၁၆ ဇူလိုင် ၂၀၁၆ - ၁၉:၂၉
လုံခြုံရေးစိန်ခေါ်ချက်များ၊ မူးယစ်နှင့် ခြစားမှုတိုက်ဖျက်ရေးတို့တွင် ပိုမိုပူးပေါင်းဆောင်ရွက်ကြရန် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး၌ သမ

ဖွံ့ဖြိုးတိုးတက်ရေး၊ ပုံ မှန်မဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ရေး၊ မူးယစ်ဆေးဝါးကုန်ကူးမှုနှင့် ခြ စားမှု တိုက်ဖျက်ရေး စသည်တို့ တွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန် ဇူလိုင် ၁၅ ရက်က ပြုလုပ်သော အာရှ-ဥရောပထိပ်သီးအစည်း အဝေး (ASEM) ၌ အာရှနှင့် ဥရောပ ခေါင်းဆောင်များအား သမ္မတ ဦးထင်ကျော်က တိုက် တွန်းခဲ့သည်။ ဥရောပနိုင်ငံပေါင်း ၃၀ နှင့် မိတ်ဖက်အာရှနိုင်ငံပေါင်း ၂၀ တို့ မှ နိုင်ငံ့ခေါင်းဆောင်များ၊ဥရောပ ကောင်စီဥက္ကဋ္ဌ၊ ဥရောပကော်မ ရှင်ဥက္ကဋ္ဌ၊ အီးယူနိုင်ငံခြားရေးရာ နှင့် လုံခြုံရေးမူဝါဒ အထူး ကိုယ် စားလှယ်၊ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်တို့တက်ရောက် နေသော ASEM အစည်းအဝေး တွင် သမ္မတဦးထင်ကျော်က အ နာဂတ်၌ ပိုမိုပူးပေါင်းကြရန် အ သားပေး ပြောကြားခဲ့သည်။ ‘‘ကွန်ရက်ချဲ့ထွင်မှု၊ ရေရှည် တည်တံ့တဲ့ ဖွံ့ဖြိုးရေးအစီအစဉ်၊ ပုံမှန်မဟုတ်တဲ့ လုံခြုံရေး စိန်ခေါ် မှုတွေကို ကိုင်တွယ်ရေး၊ တရား ဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး ကုန်ကူးမှုနဲ့ ခြစားမှု၊ ဖွံ့ဖြိုးရေးနဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲ မှုဆိုတဲ့ ကျွန်တော်တို့ရဲ့ဘုံအကျိုး စီးပွားနယ်ပယ်တွေကို ကျွန်တော် တို့ တိုးချဲ့သင့်ပါတယ်’’ဟု ဦး ထင်ကျော်က ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဖွံ့ဖြိုးတိုးတက်ရေး၊ ပုံ မှန်မဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ရေး၊ မူးယစ်ဆေးဝါးကုန်ကူးမှုနှင့် ခြ စားမှု တိုက်ဖျက်ရေး စသည်တို့ တွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန် ဇူလိုင် ၁၅ ရက်က ပြုလုပ်သော အာရှ-ဥရောပထိပ်သီးအစည်း အဝေး (ASEM) ၌ အာရှနှင့် ဥရောပ ခေါင်းဆောင်များအား သမ္မတ ဦးထင်ကျော်က တိုက် တွန်းခဲ့သည်။

ဥရောပနိုင်ငံပေါင်း ၃၀ နှင့် မိတ်ဖက်အာရှနိုင်ငံပေါင်း ၂၀ တို့ မှ နိုင်ငံ့ခေါင်းဆောင်များ၊ဥရောပ ကောင်စီဥက္ကဋ္ဌ၊ ဥရောပကော်မ ရှင်ဥက္ကဋ္ဌ၊ အီးယူနိုင်ငံခြားရေးရာ နှင့် လုံခြုံရေးမူဝါဒ အထူး ကိုယ် စားလှယ်၊ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်တို့တက်ရောက် နေသော ASEM အစည်းအဝေး တွင်  သမ္မတဦးထင်ကျော်က အ နာဂတ်၌ ပိုမိုပူးပေါင်းကြရန် အ သားပေး ပြောကြားခဲ့သည်။

‘‘ကွန်ရက်ချဲ့ထွင်မှု၊ ရေရှည် တည်တံ့တဲ့ ဖွံ့ဖြိုးရေးအစီအစဉ်၊ ပုံမှန်မဟုတ်တဲ့ လုံခြုံရေး စိန်ခေါ် မှုတွေကို ကိုင်တွယ်ရေး၊ တရား ဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး ကုန်ကူးမှုနဲ့ ခြစားမှု၊ ဖွံ့ဖြိုးရေးနဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲ မှုဆိုတဲ့ ကျွန်တော်တို့ရဲ့ဘုံအကျိုး စီးပွားနယ်ပယ်တွေကို ကျွန်တော် တို့ တိုးချဲ့သင့်ပါတယ်’’ဟု ဦး ထင်ကျော်က ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

မွန်ဂိုလီးယားနိုင်ငံက အိမ် ရှင်အဖြစ် ကျင်းပနေသောASEM  အစည်းအဝေးကို ‘အာဆမ်၏ အ နှစ် ၂၀ အနာဂတ်အတွက် ချိတ် ဆက်မှုမှတစ်ဆင့် မိတ်ဖက်ဖွဲ့ ဆောင်ရွက်ခြင်း’ ဟူသော ခေါင်း စဉ်ဖြင့် ဇူလိုင် ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ကျင်းပနေသည်။

ပြင်သစ်နိုင်ငံတွင်လောလော လတ်လတ်ဖြစ်ပွားသော လူ ၈၄ ဦးထက်မနည်း သေစေခဲ့သည့် အ ကြမ်းဖက်တိုက်ခိုက်မှုအကြောင်း ဖြင့် အစည်းအဝေးပထမနေ့ကို ဖွင့်လှစ်ခဲ့သည်။ စီးပွားရေး ပူး ပေါင်းဆောင်ရွက်မှုနှင့်ယူရေးရှန်း ချိတ်ဆက်မှု၊ တောင်တရုတ် ပင် လယ်တွင် ပထ၀ီဝင်နိုင်ငံရေး  ပဋိ ပက္ခများနှင့် နယ်မြေအငြင်းပွားမှု များ အစရှိသည့် ထိပ်သီးညီလာခံ ၏ မူလအစီအစဉ်နှင့်အတူ လတ် တလော အကြမ်းဖက်တိုက်ခိုက်မှု အပေါ် ထည့်သွင်းဆွေးနွေးကြရန် ရှိနေသည်။ သမ္မတဦးထင်ကျော် ကလည်း ၎င်း၏မိန့်ခွန်းကို မပြော ကြားမီ ပြင်သစ်ပြည်သူများအ တွက် စာနာကြောင်း ဦးစွာပြော ကြားခဲ့သည်။

မွန်ဂိုလီးယား ခရီးစဉ်သည် သမ္မတသစ် ဦးထင်ကျော်၏ လာအိုနှင့် ရုရှားခရီးစဉ်ပြီးနောက် တတိယမြောက် နိုင်ငံတော် အဆင့် တရားဝင်ပြည်ပခရီး စဉ် ဖြစ်သည်။

===================    
251 / End