖျင်း စီမံချက် လုပ်နေတယ်။ ဒီ ၁၀၁ ရက်ကနေစပြီးတော့ လုပ် မယ်’’ ဟု ဦးလှမော်ဦးက ပြော ကြားသည်။
ထို့အပြင် စားသုံးသူရေးရာ နှင့် ပတ်သက်၍ လတ်တလော တွင် လစဉ် စာသင်ကျောင်းများ၌ သင်တန်းပို့ချမှုများ ဆောင်ရွက် နေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
‘‘အခုဆိုရင် ကောလိပ်တွေ လည်းဖွင့်ပြီ။ စာသင်ကျောင်းတွေ လည်း ဖွင့်ပြီ။ ဆရာကြီးတွေနဲ့ ကျွန်တော်တို့က ညှိနှိုင်းတယ်။ ကျွန်တော်တို့က တစ်ပတ်တစ် ကြိမ်လောက်အချိန်ပေးဖို့ ပြော ထားတယ်။ အဲဒီလိုပို့ချတဲ့အခါမှာ လည်း မူလတန်းအဆင့်လောက် ကို ဥပဒေကြီးသွားဖတ်ပြလို့ ဘာ မှနားမလည်နိုင်တဲ့အတွက် ကာ တွန်းလေးတွေနဲ့ စားသင့်တာနဲ့ မ စားသင့်တာလေးတွေကို ပြမယ်။ နောက်ဈေးထဲမှာ သွားရှင်းတဲ့အ ခါမှာလည်း Complain အားလုံး ကို စုပြီးတော့ ရုံးချုပ်မှာ ပြန်ပြီး Review လုပ်တယ်’’ဟု ဦးလှမော် ဦးက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံအ တွင်းသို့ စားသုံးရန်မသင့်သော အစားအသောက်များမှ တရုတ် နှင့် အိန္ဒိယမှ အများဆုံးဝင်ရောက် နေပြီး ယင်းကိစ္စရပ်များကို ဥပဒေ ဖြင့် အရေးယူရန်မှာ လက်ရှိတွင် နည်းဥပဒေထွက်ရှိလာခြင်း မရှိ သေးသည့်အတွက် ညွှန်ကြားချက် များဖြင့်သာ လုပ်ကိုင်နေရကြောင်း နှင့် ယခင်အစိုးရ လက်ထက်၌ တရားမ၀င် တင်သွင်းမှုနှင့် ပတ် သက်၍ Mobile Team အဖွဲ့ဖွဲ့ ဆောင်ရွက်ခဲ့သော်လည်း အပြည့် အ၀တားဆီးနိုင်ခြင်းမရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ၀န်ကြီးဌာန ထုတ်ပြန်ချက် အရ သိရသည်။
‘‘အခုလည်း ဒီလိုကိစ္စတွေ က ရှိနေဦးမှာပဲ။ ရှိနေတယ်ဆိုရင် နောက်ထပ်ဘယ်လိုများ တားဆီး ဖို့အတွက် လုပ်မလဲ ဆိုတာက တော့ လက်ရှိအစိုးရက လုပ်ပေးရ မှာပေါ့။ ရောက်ပြီးတဲ့ဟာတွေကို တော့ ကြည့်လို့မရဘူး။ ဒါတွေက ဥပဒေပြဋ္ဌာန်းပြီးတော့မှပဲ လုပ် ကိုင်ရမယ့်ကိစ္စတွေဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကုန်စည်အမှတ်တံ ဆိပ် ဥပဒေတွေလည်း လုပ်သွားဖို့ ရှိပါတယ်’’ ဟု ဦးလှမော်ဦးက ဆိုသည်။
===================
251 / End