၇ ဇူလိုင် ၂၀၁၆ - ၁၅:၀၄
ဇူလိုင် ၇ ရက်-၇ရက် ဇူလိုင် မမေ့နိုင်တဲ့ ကျောင်းသားသမိုင်းထာဝစဉ်နီ

‘ဇူလိုင် ၇ရက်- ၇ရက် ဇူလိုင်မမေ့နိုင်တဲ့ ကျောင်းသားသမိုင်းထာဝစဉ်နီ...’ ဆိုတဲ့စာသားဟာ ၇ရက်ဇူလိုင် အရေးတော်ပုံကို ဂုဏ်ပြုစပ် ဆိုထားတဲ့ သီချင်းတစ်ပုဒ်ထဲက စာသားတစ်ကြောင်းပါ။ ဟုတ်ပါ တယ်။ ‘ဆဲဗင်းဂျူလိုင် (ခေါ်) ၇ ရက် ဇူလိုင်အရေးတော်ပုံကြီး’ ဟာ ဗမာပြည်ရဲ့ ကျောင်းသား လှုပ်ရှားမှုသမိုင်းမှာ၊ ကျောင်းသား သမိုင်းမှာ ဘယ်တော့မှ မေ့ပျောက်လို့မရနိုင်တဲ့၊ မေ့ဖျောက် ချန်လှပ်ကျော်လွှားသွားလို့မရနိုင် တဲ့ အမြဲနီနေမယ့်အရေးတော်ပုံ မှတ်တိုင်ကြီးတစ်ခုပါပဲ။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

‘ဇူလိုင် ၇ရက်- ၇ရက် ဇူလိုင်မမေ့နိုင်တဲ့ ကျောင်းသားသမိုင်းထာဝစဉ်နီ...’ ဆိုတဲ့စာသားဟာ ၇ရက်ဇူလိုင် အရေးတော်ပုံကို ဂုဏ်ပြုစပ် ဆိုထားတဲ့ သီချင်းတစ်ပုဒ်ထဲက စာသားတစ်ကြောင်းပါ။ ဟုတ်ပါ တယ်။ ‘ဆဲဗင်းဂျူလိုင် (ခေါ်) ၇ ရက် ဇူလိုင်အရေးတော်ပုံကြီး’ ဟာ ဗမာပြည်ရဲ့ ကျောင်းသား လှုပ်ရှားမှုသမိုင်းမှာ၊ ကျောင်းသား သမိုင်းမှာ ဘယ်တော့မှ မေ့ပျောက်လို့မရနိုင်တဲ့၊ မေ့ဖျောက် ချန်လှပ်ကျော်လွှားသွားလို့မရနိုင် တဲ့ အမြဲနီနေမယ့်အရေးတော်ပုံ မှတ်တိုင်ကြီးတစ်ခုပါပဲ။

ဗမာပြည်လွတ်လပ်ရေးမ ကြေညာနိုင်ခင် ကိုလိုနီခေတ်တစ် လျှောက်ကို ခဏထား၊ လွတ်လပ် ရေးကြေညာပြီးစခေတ်တစ် လျှောက်အတွင်းမှာကို ကျောင်း သားလှုပ်ရှားမှုသမိုင်းကြောင်း တစ်လျှောက်မှာ အရေးအခင်းနဲ့ အရေးတော်ပုံတွေပေါ်ပေါက်ခဲ့ တာ အရေအတွက်တော်တော် များများ(ဥပမာအားဖြင့် အောက် တိုဘာ ကျောင်းတစ်လပိတ်အ ရေးတော်ပုံ၊ ဟယ်ရီတန်အရေးအ ခင်းစသည်ဖြင့်..စသည်ဖြင့်)ရှိခဲ့ ပါလျက် တစ်နိုင်ငံလုံးလှည်းနေ လှေအောင်းမြင်းဇောင်းမကျန်ပါ ၀င်ဆင်နွှဲခဲ့ကြတဲ့ ၁၃၅၀ပြည့်အ ရေးတော်ပုံ(ရှစ်လေးလုံးအရေး တော်ပုံကြီး)’ မတိုင်ခင်အထိအ တွင်း၊ ဗိုလ်နေ၀င်းစစ်အာဏာရှင် အုပ်စိုးမှုခေတ်တစ်လျှောက်အ တွင်းမှာကို တခြားသောအရေအ တွက်မနည်းလှတဲ့ကျောင်းသား လှုပ်ရှားမှုတွေ၊ ကျောင်းသားအ ရေးအခင်းတွေတော်တော်များ များ(ဥပမာအားဖြင့် ကျွန်းဆွယ်အ ရေးအခင်း၊တက္ကသိုလ်ရွှေရတု လှုပ်ရှားမှု၊ ဦးသန့်ဈာပနအရေး အခင်း၊ ၇၅ဇွန်(၆)ကျောင်းသား သပိတ် စသည်ဖြင့်..စသည်ဖြင့်) ရှိပေါ်ပေါက်ခဲ့ပါလျက် ဆဲဗင်းဂျူလိုင်(ခေါ်) ၇ရက်ဇူလိုင်အရေး တော်ပုံကြီးဟာ တခြားသော ကျောင်းသားအရေးအခင်း၊ အ ရေးတော်ပုံတွေထက်ကို ပိုမိုစူးရှ ပေါ်လွင်ပြီး ပိုမိုထူးခြားတဲ့ အနက် အဓိပ္ပာယ်တွေရှိနေတယ်လို့ ယူ ဆမိပါတယ်။

ဘာကြောင့်လဲ၊ ဘယ်လို တွေဖြစ်ပျက်ခဲ့ကြတယ်၊ ဘယ်လို တွေ ရက်ရက်စက်စက်သတ်ဖြတ် ခံခဲ့ကြရတယ်၊ စစ်အစိုးရဟာ ဘယ်လိုတွေ မိုက်မိုက်ရိုင်းရိုင်း ယုတ်မာရမ်းကားခဲ့တယ်ဆိုတာ တွေနဲ့ ပတ်သက်ပြီး အဖြစ်အပျက် ရဲ့ ဖြစ်စဉ်တွေအကြောင်းကို  မှတ်တမ်းတင်ကြ၊ ပြောကြဆိုကြ ရေးသားခဲ့ကြတာတွေကတော့ ပြည့်စုံလုံလောက်ပြီလို့ မဆိုနိုင် သေးတဲ့တိုင်အောင် တော်တော် များများရှိနေပြီဖြစ်တဲ့အတွက် ကျွန်တော်ကတော့ ဒီအရေးတော်ပုံကြီးရဲ့ ထူးခြားတဲ့ဝိသေသတွေကို  ဒီနေရာမှာ နိုင်ငံရေးဘက်ကနေပဲ ရှုမြင်ပုံဖော်ကြည့်ချင်ပါတယ်။

၇ရက် ဇူလိုင်အရေးတော်ပုံ ကြီးဟာ ဗမာပြည်စစ်အာဏာရှင် စနစ်ကို ဗွေဆော်ဦးစတင်တိုက်ပွဲ ဆင်ခဲ့တဲ့အရေးတော်ပုံဖြစ်တယ်။ ပါလီမန်ဒီမိုကရေစီစနစ်ကို မြေ မြှုပ်သင်္ဂြိုဟ်ပစ်ပြီးလက်နက်နဲ့အ ကြမ်းဖက်အာဏာသိမ်းယူကာ ဗိုလ်နေ၀င်းခေါင်းဆောင်တဲ့ စစ် အုပ်စုဟာ ၁၉၆၂ မတ်လ ၂ ရက်မှာ ဗမာပြည်စစ်အာဏာရှင်စနစ်ကို စတင်ထူထောင်လာရာမှာ စစ်အစိုးရရဲ့တရားမျှတမှုလုံးဝမရှိတဲ့ အမိန့်အာဏာတွေကို ရဲရဲရင့်ရင့်ပြန်လည်တုံ့ပြန်ဆန့်ကျင် ကန့်ကွက်ပြသကြရာက စစ်အာဏာရှင်ရူးတွေရဲ့ ကြိုတင်အစီအစဉ်ရှိရှိ ယုတ်မာရက်စက်မှုတွေ ကြောင့် ဒီအရေးတော်ပုံကြီးဖြစ် ပေါ်လာခဲ့ရတာဖြစ်တယ်။

စစ်တပ်အာဏာသိမ်းတက် လာပြီး လေးလကျော်ကျော်လေး အကြာမှာပဲ ဒီအရေးတော်ပုံကြီး ပေါ်ထွန်းခဲ့ရတာဖြစ်တဲ့အတွက် ဒီအရေးတော်ပုံကြီးဟာ ဗမာပြည် စစ်အာဏာရှင်စနစ်ကို ဗွေဆော် ဦးဆန့်ကျင်အန်တုပြခဲ့တဲ့၊ တော် လှန်တဲ့အရေးတော်ပုံကြီးဖြစ် တယ်။ သမိုင်းဝင်အရေးတော်ပုံ ကြီးဖြစ်သွားတယ်။

ဒီအရေးတော်ပုံကြီးဟာစစ် အစိုးရရဲ့ မဆလဆိုရှယ်လစ်မျက် နှာဖုံးကို ပထမဆုံးဆွဲချွတ်ပြလိုက် နိုင်တဲ့ အရေးတော်ပုံကြီးဖြစ် တယ်။ ဗိုလ်နေ၀င်းခေါင်းဆောင် တဲ့ စစ်အစိုးရဟာ အာဏာသိမ်း တက်လာပြီးမကြာမီ ရှိနေတဲ့ နိုင်  ငံရေးပါတီအဖွဲ့အစည်းအင်အား စုတွေအပါအ၀င် ပြည်သူလူထု တစ်ရပ်လုံးကို လိမ်လည်လှည့် ဖြားနိုင်ဖို့ မြန်မာ့နည်းမြန်မာ့ဟန် နဲ့ ဆိုရှယ်လစ်စနစ်ကို တည် ဆောက်ဖို့ဆိုပြီး ၁၉၆၂ ဇူလိုင် ၄ရက်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလပါတီ)ကို စတင်ထူထောင်ခဲ့ရာမှာ မဆလပါတီစတင်ထူထောင်ပေါ်ပေါက်လာပြီး ၃ရက်အကြာမှာ ‘ ၇ ရက် ဇူလိုင် အရေးတော်ပုံကြီး’ ပေါ်ပေါက်လာခဲ့ရတာဖြစ်ပါတယ်။

ဗိုလ်နေ၀င်းစစ်အစိုးရဟာ မဆလပါတီကို ထူထောင်လိုက် ပြီး ‘‘ခေတ်ပြောင်းတော်လှန်ရေး ကြီးကို ဆင်နွှဲမယ်၊ သာယာဝပြော သောလူ့ဘောင်သစ်ကြီးကို မ ရောက်ရောက်အောင်သွားမယ်။ စာနာမှု၊ညှာတာထောက်ထားမှု စသည့်ကောင်းမြတ်သောတရား နှင့် ဗြဟ္မစိုရ်တရားများထွန်းကား နိုင်တဲ့လူ့ဘောင်သစ်ကြီးဆီ ချီ တက်သွားရောက်မယ်’’လို့တစ် ဖက်က ကြွေးကြော်မြည်ဟည်းပြနေတုန်းမှာပဲ အပြစ်မဲ့တဲ့ နိုင်ငံအညွန့်အဖူး   ကျောင်းသားတွေကို သွေးချောင်းစီးအောင်ရက်ရက်စက်စက်သတ်ဖြတ်ကျူးလွန်ပြလိုက်တာဖြစ်တဲ့အတွက် စစ်အစိုးရရဲ့ ကြွေးကြော်နေချက်တွေဟာ ဗလာစကားတွေသာဖြစ်တယ်။ လက်တွေ့ကတော့ လူသတ်သမားတွေသာဖြစ်တယ်ဆိုတာကိုမီးမောင်းထိုးပြလိုက်သလိုဖြစ်သွားပြီး စစ်အစိုးရရဲ့ မဆလမျက်နှာဖုံးစွပ်ကို ဆွဲချွတ်ပြလိုက်သကဲ့သို့ ဘွားဘွားကြီးပေါ်လွင်သွားစေခဲ့တယ်။

ဒါကြောင့် ဒီအရေးတော်ပုံ ကြီးဟာ စစ်အစိုးရရဲ့ မဆလဆို ရှယ်လစ်အတုအယောင်မျက်နှာ ဖုံးအောက်က အစွယ်ပြူးပြူး၊ သွေးစိမ်းရှင်ရှင်တကယ့်ဘီလူး ရုပ်အစစ်အမှန်ကို ဆွဲချွတ်ပြသလိုက်နိုင်တဲ့ အရေးတော်ပုံကြီးဖြစ်ပါတယ်။

ဒီအရေးတော်ပုံကြီးဟာ သမိုင်းမှာ တော်လှန်သူလား၊ ဖောက်ပြန်သူလား စည်းခြား မှတ် တမ်းတင်ပေးနိုင်ခဲ့တဲ့အရေးတော် ပုံဖြစ်တယ်။ စစ်အစိုးရဟာ ဒီ လောက်ရက်ရက်စက်စက် သတ် ဖြတ်နှိပ်ကွပ်ပြခဲ့တာ လက်တွေ့ မျက်တွေ့မြင်နေရတာတောင်၊ တစ်ဖက်က ဆိုရှယ်လစ်အနံ့ပေး ထားမှုကြောင့်သော်လည်းကောင်း၊ ပုဂ္ဂိုလ်ရေးအလိုရမ္မက် မျှော်လင့် ချက်တွေကြောင့်သော်လည်း ကောင်း အမှန်တရားကို မမြင်နိုင် ဘဲ ဒါမှမဟုတ် မျက်ကွယ်ပြုခဲ့ကြ ရင်း သဘောထားမမှန်ကြသူတွေ၊  ရပ်တည်ချက်မခိုင်မာခဲ့ကြသူ တွေ၊ စံသွေခဲ့ကြသူတွေ အထင် အရှားပေါ်ပေါက်လာခဲ့ကြရာမှာ ‘ဒီအရေးတော်ပုံကြီးအပေါ် ဘယ် လိုသဘောထားသလဲ၊ သဘော ထားမလဲ’ဆိုတာ အရေးပါတဲ့မှတ် ကျောက်မေးခွန်းတစ်ခုဖြစ်လာခဲ့ ရပါတယ်။

တစ်စုံတစ်ရာ တိုးတက်ပါ တယ်၊ တိုးတက်တဲ့လက်ဝဲ၀ါဒကို လက်ခံကိုင်စွဲပါတယ်လို့ ဆိုခဲ့ကြ တဲ့ ပမညတအဖွဲ့ကြီးထဲက ပမ ညတ    ခေါင်းဆောင်ကြီးတစ် ယောက်ဟာ ဒီအရေးတော်ပုံကြီး ပြီးစ ဒီအရေးတော်ပုံကြီးအပေါ် ဘယ်လိုသဘောထားမလဲလို့ ပြောဆိုဆွေးနွေးကြတဲ့ ပမညတ အစည်းအဝေးပွဲတစ်ခုအတွင်း မှာ ‘‘ဗိုလ်နေ၀င်း ခေါင်းဆောင်တဲ့ တော်လှန်ရေးကောင်စီအစိုးရ ဟာ ဆိုရှယ်လစ်ရေးဆီ ရှေးရှုပြီး ဆိုရှယ်လစ်လမ်းကြောင်းအတိုင်း သွားဖို့ လုပ်ဆောင်နေတာဖြစ်တဲ့ အတွက် ဒီ ၇ ရက် ဇူလိုင်အရေး အခင်းဟာ ဆိုရှယ်လစ်သန္ဓေသား ကို သားလျှောအောင် လုပ်တဲ့လုပ် ရပ်’’လို့ ဆိုလိုက်တော့ ဒီအရေး တော်ပုံကြီးရဲ့ဘက်ကနေ ပြတ် ပြတ်သားသားရပ်တည်ပြခဲ့တဲ့ ဦးခင်မောင်မြင့် (ပြည်သူ့တိုးတက် ရေးပါတီ)က ချက်ချင်းကန့်ကွက် ခဲ့ရင်း ‘‘သခင်...ရဲ့ ဒီသဘောထား ပြောကြားချက်ကို မှတ်တမ်းတင် ပေးပါလုံးဝ လက်မခံနိုင်ပါဘူးလို့’’ တုံ့ပြန်ချေပခဲ့ရပါတယ်။

ဒီအရေးတော်ပုံကြီးအပေါ် အဲဒီလို မတူကွဲပြားစွာ သဘော ထားခဲ့ကြသူတွေရဲ့ ဖြစ်စဉ်တွေ ကနေ မဆလ (၂၆)နှစ်တာ ကာ လအတွင်း ဘယ်သူတွေ ဘယ်လို ဖြစ်သွားကြသလဲဆိုတာ ဇာတ် ပေါင်းကြည့်လိုက်မယ်ဆိုရင် အ ရေးတော်ပုံကြီးအပေါ် သဘော ထားမမှန်ကန်ခဲ့သူတွေဟာ မဆလ ရဲ့ ခွေးကတက်ရင်းက ပုဂ္ဂိုလ် တွေ၊ မဆလရဲ့ ကျေးတော်မျိုး၊ ကျွန်တော်မျိုးတွေအဖြစ် သမိုင်း မှာ မျက်နှာမလှ ဇာတ်သိမ်းသွား ကြရပြီး အရေးတော်ပုံကြီးဘက် က ရပ်ခံရပ်တည် ဖော်ပြသွားခဲ့ ကြသူတွေကတော့ မဆလစစ် အစိုးရကို ဆက်လက်ဆန့်ကျင် အန်တုသွားခဲ့ကြရင်း သူရဲကောင်း တွေ၊ တော်လှန်သူတွေအဖြစ် ကမ္ပည်းမော်ကွန်းတင်သွားခဲ့ကြ တာတွေ့နိုင်ပါတယ်။

ဒါကြောင့် ဒီအရေးတော်ပုံ ကြီးဟာ သမိုင်းမှာ တော်လှန်သူ လား၊ ဖောက်ပြန်သူလား စည်း ခြားသတ်မှတ်ပေးလိုက်တဲ့၊ သမိုင်းအချိုးအကွေ့တစ်ခုရဲ့ မှတ်ကျောက်တစ်ခုသဖွယ်လည်း ဖြစ်ခဲ့ပါတယ်။

ဒီအရေးတော်ပုံကြီးဟာ ခွပ် ဒေါင်းတွေရဲ့ တောင်ပံခတ်သံတ ဖျပ်ဖျပ်ကို တစ်ကျော့ပြန် တစ် ကျော့ပြန် အဖန်ဖန် အထပ်ထပ် အမြဲမ ပြတ်စေနိုင်လောက်အောင် ပဲ့တင်ဆောင်နိုင်စွမ်းအား အလွန် ကြီးမားလှတဲ့ အရေးတော်ပုံကြီး ဖြစ်တယ်။

ဗမာပြည် ကျောင်းသားလှုပ် ရှားမှုသမိုင်းမှာ အမှန်တရားအ တွက်၊ ပြည်သူလူထုအတွက်၊ ကျောင်းသားထုရဲ့ တရားမျှတတဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေအ တွက် ဖောက်ပြန်တဲ့အုပ်စိုးသူ အဆက်ဆက်ကို ပြန်လည်တွန်း လှန်ဆန့်ကျင်အန်တု တိုက်ပွဲဆင် ခဲ့ကြတဲ့ ဂုဏ်ပြောင်တဲ့ ကျောင်း သားလှုပ်ရှားမှုနဲ့ ကျောင်းသား တိုက်ပွဲတွေ၊ အရေးတော်ပုံနဲ့ အ ရေးအခင်းတွေ ခေတ်တိုင်းလိုလို ပေါ်ပေါက်ခဲ့တာ တော်တော်များ များရှိခဲ့ပါတယ်။

အားလုံးဟာ သူ့ခေတ် သူ့ ကာလအလျောက် သူ့အတိုင်းအ တာနဲ့သူ မော်ကွန်းတင် ကမ္ပည်း ထိုးထားရမယ့် အရေးပါတဲ့ တိုက် ပွဲတွေချည်းဖြစ်ပါတယ်။ ဒီအထဲ မှ ၇ ရက် ဇူလိုင်အရေးတော်ပုံကြီး ရဲ့ ထူးခြားချက်ကတော တော် လှန်တဲ့ ကျောင်းသားထုရဲ့နှလုံး သားထဲမှာ နက်နက်ရှိုင်းရှိုင်းကို စူးဝင်နေပြီး၊ ဒီနေ့ဒီရက်  ဒီအချိန် ရောက်လေတိုင်း ‘ဆဲဗင်း ဇူလိုင်၊ ဆဲဗင်း ဇူလိုင်’ ဆိုတဲ့ အသံဟာ တိုက်ပွဲခေါ်သံပမာ ပဲ့တင်ထပ်နေ စေခဲ့တာ ‘ကျောင်းသားမျိုးဆက် အဆင့်ဆင့်မှသည် ကနေ့ထက် တိုင်အောင်ပါပဲ။

နှစ်စဉ်နှစ်တိုင်းလိုလိုမှာ ‘၇ ရက် ဇူလိုင်လှုပ်ရှားမှုတွေ’အသွင် အမျိုးမျိုးနဲ့ ရှင်သန်ပေါ်ပေါက်နေ လေ့ရှိပြီး ခွပ်ဒေါင်းတောင်ပံခတ် သံ တဖျပ်ဖျပ်ကို တစ်ကျော့ပြန် တစ်ကျော့ပြန် ပြန်လည်ကြားရ နားထောင်ရလေ့ရှိပါတယ်။

ဒီအရေးတော်ပုံကြီး ပေါ် ပေါက်ခဲ့ရတဲ့ ၁၉၆၂ ဇူလိုင် ၇ ရက်နေ့ နောက်ပိုင်းကစပြီး နှစ်စဉ် နှစ်တိုင်းလိုလို ပုံသဏ္ဌာန်အမျိုး မျိုးနဲ့ နေရာအမျိုးမျိုးကနေ အ ထိမ်းအမှတ်ပြုကြ၊ သတိတရ ရှိ နေစေခဲ့ကြတာ သိကြတဲ့အတိုင်း ပါပဲ။ ၁၉၇၇ ဇူလိုင် ၇ ရက်တုန်းကဆိုရင် ‘၇-၇-၇၇’ ခွန်လေးလုံးအရေးတော်ပုံအထိ ပေါ်ပေါက်အောင်ဦးတည်လှုပ်ရှားခဲ့ကြဖူးတာတွေရှိသလို အဲဒီတုန်းက တိုးတက်တဲ့စီးပွားရေးတက္ကသိုလ် ကျောင်းသားများကနေ စီးပွားရေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းကို အနက်ရောင်အဖုံးကြီးနဲ့ပဲ ထုတ်ဝေခဲ့တာတွေလည်း ရှိပါတယ်။

၁၉၇၈ ထဲမှာလည်း စက်မှု တက္ကသိုလ် ကျောင်းဝင်းအတွင်း ကနေ ၇ ရက် ဇူလိုင် နှစ်ပတ်လည် လှုပ်ရှားမှုအဖြစ် ‘၇ ရက် ဇူလိုင်’ နေ့မှာ အစီအစဉ်ရှိရှိ တိုက်ပွဲခေါ်သံပေးပြီး သပိတ်ပေါ်အောင် ဖောက်ခွဲလှုပ်ရှားပြခဲ့ကြရင်း မဆလ စစ်အစိုးရရဲ့ ဖမ်းဆီး ထောင်ချခံခဲ့ရသူတွေလည်း ပေါ် ပေါက်ခဲ့ရဖူးပါတယ်။

ဒီအရေးတော်ပုံကြီးပေါ် ပေါက်ခဲ့တာ နောက်နှစ်ဆိုရင် နှစ် (၅၀) တင်းတင်းပြည့်တော့မှာဖြစ် ပါတယ်။ ၁၉၆၂ ၇ ရက် ဇူလိုင် တုန်းက လူမဖြစ်ခဲ့ကြသေးတဲ့ အ သက် (၅၀)အောက် ကျောင်းသား လူငယ်မျိုးအဆင့်ဆင့်တွေ အ တွင်းမှာရော ကနေ့မှာ ကျောင်း သားအဖြစ် ဖြတ်သန်းနေ ကြရသူ လက်ရှိမျိုးဆက် ကျောင်းသားလူ ငယ်တွေအတွင်း မှာပါ ‘၇ ရက် ဇူလိုင်’ ‘ဆဲဗင်းဇူလိုင်’ဆိုတဲ့ အသံ ကို ကြားလိုက်ရလေတိုင်း တရား မျှတမှုကို လိုလားတဲ့၊ နိုးကြားတဲ့ ကျောင်းသားမှန်သမျှ ရင်ခုန်လှုပ် ရှားကြရတုန်း၊ ခွပ်ဒေါင်းသွေးတွေ တရိပ် ရိပ်မြင့်တက်နိုးကြွလာရ တုန်းဖြစ်သလို ခွပ်ဒေါင်းတောင်ပံ ခတ်သံ တဖျပ်ဖျပ်ကို အတိတ် တောစပ်ကနေ ပစ္စုပ္ပန်မြေအထိ ကြားနေ မြင်နေ လှုပ်ရှားနေကြရ တုန်း ဖြစ်ပါတယ်။

ဒါကြောင့် ဒီအရေးတော်ပုံ ကြီးဟာ (ရှစ်လေးလုံး အရေး တော်ပုံကြီးကလွဲရင်) ခွပ်ဒေါင်း တောင်ပံခတ်သံ တဖျပ်ဖျပ်နဲ့ အ ထပ်အထပ် အဖန်ဖန် ပဲ့တင်သံ လှိုင်းအား အမြင့်မားဆုံးသော အရေးတော်ပုံကြီးလို့လည်း သတ် မှတ်ဂုဏ်ပြုချင်ပါတယ်။

 ဒီအရေးတော်ပုံကြီးဟာ ဖောက်ပြန်တဲ့ မဆလစစ်အာဏာ ရှင်တစ်သိုက်ကို နောက်ဆုံးထွက် သက်အထိ သွေးပျက်ချောက်ချား နေအောင် အဆက်မပြတ် စွဲချက် တင်ရင်း အစဉ်မပျက် အရိုးတွန်သံပေးနေခဲ့တဲ့ အရေးတော်ပုံကြီးဖြစ်တယ်။ ဗိုလ်နေ၀င်း ခေါင်းဆောင် တဲ့ တော်လှန်ရေးကောင်စီ စစ် အာဏာရှင်အစိုးရဟာ တရားမျှ တတဲ့ ကျောင်းသားထုအခွင့်အ ရေးတွေအတွက် ဥပဒေဘောင်အ တွင်းကနေ အေးချမ်းစွာ ဆန္ဒပြ တောင်းဆိုနေကြတဲ့ ရန်ကုန် တက္ကသိုလ်က ကျောင်းသားတွေ အပေါ် ရက်ရက်စက်စက် သွေး ချောင်းစီးအောင် သတ်ဖြတ်ဖြို ခွင်းပြလိုက်တဲ့အပြင် စစ်အာဏာ ရှင်စနစ် ဆန့်ကျင်ရေး အစဉ်အ လာကြီးခဲ့တဲ့ ကျောင်းသားထုရဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ ‘ဗကသ’၊ ‘တကသ’၊ ‘ရကသ’တွေကိုလည်း အပြီးတိုင် ဖျက်သိမ်းချေမှုန်းပစ် နိုင်ဖို့ အစီအစဉ်ရှိရှိနဲ့ လက်တွေ့ အကောင်အထည်ဖော်ပြလိုက် တာဖြစ်သလို သမိုင်းတစ်လျှောက် ကိုလိုနီအုပ်စိုးသူတွေလက်ထက် ကတောင် မတို့မထိဝံ့ခဲ့တဲ့ သမိုင်း အစဉ်အလာ ကြီးမားလှတဲ့ ‘ကျောင်းသားသမဂ္ဂ အဆောက် အအုံကြီး’ကိုပါ မိုက်မိုက်ရိုင်းရိုင်း နဲ့ ဒိုင်းနမိုက်ကပ်ပြီး ဖြိုချဖျက်ဆီး ပစ်ခဲ့ပါတယ်။

ဗမာပြည်သမိုင်းမှာ အုပ်စိုး သူ အဆက်ဆက် ဘယ်သူမှ မလုပ်ဝံ့ခဲ့တာတွေကို ကောက် ကောက်ကျစ်ကျစ် ယုတ်ယုတ်မာ မာနဲ့ ပေါ်ပေါ်ထင်ထင်ရမ်းကားပြ ခဲ့တာပဲဖြစ်ပါတယ်။ တက္ကသိုလ် နဲ့ မဝေးလှတဲ့ မြန်မာ့အသံ အသံ လွှင့်ရုံထဲမှာကို တော်လှန်ရေး ကောင်စီဝင်တွေရော ရဲချုပ်ပါ ပါ ၀င်တဲ့ ‘အမိန့်ပေးကွပ်ကဲရေးရုံး’ဖွင့်လှစ်ထားပြီး တိုက်ရိုက်အ ကောင်အထည်ဖော်လုပ်ဆောင်ခဲ့ ကြတာဖြစ်ပါတယ်။

ဇူလိုင် ၇ ရက်နေ့မှာကျောင်း သားတွေကို ပစ်သတ်၊၈ရက်နေ့ မနက်အစောကြီးမှာပဲ သမဂ္ဂအ ဆောက်အအုံကြီးကိုပါ အုတ်ပုံတစပြင်ဖြစ်အောင် လုပ်ပြီးပြီးချင်း အဲဒီမနက်ပိုင်းမှာပဲ တော်လှန်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်နေ၀င်းရဲ့ ‘ဓားဓားချင်း၊ လှံ လှံချင်း၊ Face to Face ရင်ဆိုင်ဖို့ပဲ’ဆိုတဲ့ ရိုင်းပျမောက်မာလှတဲ့ စိန်ခေါ်သံမိန့်ခွန်းကြီးကို ရေဒီယိုကနေ အသံလွှင့် ကြေညာခဲ့ပါတယ်။ နောက်တစ်ရက်မှာတော့ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်နေ၀င်းဟာ ဒုတိယခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်အောင်ကြီးကို ယာယီတာဝန်လွှဲအပ်ပေးခဲ့ပြီး နိုင်ငံခြားကိုအပန်းဖြေခရီးထွက်သွား လိုက်ပါတော့တယ်။

အဲဒီလို ရက်ရက်စက်စက် ပြတ်ပြတ်သားသား အကောင်အ ထည်ဖော်ခဲ့ပြီး ကျောင်းသားသမဂ္ဂအဆောက်အအုံကြီးကိုပါ တစ်စစီဖြစ်အောင် လုပ်ဆောင်ပြခဲ့ ကြကာ အောင်မြင်စွာရှင်းလင်းပစ်လိုက်နိုင်ပြီးပြီအဖြစ် အဲဒီတုန်းက တော်လှန်ရေးကောင်စီတစ်အုပ်စု လုံး ချိုကြွမောက်မာ ၀မ်းသာအူ မြူးခဲ့ကြပေမယ့် ကာလသိပ်မကြာ ခင်မှာပဲ သမဂ္ဂကြီးရဲ့ အရိုးတွန် သံတွေကို အဆက်မပြတ်လိုလို ကြားလာရပြီးတဲ့နောက်၊ ဥက္ကဋ္ဌ ကြီးဆိုသူ ဗိုလ်နေ၀င်းကိုယ်တိုင် ချောက်ချားသွေးပျက်လာခဲ့ရပါ တော့တယ်။ သမိုင်းဝင်အဆောက် အအုံကြီးဖြစ်တဲ့ ‘သမဂ္ဂကြီး’ကို ဖျက်ဆီးခဲ့သူ ‘သမိုင်းတရားခံ’အ ဖြစ်ကနေ ရုန်းထွက်နိုင်ရေးအ တွက် ၁၉၆၈-၆၉ ၀န်းကျင်မှာ ဗိုလ်နေ၀င်းဟာ ‘၇ ရက် ဇူလိုင် အရေးတော်ပုံကာလ’က ‘ကွပ်ကဲရေးအဖွဲ့’မှာ ရှေ့တန်းကနေ ပါဝင်ခဲ့ကြသူတွေ တချို့ကို ခေါ်ယူပြီး ‘လှဟန်လာဦး’ ‘စောမြင့်လာဦး’ ‘ကျော်စိုးလာဦး’ဆိုပြီး ခေါ်ယူကာ‘‘အဲဒီနေ့က အဖြစ်အပျက်မှာ မင်း တို့ပါဝင်ခဲ့သမျှ ရေးကြစမ်း’’ဆိုပြီး အဲဒီပုဂ္ဂိုလ်တွေရဲ့ တစ်ဦးချင်းဆိုင် ရာ ‘တင်ပြချက်’တွေကို ရယူထား ရတဲ့အထိ ကိုယ်လွတ်ရုန်းနိုင်ဖို့ ပြင်ဆင်လာခဲ့ရပါတော့တယ်။

တော်လှန်ရေးကောင်စီအာ ဏာသိမ်းအဖွဲ့မှာ ဒုတိယခေါင်း ဆောင်ဖြစ်ခဲ့တဲ့ ဗိုလ်အောင်ကြီး (ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး) ကလည်း နောက်ပိုင်းမှာ သမဂ္ဂ အဆောက်အအုံကြီးကို ဖြိုတဲ့ကိစ္စ မှာ သူမဟုတ်၊ ဥက္ကဋ္ဌကြီးလည်း မဟုတ်တန်ရာ ဗိုလ်ကျော်စိုးလုပ် လိုက်တာဖြစ်မယ်ဆိုတဲ့ သဘော မျိုး ဟိုလိုလို ဒီလိုလို ဆင်ဝှေ့ရန် ရှောင်စကားတွေ ပြောဆိုလာခဲ့ ပြီး သမိုင်းတရားခံအဖြစ်ကနေ ရုန်းထွက်နိုင်ရေး ကြိုးစားလာတဲ့ အထိ ‘လိပ်ပြာလန့်’လာတာ တွေ့ ရပါတယ်။ ‘၇ ရက် ဇူလိုင်’ရဲ့ အရိုးတွန်သံ၊ သမဂ္ဂကြီးရဲ့ အရိုးတွန်သံ တွေက ဘယ်လောက်ထိအောင် များ မြည်ဟည်းရိုက်ခတ်ပြီး စစ်အာဏာရှင်တစ်သင်းကိုသွေးပျက် ချောက်ချားအောင် အဆက်မပြတ် ထိုးနှက်ထုပုတ်နေသလဲဆိုရင် မဆလပါတီရဲ့ ဥက္ကဋ္ဌကြီးဗိုလ်နေ ၀င်းဟာ ၁၉၈၈ ခုနှစ် ဇူလိုင်လထဲ မှာပဲ ရာဇပလ္လင်ပေါ်က ဆင်း ပေးကြောင်း ထုတ်ဖော်ကြေညာ လိုက်ရတဲ့ နောက်ဆုံးနုတ်ထွက် မိန့်ခွန်းထဲမှာ  အထိတောင် ‘‘သမဂ္ဂကြီးကို ဗုံးနဲ့ခွဲပစ်တဲ့ကိစ္စ ဟာ သူ့အမိန့်ပေးခဲ့တာ မဟုတ် ပါဘူး’’လို့ အထိတ်တလန့်ရှင်း လင်းတင်ပြရင်း ကိုယ်လွတ်ရုန်း နိုင်ဖို့ ကြိုးစားသွားခဲ့တာ တစ်ပြည် လုံး ကြားလိုက်ကြရပါတယ်။

အဲဒီမဆလရဲ့ နောက်ဆုံး အရေးပေါ်ညီလာခံမှာ ဗိုလ်နေ၀င်း က လွန်ခဲ့တဲ့ အချိန်ကာလတစ်ခု တုန်းကတည်းက အဲဒီကိစ္စနဲ့ပတ် သက်ပြီး ကွပ်ကဲရေးအဖွဲ့မှာ ကိုယ်တိုင်ပါဝင်ခဲ့ကြတဲ့ ဗိုလ်လှ ဟန်၊ ဗိုလ်ကျော်စိုး၊ ဗိုလ်စောမြင့် တို့ကို သီးသန့်ခေါ်ယူပြီး ‘‘အဲဒီနေ့ က အဖြစ်အပျက်မှာ မင်းတို့ပါဝင် ခဲ့ကြသမျှ သိသမျှ ရေးကြစမ်း’’လို့ ခိုင်းပြီး တင်ပြချက်တွေ ရယူထား တာရှိကြောင်း ထုတ်ဖော်ပြောဆို ရင်း သမဂ္ဂကြီးကို ဗုံးနဲ့ခွဲခဲ့တဲ့ အဓိ ကတရားခံဟာ ဗိုလ်အောင်ကြီး ပဲ ဖြစ်တယ်လို့ ဖော်ညွှန်းပြောဆို သွားခဲ့ပါတယ်။ အဲဒီကာလ မတိုင် ခင်ကတည်းကစပြီး သမဂ္ဂရဲ့ အ ရိုးတွန်သံ လာမှာမှန်းသိနေတဲ့ ဒု တိယခေါင်းဆောင်ဖြစ်သူ ဗိုလ် အောင်ကြီးကလည်း ဗိုလ်နေ၀င်း ထုတ်ဖော်မပြောဆိုမီကာလက တည်းက ‘‘သမဂ္ဂကြီးကို ဗုံးနဲ့ခွဲပြီး ဖြိုဖျက်ခဲ့တဲ့ကိစ္စမှာ သူမဟုတ်ရ ကြောင်း၊ ဥက္ကဋ္ဌကြီးလည်း ဟုတ် ဟန်မတူ၊ ဗိုလ်ကျော်စိုးပဲ လုပ် လိုက်တာဖြစ်မယ်’’ဆိုတဲ့ သဘော မျိုး၊ ထမင်းရည်ပူ၊ လျှာလွှဲပြတဲ့ ကိုယ်လွတ်ရုန်းမှုတွေကို တိုးတိုး တစ်ဖုံကျယ်ကျယ်တစ်မျိုး ပြောဆို ကြိုးစားနေခဲ့ရတာ အားလုံးသိကြ တဲ့ အတိုင်းပါပဲ။

ဗိုလ်နေ၀င်းကတော့ ‘ဓား ဓားချင်း၊ လှံလှံချင်း’ ဆိုတဲ့ မိန့်ခွန်းကို ပြောကြားခဲ့ရတာကိုတောင် သူ့အပြောအရကတော့ ‘သူက ခေါင်းဆောင်မို့၊ စုပေါင်းလုပ်တာကို တာဝန်ယူတဲ့ အနေနဲ့ ပြောရတာ’ အဖြစ် ပုံဖော်ရှင်းလင်း သွားခဲ့ပါတယ်။ အမှန်ကတော့ ဗိုလ်နေ၀င်းနဲ့ ဗိုလ်အောင်ကြီးဟာ သမဂ္ဂကြီးကို မိုက်မိုက်ရိုင်းရိုင်း ဗုံးနဲ့ခွဲ ဖျက်ဆီးခဲ့တဲ့ အယုတ်တမာ အမှုကြီးမှာ တစ်ယောက်က ‘တစ်တရားခံ’ဆိုရင် ကျန်တစ်ယောက်က ‘နံပါတ် ၂ တရားခံ’ ပါပဲ။ သမိုင်းတရားခံတွေအဖြစ်ကတော့ ပြေးမလွတ်ပါ။ဒါတွေကနေ ဘာကိုဖော်ပြနေသလဲဆိုတော့ မတရားမှု ယုတ် မာမှုကို ကျူးလွန်ခဲ့ကြတဲ့ စစ်ဘီ လူးကြီးတွေဟာ နောက်ဆုံးအချိန် အထိ ဒီအရေးတော်ပုံကြီးရဲ့ အရိုး တွန်းသံတွေကို အဖန်ဖန်အထပ် ထပ် ကြားနေရရင်း အသေအလဲ ခုခံကာကွယ် ငြင်းဆန်နေရရင်း အဆက်မပြတ်သွေးပျက် ချောက် ချားနေခဲ့ရတယ်ဆိုတာကို ဖော်ပြ နေတာပါပဲ။ နောက်ဆုံး ထွက် သက်တွေအထိလည်း သွေးပျက် ချောက်ချားသွားကြရမှာ အသေ အချာပဲ ဖြစ်ပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံ ကြီး ကာလအတွင်းတုန်းကလည်း မဆလနောက်ဆုံး သမ္မတကြီးလုပ် ခဲ့တဲ့ ဒေါက်တာမောင်မောင်က တိုက်ပွဲဝင်ကျောင်းသားထုကို လေပြည်ထိုးပြတဲ့အနေနဲ့ ‘‘ကျောင်း သားသမဂ္ဂအဆောက်အအုံ’’ကို ပြန်လည်ဆောက်လုပ်ဖို့ အတူ လက်တွဲပြီး ပျော်ပျော်ပါးပါး ပန္နက်ချရအောင်’’လို့ မရဲတရဲသွေး တိုးစမ်းကြည့်ခဲ့ဖူးပါသေးတယ်။ ကျောင်းသားတွေကို သတ်ဖြတ် ပြီး လက်မှာသွေးအထပ်ထပ် စွန်း နေသူတွေနဲ့အတူ လက်ရှိလည်း အသတ်ခံနေဆဲဖြစ်တဲ့ စစ်မှန်တဲ့ ကျောင်းသားတွေဟာ ကျောင်း သားသမဂ္ဂ အဆောက်အအုံကြီး ကို ပြန်ဆောက်ဖို့ ဘယ်လိုလုပ်ပြီး ပျော်ပျော်ပါးပါး အုတ်မြစ်ချ ပန္နက် ရိုက်ပြနိုင်ပါ့မလဲ။

ဒေါက်တာ မောင်မောင်ရဲ့ စကားဟာ အကောင်းဆုံးပြက် လုံးတစ်စလိုပဲ ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒါကလည်း ဘာကို ဖော်ပြနေသလဲဆိုတော့ ကျောင်း သားသမဂ္ဂ အဆောက်အအုံကြီး ကိစ္စဟာ အာဏာရှင်ဖောက်ပြန် ရေးသမား အုပ်စိုးသူတွေရဲ့ ရင် တွေထဲမှာလည်း လုံးဝဖျောက် ဖျက်ပစ်လိုက်လို့ မရတဲ့ကိစ္စကြီး အဖြစ် ဆန့်ကျင်ဘက်ကနေ အသိ အမှတ်ပြုထားရရင်း အမြဲလိုလို ချောက်ချား  သွေးပျက်နေရတဲ့ သဘော၊ တစ်နေ့နေ့မှာ မုချကို မလွှဲမသွေ ပြန်လည်ပေးဆပ်ရ မယ့် ‘သွေးကြွေး-သမိုင်းကြွေး’ ရှိနေတာကို လက်ခံအသိအမှတ်ပြု ထားလိုက်ရတဲ့ သဘောလို့ ယူဆ ချင်ပါတယ်။

၇ ရက် ဇူလိုင်အရေးတော် ပုံကြီးဟာ နောက်နှစ်မှာဆိုရင် နှစ် ၅၀ တင်းတင်းပြည့်ပါတော့မယ်။ တော်လှန်တဲ့ ကျောင်းသားလှုပ် ရှားမှု၊ ကျောင်းသား သမိုင်းနဲ့ ဆက်စပ်နေတဲ့၊ ကျောင်းသားတွေ ရဲ့ အရေးတော်ပုံနဲ့ သပိတ်တွေကို သင်္ကေတပြုအမှတ်အသားပြုပြီး ဖော်ပြကြည့်မယ်ဆိုရင် နယ်ချဲ့ ဆန့်ကျင်ရေး အမျိုးသားလွတ် မြောက်ရေးခေတ်ကာလတုန်းက တော့ ၁၉၃၆ ကျောင်းသားသပိတ် ကြီးရဲ့ အမှတ်အသားဟာ ကိုနု၊ ကိုအောင်ဆန်း ၁၉၃၈ အထွေ ထွေသပိတ်အရေးတော်ပုံကြီးရဲ့ အမှတ်အသားဟာ ကိုဗဟိန်း (သခင်ဗဟိန်း)၊ ကိုလှရွှေ (ဒေါက် တာလှရွှေ)လို့ ဆိုကြပါတယ်။

ဒီလိုဆိုရင် ဗမာပြည်လွတ် လပ်ရေးကြေညာပြီးနောက်ပိုင်း စစ်အာဏာရှင်အုပ်စိုးမှု ဆန့်ကျင် ရေးတိုက်ပွဲတွေအတွင်းက ၁၉၆၂-၇ ရက် ဇူလိုင်အရေးတော်ပုံကြီး ရဲ့ အမှတ်အသားဟာ ဘယ်သူ တွေဖြစ်မလဲ။

 ကျွန်တော်ကတော့ ကျွန် တော့်ရဲ့ တစ်ဦးချင်းအမြင်အရ ၁၉၆၂-၇ ရက် ဇူလိုင်အရေးတော် ပုံကြီးရဲ့ အမှတ်အသားကတော့ ကိုသက်(ဗကသ)၊ ကိုဗဆွေလေး (တကသ) လို့ပဲ ဆိုလိုက်ချင်ပါ တယ်။ သတ်မှတ်လိုက်မိပါတယ်။

နောက်ထပ် အမြဲလိုလိုအ မှတ်ရနေသင့်တာ တစ်ခုကတော့ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒဏ် ရာပြင်းပြင်းထန်ထန် ရနေတဲ့ကြား က မြောင်းမြသားတက္ကသိုလ် ကျောင်းသား ‘ကိုကျော်ဝင်း’ဟာ သူ့ခန္ဓာကိုယ်ပေါ်က စီးကျလာနေ တဲ့ သွေးတွေနဲ့ကို မန္တလေးဆောင် နံရံပေါ်မှာ ရေးထိုးပြသွားခဲ့တဲ့ ‘‘ ၇ ရက် ဇူလိုင်မမေ့ကြနဲ့’’ ဆိုတဲ့ သွေးသစ္စာကမ္ပည်းစာတန်းလို့ပဲ ဆိုလိုက်ချင်ပါတယ်။   ။
===================    
251 / End