အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဒေါ်အောင်ဆန်းစုကြည်- သူအလုပ်ကပြန်လာတဲ့အခါတိုင်း ကျွန်မကို ချီတာတော့ မှတ်မိပါတယ်။ ဒါပေမဲ့ ဒါက သူများတွေက ကျွန်မကို ထပ်တလဲလဲ ပြောနေကြလို့ မှတ်မိနေတာလည်း ဖြစ်နိုင်တယ်။ တစ်ချို့ပြောရရင်တော့ ကျွန်မကို သူ့ကို မေ့လို့မသွားအောင် လုပ်ကြတာပေါ့။ ဒါဟာ တကယ်အ မှတ်ရတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် လူတွေက ကျွန်မကို ပြောကြလွန်းလို့ စိတ်ထဲမှာ ပုံဖော်တာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့လည်း ကျွန်မမှတ်မိတယ်လို့ ထင်တာကတော့ ဘယ်အချိန်မဆို ဖေဖေအလုပ်က ပြန်လာတော့ မယ်ဆိုရင် ဖေဖေ့ကို တွေ့ရ အောင်၊ ကျွန်မကို သူချီအောင်လို့ အစ်ကိုနှစ်ယောက်နဲ့ ကျွန်မက လှေကားနားကို ပြေးသွားကြတာ ပဲ။
ခင်ဗျားအဖေကို နေ့တိုင်းသတိရ ပါသလား။
နေ့တိုင်းတော့ မဟုတ်ပါ ဘူး။ တချို့လူတွေ ကျွန်မကို ထင် နေကြသလို သူ့ကို စွဲလမ်းတမ်းတ နေတာမျိုးတော့ မရှိဘူး။ ကျွန်မရဲ့သူ့အပေါ် စိတ်ထားက တကယ့်ကို လေးလေးစားစားရှိတာ။ ကြည် ညိုမြတ်နိုးချစ်ခင်တာပါ။ စွဲလမ်း တမ်းတမှုတော့ မဟုတ်ပါဘူး။
ခင်ဗျားရဲ့ရုပ်ရည်သွင်ပြင်၊ မြန်မာပြည်လွတ်လပ်ခွင့်ရလာရေးမှာ ခင်ဗျားရဲ့ ထင်ရှားတဲ့ ခေါင်း ဆောင်မှု၊ တူညီတဲ့ ပြောစကား တွေ၊ ဆင်တူစည်းမျဉ်းတွေမှာ စ သည်ဖြင့် လူတွေက ခင်ဗျားအဖေ နဲ့ ခင်ဗျားကို နှိုင်းယှဉ်ကြတယ်။ ခင်ဗျားတို့နှစ်ယောက်နဲ့ မတူကွဲ ပြားမှုက ဘာလဲ။ ဘာတွေမှာ မတူကြတာလဲ။ သိသိသာသာမဟုတ် ရင်တောင် နိုင်ငံရေးမှာ မူဝါဒတို့၊ အတွေးအခေါ်တို့ပေါ့ဗျာ။
ကျွန်မတို့နှစ်ယောက်မှာ ကြီး ကြီးမားမား ကွဲပြားခြားနားမှုတော့ မရှိဘူး။ သူက ကျွန်မထက်ပိုပြီး ကောင်းတဲ့ လူတစ်ယောက်ပါ။ ဒါ တမင် ကိုယ့်ကိုယ်ကိုယ်နှိမ့်ချ တယ်လို့ ထင်ရအောင် ကျွန်မပြောနေတာမဟုတ်ပါဘူး။ ဖေဖေက တိုင်းပြည်အတွက် တာဝန်ယူလို တဲ့ စိတ်နဲ့ မွေးဖွားလာတဲ့ လူတွေ ထဲက တစ်ယောက်ပါ။ ကျွန်မ ထက် အများကြီး ကြီးကျယ်မြင့် မြတ်ပါတယ်။ သူစကျောင်းတက် တဲ့အချိန်ကတည်းကစပြီး သူက အရမ်း ကြိုးစားတဲ့လူဖြစ်သလို မှန်ကန်ဖြောင့်မတ်သူပါ။ ကျွန်မက အဲဒီလိုမျိုးမဟုတ်ဘူး။ ဆရာနဲ့ ဘာသာရပ်ကို ကြိုက်မှသာ ကျွန်မက ကြိုးစားတယ်။ တာဝန်ယူ တတ်မှုနဲ့ ကြိုးစားမှုကို ကျွန်မကရအောင် လုပ်ပြီး မွေးယူခဲ့ရတယ်။ ဒါက ကျွန်မတို့နှစ်ယောက်ရဲ့မတူညီမှုတစ်ခုဖြစ်လိမ့်မယ်။
ဒါပေမဲ့ သဘောထားမှာ တော့ ကျွန်မတို့အကြား သိသိသာ သာကွဲပြားနေတာမျိုး မရှိပါဘူး။ အမှန်က ကျွန်မအဖေဘဝအ ကြောင်း စပြီး သုတေသနလုပ်မှ ကျွန်မတို့နှစ်ယောက်အကြား တူ ညီတာတွေကို သိလာရတယ်။ ကျွန်မတို့နှစ်ယောက် အတွေးတွေ ဟာ အရမ်းတူနေတာတွေ့တော့ အံ့အားသင့်မိတယ်။
တချို့အတွေးတွေ၊ ခံစားမှု တွေကို ဒါ ငါ့ကိုယ်ပိုင်အတွေး တွေလို့ ကျွန်မက ထင်ထားခဲ့တာ။ နောက်မှ ဒါတွေကို ဖေဖေက တွေးခဲ့ပြီးသားဆိုတာကို ကျွန်မသိလာ ခဲ့ရတယ်။
ခင်ဗျားရေးထားတဲ့ ခင်ဗျားအဖေ အကြောင်း စာအုပ်ထဲက ဒီစာပိုဒ် ကို ကျွန်တော်ဖတ်မိတယ်။ ‘‘သူ သည် ခွတီးခွကျလူတစ်ယောက် ဖြစ်၏။ သူ့စိတ်သဘောထား၊ သပ် သပ်ရပ်ရပ် မနေတတ်ခြင်း၊ စိတ် ဆိုးလျှင် တိတ်တဆိတ်နေခြင်း၊ စကားအများကြီးပြောတတ်ခြင်း နှင့် သူ၏တစ်ဖြောင့်တည်းသမား အပြုအမူများကို အကြီးအကျယ် ဝေဖန်မှုများခံခဲ့ရသည်။ သူကိုယ် တိုင်ကလည်း အပေါ်ယံမှာ ယဉ်ကျေးသိမ်မွေ့ချင်ယောင်ဆောင် သောသူများနားမှာ မနေချင်သည့်အတွက် သူတို့နှင့် ခပ်ဝေးဝေးမှာ ယဉ်ကျေးမှုမရှိသော သူတစ်ယောက်အဖြစ်နှင့် နေသည်ဟု ဝန်ခံပြောခဲ့ဖူးသည်’’ အဲဒီအတိုင်း ဆိုရင် သူက တကယ် တဲ့တိုးပုံစံနဲ့ လူကြမ်းတစ်ယောက်လိုပဲနော်။
တကယ်တော့ ဖေဖေက လူ ကြမ်း လူရိုင်းတော့ မဟုတ်ပါဘူး။ သူက တကယ့်ကို တစ်ဖြောင့် တည်းသမား၊ လူ့အသိုင်းအဝိုင်း ကြားက အပေါ်ယံတွေကို သည်း မခံတတ်တာ။ ဒါပေမဲ့ တစ်ချိန် တည်းမှာပဲ သူက မကောင်းတာ တွေကို ပြုပြင်ပြီး လိုက်လျောညီ ထွေဖြစ်အောင် လုပ်ယူတဲ့သူပါ။ ဒါကြောင့်လည်း သူဟာ ကြီးကျယ် မြင့်မြတ်တဲ့ ခေါင်းဆောင်တစ် ယောက်ဖြစ်ခဲ့တာလို့ ကျွန်မထင် တယ်။ ဒါပေမဲ့ လူတွေအားလုံးအ တွက် သူက ခေါင်းဆောင်ဖြစ်ခဲ့ တော့ သူ့ရဲ့ယဉ်ယဉ်ကျေးကျေး မရှိတာ၊ အပြုံးအရယ်နည်းတာ၊ လူမှုရေးမှာ အားနည်းတာက ပြဿနာကြီးပေါ့။ ဒါပေမဲ့ သူက တိုင်းပြည်ခေါင်းဆောင်တစ် ယောက် မပြုမူသင့်တာတွေကို တော့ မလုပ်ခဲ့သူပါ။ သူသေဆုံး ချိန်အထိ သူ့ရဲ့ဂုဏ်သိက္ခာ၊ တိုင်း ပြည်ရဲ့ဂုဏ်ကို ထိန်းသိမ်းခဲ့ တယ်။ သူ့ရဲ့တာဝန်တွေကို လေး လေးနက်နက် ထမ်းဆောင်ခဲ့ တယ်။
သူ့အကြောင်းကို တွေးမိတဲ့အခါ တိုင်း ခင်ဗျားခေါင်းထဲကို ဘာက အရင်ဆုံးရောက်လာပါသလဲ။
ပထမဆုံးကတော့ ဖေဖေ ဟာ လေ့လာသင်ယူနိုင်ယူစွမ်းရှိ တဲ့သူဆိုတာရယ်။ တစ်ချိန်လုံး လေ့လာနေတဲ့လူမျိုးဆိုတာပဲ။ သူ က သဘာဝအရကို သူ့ကိုယ်သူ ယုံကြည်မှုရှိတယ်။ ဒါက သူ့အမှားကို သူမသိတဲ့လူမျိုးလို့ ဆိုလိုတာ မဟုတ်ဘူးနော်။ သူက အမှားတွေ ကိုလည်း သိတယ်။ ဒါတွေကို တိုး တက်ပြုလုပ်ဖို့ လိုတယ်ဆိုတာကို လည်း သိတယ်။ သူက တစ်ချိန် လုံး သူ့ဘာသာလည်း တိုးတက်ဖို့ လုပ်နေတဲ့လူမျိုး။ ဒီနေရာမှာ အဓိကကတော့ ကိုယ်ကျင့်သိက္ခာ ကောင်းတာရယ်၊ အမှားကို ပြင် ပြီး တိုးတက်ဖို့ ကြိုးစားတာတွေ က သူ့ကို သူဖြတ်သန်းခဲ့သမျှ အရာအားလုံးမှာ အားလုံးက လက်ခံနိုင်တဲ့သူ ဖြစ်လာစေတာ ပါပဲ။
ခင်ဗျားကို ကမ္ဘာတစ်ဝန်း သန်းချီ နေတဲ့လူတွေက နိုင်ငံရေးကို အ ကြမ်းမဖက်နည်းနဲ့ ချဉ်းကပ်လုပ် ဆောင်သူလို့ သတ်မှတ်ထားကြ တယ်။ စံပြုထားကြတယ်။ တစ် ဘက်မှာလည်း ခင်ဗျားအဖေက နိုင်ငံခြားရဲ့ ဖိနှိပ်အုပ်ချုပ်မှုကနေ သူ့တိုင်းပြည်လွတ်မြောက်ဖို့ အ ကြမ်းဖက်တဲ့နည်းနဲ့ လက်နက် ကိုင်တော်လှန်ရေးကို စည်းရုံးပြီး အောင်မြင်စွာ တော်လှန်ခဲ့တဲ့စစ် ဗိုလ်ချုပ်တစ်ယောက်။
တကယ်လို့များ စစ်တပ်က ဒီမိုကရေစီတောင်းဆိုသူတွေကို နှိပ်ကွပ်ခဲ့တဲ့ ၁၉၈၈ မှာ ခင်ဗျား အဖေဟာ ကျောင်းသားခေါင်း ဆောင် ကိုအောင်ဆန်းအဖြစ် အ သက်ထင်ရှားရှိနေခဲ့မယ်ဆိုရင် ငယ်ရွယ်သူကို အောင်ဆန်းအနေ နဲ့ ဒီအုံကြွမှုကို ဘယ်လိုတုံ့ပြန် ဆောင်ရွက်မယ်လို့ ခင်ဗျားထင် ပါသလဲ။
ဒီမိုကရေစီအရေးတော်ပုံထဲ ကို ကျွန်မဝင်လာတော့ ကျွန်မ အသက်(၄၄)နှစ်ရှိနေပြီ။ ကျွန်မ အဖေဆုံးတဲ့အချိန်မှာ သူက အ သက်(၃၂)နှစ်ပဲ ရှိသေးတယ်ဆို တာကို မမေ့ပါနဲ့။ နိုင်ငံရေးလော ကထဲကို သူဝင်လာတော့ အသက် က (၁၈)နှစ်။ မြန်မာစစ်တပ်ကို တည်ထောင်တော့ သူ့အသက်က (၂၆)နှစ်ပါ။
ကျွန်မအသက်(၂၆)နှစ်မှာ ကျွန်မအသက်(၄၄)နှစ်အရွယ်က လို မဖြစ်သေးဘူး။ တကယ်လို့များ ကျွန်မသာ နိုင်ငံရေးကို စောစော လုပ်ခဲ့ရမယ်ဆိုရင် ပိုပြီးတော့ စိတ်လိုက်မာန်ပါ လုပ်မိမှာပဲ။ အကြမ်းမဖက်တဲ့နည်းကိုလည်း လိုက်နာ လိမ့်မယ်မထင်ဘူး။ မြန်မာပြည် လွတ်လပ်ရေးရဖို့ ဘာမဆိုအသုံး ပြုမယ်ဆိုတဲ့ သူလုပ်ခဲ့သလိုပဲ ကျွန်မလိုက်လုပ်ကောင်းလုပ်မိ မယ်။ ဒါကြောင့် သူဟာ တပ်မ တော်ကို တည်ထောင်ခဲ့တာပဲ။
အဲဒီအချိန်မှာ အရေးကြီး ဆုံးက တိုင်းပြည်လွတ်လပ်ရေးရ ဖို့ပဲလို့ သူတွေးခဲ့တယ်။ ဒါပေမဲ့ သူကွယ်လွန်ချိန်မှာ တိုင်းပြည်ရဲ့ ပြဿနာတွေကို လက်နက်ကိုင်နဲ့ နည်းနဲ့ ရှင်းလို့မရဘူး။ ဒီမိုကရေစီ နိုင်ငံရေးနဲ့ပဲ ဖြေရှင်းသင့်တယ်ဆို တာကိုတော့ သူနားလည်ခဲ့ပါ တယ်။
===================
251 / End