အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ထိုင်းနိုင်ငံရှိ ဂျယ်လီ စက်ရုံမှ ဆန္ဒပြမြန်မာလုပ်သား ၁၅၇ ဦးအနက် ၇၈ ဦးကို ထိုင်း နိုင်ငံ မဲဆောက်မှတစ်ဆင့် မြန်မာ နိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း အလုပ် သမား ညွှန်ကြားမှု ဦးစီးဌာနက ကြေညာသည်။
‘‘ဆန္ဒပြတဲ့သူက ၁၅၇ ဦးပါ။ အဲဒီထဲမှာ၃၈ ဦးကတော့ အဲဒီမှာ အလုပ်လုပ်မယ်ဆိုပြီးနေခဲ့ပါ တယ်။ မဲဆောက်ကိုတော့ ၇၈ ဦး ရောက်ပါပြီ။ မဲဆောက်ကနေပြီး သူတို့ကို မြန်မာပြည်ကို ပြန်ပို့ပေး တာဖြစ်ပါတယ်’’ဟုအလုပ်သမား ညွှန်ကြားမှုဦးစီးဌာန ဒုညွှန်ကြား ရေးမှူးချုပ် ဒေါ်ခင်နွေဦးက နိုင်ငံ ပိုင်မီဒီယာအားဖြေကြားသည်။
ထိုင်းနိုင်ငံ လှပူရီမြို့နယ်ရှိ SIAMRACHABURI ဂျယ်လီ စက်ရုံတွင် မြန်မာလုပ်သား ၅၀၀ ခန့် အလုပ်လုပ်ကိုင်လျက်ရှိရာ ညဆိုင်း လုပ်ကိုင်သော မြန်မာ လုပ်သား ၂၀၀ ခန့်သည် ဇူလိုင် ၆ ရက်က အလုပ်သမား အခွင့်အရေးများ အပြည့်အ၀ပေးရန် တောင်းဆိုရာ စက်ရုံပိုင်ရှင်က ယင်းညတွင်းချင်း အလုပ်မှ ထုတ် ပယ်ခဲ့ခြင်းဖြစ်သည်။
ဂျယ်လီ စက်ရုံမှ အလုပ် ထုတ်ခံရသော မြန်မာလုပ်သား များအနက် MoU စာချုပ်ဖြင့် လာ ရောက်လုပ်ကိုင်သော မြန်မာလုပ် သား ၁၆၇ ဦးကို ဇူလိုင် ၉ ရက် ညနေတွင် ထိုင်းအာဏာပိုင်များ က ကားပေါ်သို့ အတင်းအကျပ် တင်၍ မြန်မာနိုင်ငံသို့ ပြန်ပို့ရန် မဲဆောက်မြို့သို့ ခေါ်ဆောင်သွား ကြောင်း ပြန်ပို့ခံရသော မြန်မာ လုပ်သားများက ကနဦး 7Day Daily အား ပြောကြားခဲ့သည်။ ထို့ ကြောင့် ကနဦးရရှိသော သတင်း နှင့် အစိုးရထုတ်ပြန်ချက် ကွာဟ နေသည်။
ထိုင်းနိုင်ငံတွင် မြန်မာဘက် မှ အထောက်အထားမဲ့ဖြင့် အ လုပ် သွားရောက်လုပ်ကိုင်သူ ၁ ဒသမ ၆ သန်းကျော်ရှိနေပြီး MoU ဖြင့် စေလွှတ်သည့်ဦးရေမှာ ၂၀၀,၀၀၀ ကျော်သာရှိကြောင်း ဒေါ်ခင်နွေဦးကဆိုသည်။
ထိုင်းနိုင်ငံသို့ အလုပ်သမား စေလွှတ်သည့် အေဂျင်စီ ၈၅ ခု ရှိသည့်အနက် အမှုကိစ္စများဖြစ် ပွားသဖြင့် အေဂျင်စီသုံးခုကို အ ပြီးရုပ်သိမ်းခဲ့ကြောင်း ဒေါ်ခင်နွေ ဦးကပြောသည်။
အမှုဖြစ်နေသည့် အေဂျင်စီ ၁၂ ခုအနက် အမှုဖြေရှင်းပြီးသည့် အေဂျင်စီငါးခုကို ပြန်လည်ဖွင့် ပေးလိုက်ပြီဖြစ်ကြောင်း ၎င်းက ပြောသည်။ ကျန်ခုနစ်ခုကို အမှု စိစစ်ဆဲဖြစ်၍ ခေတ္တ ပိတ်ထား သည်။
===================
251 / End