၉ ဇူလိုင် ၂၀၁၆ - ၁၈:၀၀
မတ္တရာမှ လယ်သိမ်းခံတောင်သူ ၇၂ ဦး ထွန်တုံးတိုက်ပွဲကြောင့် ဒဏ်ငွေချမှတ်ခံရ

သိမ်းဆည်းခံလယ်ယာ မြေများ ပြန်လည်ရရှိရေး ထွန်တုံး တိုက်ပွဲကြောင့် မတ္တရာမြို့နယ်မှ တောင်သူ ၇၂ ဦးကို ပုဒ်မ ၄၄၇ ၊ ၄၂၇၊ ၁၈၆ တို့ဖြင့် ဒဏ်ငွေငါးရာ ကျပ်နှင့် သုံးထောင်ကျပ်စီ အသီး သီးပေးဆောင်ရန် မတ္တရာမြို့နယ် တရားရုံးက ဇူလိုင် ၈ ရက်တွင် အ မိန့်ချလိုက်ကြောင်း သတင်းရရှိ သည်။ မြို့နယ်တရားသူကြီးက တောင်သူများသည် သိမ်းဆည်းခံ လယ်ယာမြေများအတွင်း ၀င် ရောက်ထွန်ယက်စိုက်ပျိုးခဲ့ခြင်း ကြောင့် အပြစ်ရှိသည်ဟုဆိုကာ ကျူးကျော်ဖျက်ဆီးမှု ပုဒ်မများဖြင့် ဒဏ်ငွေများအသီးသီးပေးဆောင် ရန် အမိန့်ချမှတ်ခဲ့သည်။ မတ္တရာမြို့နယ်ရှိ ကျေးရွာ ၁၁ ရွာမှ လယ်မြေသိမ်းဆည်းခံ တောင်သူများသည် ဦးသိန်းစိန်အ စိုးရလက်ထက်တွင် လယ်ယာမြေ များပြန်လည်ရရှိရေး ထွန်တုံးတိုက်ပွဲများဆင်နွှဲခဲ့ပြီး ၂၀၁၄ မှစတင် ကာ ပုဒ်မအသီးသီးဖြင့် တရားစွဲ ဆိုခံထားရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


သိမ်းဆည်းခံလယ်ယာ မြေများ ပြန်လည်ရရှိရေး ထွန်တုံး တိုက်ပွဲကြောင့် မတ္တရာမြို့နယ်မှ တောင်သူ ၇၂ ဦးကို ပုဒ်မ ၄၄၇ ၊ ၄၂၇၊ ၁၈၆ တို့ဖြင့် ဒဏ်ငွေငါးရာ ကျပ်နှင့် သုံးထောင်ကျပ်စီ အသီး သီးပေးဆောင်ရန် မတ္တရာမြို့နယ် တရားရုံးက ဇူလိုင် ၈ ရက်တွင် အ မိန့်ချလိုက်ကြောင်း သတင်းရရှိ သည်။

မြို့နယ်တရားသူကြီးက တောင်သူများသည် သိမ်းဆည်းခံ လယ်ယာမြေများအတွင်း ၀င် ရောက်ထွန်ယက်စိုက်ပျိုးခဲ့ခြင်း ကြောင့် အပြစ်ရှိသည်ဟုဆိုကာ ကျူးကျော်ဖျက်ဆီးမှု ပုဒ်မများဖြင့် ဒဏ်ငွေများအသီးသီးပေးဆောင် ရန် အမိန့်ချမှတ်ခဲ့သည်။

မတ္တရာမြို့နယ်ရှိ ကျေးရွာ ၁၁ ရွာမှ လယ်မြေသိမ်းဆည်းခံ တောင်သူများသည် ဦးသိန်းစိန်အ စိုးရလက်ထက်တွင် လယ်ယာမြေ များပြန်လည်ရရှိရေး ထွန်တုံးတိုက်ပွဲများဆင်နွှဲခဲ့ပြီး ၂၀၁၄ မှစတင် ကာ ပုဒ်မအသီးသီးဖြင့် တရားစွဲ ဆိုခံထားရသည်။

မတ္တရာမြို့နယ်တွင် လယ် ယာမြေပြန်လည်ရရှိရေးဆောင် ရွက်၍ တရားစွဲဆိုခံထားရသည့် တောင်သူ ၁၀၀ ကျော်ရှိသည့်အ နက် အမှုရင်ဆိုင်သည့်ကာလတစ် နှစ်ကျော်၌ တောင်သူ ၇၂ ဦးကို ပုဒ်မသုံးခုဖြင့် အမိန့်ချခဲ့သည်။

‘‘ကျွန်တော်တို့ အမှုတွေအ တွက် ဒဏ်ငွေ ၃,၀၀၀၊ ၅၀၀ အသီး သီးကျခဲ့ပေမယ့် ကျွန်တော်တို့တစ် နှစ်ကျော်အကြာ အချိန်တွေ၊ ငွေ တွေအကုန်ခံ ဒုက္ခအသီးသီးနဲ့ တရားရင်ဆိုင်ခဲ့ရပါတယ်။ အခုလို သက်သက်ညှာညှာချပေးတဲ့အ တွက် တရားသူကြီးကို ကျေးဇူး တင်ပါတယ်။ ဒါပေမဲ့ နောက်ထပ် ကျန်တဲ့ အမှုတွေကိုရင်ဆိုင်ချင်မှ ရင်ဆိုင်တော့မှာပါ’’ဟု အမှုသုံးခု ဖြင့် ဒဏ်ငွေပေးဆောင်ခဲ့ရသည့် မတ္တရာမြေသိမ်းခံတောင်သူ ကိုရဲ ရင့်အောင်က ပြောသည်။

မတ္တရာမြို့နယ်ရှိ ရေနံ့သာ၊ ကျောက်စရစ်မြှောက်၊ ကျောက်စ ရစ်တောင်၊ မွှေရွှေခဲ၊ တမာကုန်း၊ စကျင်ကျောက်၊ လင့်စဉ်ကုန်း စသည့်ရွာများမှ လယ်ယာမြေများ ကို ယခင်အစိုးရအဆက်ဆက် ၀န် ကြီးဌာနများဖြစ်သည့် သမ၀ါယမ ၀န်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနများက လယ် ယာမြေ ၁,၅၀၀ ခန့် သိမ်းယူထား ကြောင်း ဒေသခံတောင်သူများက ပြောသည်။

ဇွန်လတတိယပတ်တွင် မတ္တရာမြို့နယ် ရေနံ့သာကျေးရွာရှိ ကျန်းမာရေးဝန်ကြီးဌာနက သိမ်းယူထားသော လယ်ယာမြေဧက ၁,၃၂၉ ကို ပြည်ထောင်စုအစိုး ရ၏ အမိန့်ဖြင့် စွန့်လွှတ်ခဲ့ပြီး ဇူလိုင် ၉ ရက်၌ နိုင်ငံတော် ဒုသမ္မတတစ်ဦးတက်ရောက်ကာ အခမ်းအနားဖြင့် တောင်သူများကိုလွှဲပြောင်းပေးမည်ဖြစ်ကြောင်း တိုင်ဒေသကြီးအစိုးရအဖွဲ့မှ သိရ သည်။

===================    
251 / End