၂၁ ဇူလိုင် ၂၀၁၆ - ၁၉:၂၅
မိုင်းယော်ကျေးရွာအနီးတွင် ဒေသခံများသေဆုံးနေမှု စစ်ခုံရုံးဖွဲ့ စစ်ဆေးနေဟုဆို

လားရှိုးမြို့နယ် မိုင်း ယော်ကျေးရွာအနီးတွင် ဒေသခံ အချို့သေဆုံးခဲ့မှုဖြစ်စဉ်နှင့်ပတ် သက်၍ တာဝန်ရှိသူများအား စစ် ခုံရုံးဖွဲ့စစ်ဆေးနေပြီး အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ် ချုပ်ကြီးမြထွန်းဦးက ပြောသည်။ ဇူလိုင် ၂၀ ရက်ကပြုလုပ်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားရာ၌ ဇွန်လ ၂၅ ရက်က မိုင်းယော်ကျေးရွာအုပ်စု အနီးတွင် သောင်းကျန်းသူအင် အား ၂၀၀ ခန့်ရောက်ရှိလာပြီး လူသစ် စုဆောင်းနေကြောင်း သတင်းအရ ရှေ့တန်း ခမရ (၃၆၂) ကို နယ်မြေရှင်းလင်းစေခဲ့ ကြောင်းသိရသည်။ ယင်းသို့ နယ်မြေရှင်းလင်း မှုများပြုလုပ်ရာတွင် ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားနေစဉ် စစ်ကြောင်းရှိရာ ဘက်သို့ ဆိုင်ကယ်မောင်းနှင် လာသူနှစ်ဦးသည် မည်သည့် ဘက်မှ ကျည်ဆန်ထိမှန်မှန်းမသိဘဲ သေဆုံးသွားခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးကပြောသည်။ ပစ်ခတ်မှုအပြီး စစ်ဆေးခဲ့ရာ ၎င်းတို့နှစ်ဦးသည် သေဆုံးနေပြီး ဘိန်းဖြူဟုယူဆရသည့် အဖြူမှုန့်များ ထည့်ထားသော ဆပ်ပြာခွက်များနှင့် စိတ်ကြွဆေးပြားအထုပ်များကိုအနီးတွင် တွေ့ရှိခဲ့ရကြောင်း ၎င်းက ဆိုသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

လားရှိုးမြို့နယ် မိုင်း ယော်ကျေးရွာအနီးတွင် ဒေသခံ အချို့သေဆုံးခဲ့မှုဖြစ်စဉ်နှင့်ပတ် သက်၍ တာဝန်ရှိသူများအား စစ် ခုံရုံးဖွဲ့စစ်ဆေးနေပြီး အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ် ချုပ်ကြီးမြထွန်းဦးက ပြောသည်။

ဇူလိုင် ၂၀ ရက်ကပြုလုပ်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားရာ၌ ဇွန်လ ၂၅ ရက်က မိုင်းယော်ကျေးရွာအုပ်စု အနီးတွင် သောင်းကျန်းသူအင် အား ၂၀၀ ခန့်ရောက်ရှိလာပြီး လူသစ် စုဆောင်းနေကြောင်း သတင်းအရ ရှေ့တန်း ခမရ (၃၆၂) ကို နယ်မြေရှင်းလင်းစေခဲ့ ကြောင်းသိရသည်။

ယင်းသို့ နယ်မြေရှင်းလင်း မှုများပြုလုပ်ရာတွင် ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားနေစဉ် စစ်ကြောင်းရှိရာ ဘက်သို့ ဆိုင်ကယ်မောင်းနှင် လာသူနှစ်ဦးသည် မည်သည့် ဘက်မှ ကျည်ဆန်ထိမှန်မှန်းမသိဘဲ သေဆုံးသွားခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးကပြောသည်။ ပစ်ခတ်မှုအပြီး စစ်ဆေးခဲ့ရာ ၎င်းတို့နှစ်ဦးသည် သေဆုံးနေပြီး ဘိန်းဖြူဟုယူဆရသည့် အဖြူမှုန့်များ ထည့်ထားသော ဆပ်ပြာခွက်များနှင့် စိတ်ကြွဆေးပြားအထုပ်များကိုအနီးတွင် တွေ့ရှိခဲ့ရကြောင်း ၎င်းက ဆိုသည်။

ထို့နောက် နယ်မြေ ရှင်းလင်းမှုများ ဆက်လက်ပြုလုပ်ခဲ့ပြီး မသင်္ကာဖွယ်ရာလူငါးဦးကို ဖမ်းဆီးစစ်ဆေးခဲ့ရာ TNLAလက်ကမ်းစာစောင်နှင့် သေနတ်ကိုင်ဆောင်ရိုက်ကူးထားသည့် ဓာတ်ပုံများကိုလက်ကိုင်ဖုန်းထဲတွင်တွေ့ရှိခဲ့သည်။

သို့ရာတွင် ဖမ်းဆီးစစ်ဆေးနေစဉ်အတွင်း စည်းကမ်းနှင့်ကိုက်ညီခြင်းမရှိသည့်လုပ်ဆောင်မှုများကြောင့် တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ကပြောကြားသည်။

‘‘ကျွန်တော်တို့ကစစ်ဆေးတဲ့ အခါကျတော့ ဘာပဲပြောပြောသူ သည်ရွာသားပဲဖြစ်ဖြစ်၊ သောင်း ကျန်းသူပဲဖြစ်ဖြစ်စစ်ဆေးတဲ့အခါ မှာ စည်းကမ်းစည်းမျဉ်း၊ နည်းဥ ပဒေတွေရှိပါတယ်။ နည်းဥပဒေ တွေကို လိုက်နာဖို့ လိုအပ်ပါ တယ်။ နည်းဥပဒေတွေကို  မလိုက်နာဘူးဆိုရင် စည်းကမ်းတွေက သွေဖည်မယ်ဆိုရင်  ကျွန်တော်တို့က အရေးယူရမှာ ဖြစ်ပါတယ်။ ဒါကိုစစ်ခုံရုံးနဲ့လတ်တလောဖွဲ့စည်းပြီးတော့အရေးယူနိုင်ရန် စစ်ဆေးနေခြင်းဖြစ်ပါတယ်။ စစ်ဆေးပြီးတဲ့အခါမှာ ဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်သူတွေ ဘယ်လိုတာဝန်ရှိတယ်ဆိုတာကို ဘယ်လိုအရေးယူမယ်ဆိုတာကို ထုတ်ပြန်ကြေညာမှာဖြစ်ပါတယ်’’ဟု ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးက မီဒီယာများအားပြောကြားသည်။

ဖမ်းဆီးထားသူ ငါးဦးသည် တပ်မတော်က စစ်ဆေးနေချိန်အ တွင်းသေဆုံးခဲ့ခြင်းဟုဆိုလိုခြင်းရှိ၊ မရှိမီဒီယာများက မေးမြန်းမှုနှင့် ပတ်သက်၍ ‘‘ဒီအဖြေပဲ ရှိပါ တယ်’’ဟု ဒုတိယဗိုလ်ချုပ်ကြီးမြ ထွန်းဦးကဖြေဆိုသည်။

သေဆုံးသူ၏ မိသားစုဝင်များနှင့် ပတ်သက်၍လည်း အပြည့်အ၀ ကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်းတပ်မတော်စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ်က ဆက်လက်ပြောကြားသည်။

အမှုမှန် ပေါ်ပေါက်စေရန်အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ဒု တိုင်းမှူးဥက္ကဋ္ဌအဖြစ်ဆောင်ရွက် သည့် စုံ/ခုံ(စုံစမ်းစစ်ဆေးရေးခုံအ ဖွဲ့)ကို ဖွဲ့စည်းခဲ့ပြီး အခင်းဖြစ်ပွားရာနေရာသို့ ဇူလိုင် ၂ရက်က သွား ရောက်ခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ်ကဆိုသည်။

===================
251 / End