အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ ထိပ်သီးအစည်းအ ဝေးကို ဇူလိုင် ၂၆ရက်မှစ၍ လေး ရက်ကြာ ကေအိုင်အိုထိန်းချုပ်နယ်မြေမိုင်ဂျာယန်တွင် ပြုလုပ် မည်ဖြစ်ကြောင်း သတင်းရရှိသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ရေးထိုးထားသည့်အဖွဲ့ ရှစ်ဖွဲ့မှ ကိုယ်စားလှယ်များနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုး များဖက်ဒရယ်ကောင်စီ (UNFC) မှ နိုင်ငံရေးဆွေးနွေးမှု ကိုယ်စား လှယ်အဖွဲ့(DPN)တို့သည် ထိုင်း နိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင် ၈ ရက် က တွေ့ဆုံဆွေးနွေးပြီးနောက် အ ထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
၂၁ရာစုပင်လုံညီလာခံအ တွက် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များဘက်က ဘုံသဘော ထားတစ်ခုချမှတ်ရန် ကြိုတင်ပြင် ဆင်ခြင်းအဖြစ် ထိပ်သီးအ စည်းအဝေး ပြုလုပ်ခြင်းဖြစ် ကြောင်း ကရင်အမျိုးသားအစည်း အရုံးအတွင်းရေးမှူးဖဒိုစောကွယ်ထူးဝင်းက မီဒီယာများအားပြော ကြားသည်။ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် NCA ရေးထိုးထားခြင်းမရှိသည့် အဖွဲ့များနှင့် လက်မှတ်ရေးထိုးထားသည့်အဖွဲ့ စုစုပေါင်း၂၁ ဖွဲ့ကို ဖိတ်ကြားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
‘‘ကျွန်တော်တို့အခုထိတော့ ဖိတ်စာ၊ အကြောင်းကြားစာ မရ သေးဘူး။ ရရင်တော့ တက်မှာပါ’’ ဟု PSLF/TNLA မှ ဗိုလ်မှူးကြီး တာ့ဖုန်းကျော်ကပြောသည်။
တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ ထိပ်သီးအစည်းအဝေးများကို ယခင်စစ်အစိုးရလက်ထက်က ကေအိုင်အိုဗဟိုဌာနချုပ် တည်ရှိရာ လိုင်ဇာတွင်နှစ်ကြိမ်၊ KNU ဌာနချုပ်လော်ခီးလာ၌ နှစ်ကြိမ်နှင့် ‘၀’ အဖွဲ့ဌာနချုပ် တည်ရှိရာ ပန်ဆန်းတွင်နှစ်ကြိမ်ပြုလုပ်ခဲ့သည်။
===================
251 / End