၂၂ ဇူလိုင် ၂၀၁၆ - ၁၉:၁၉
ဖိလစ်ပိုင်က မြန်မာဆန်တန်ချိန် တစ်သိန်းဝယ်ယူမည်ဟုဆို

ယခု ဘဏ္ဍာနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် တစ်သိန်းရောင်းချမည့် နားလည်မှု စာချွန်လွှာကို မကြာမီ လက်မှတ် ရေးထိုးရန်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။ ပြည်တွင်း၌ ဆန်ဈေးနှုန်းမြင့် တက်လာခြင်း၊ တရုတ်ယွမ်ငွေ တန်ဖိုးကျဆင်းခြင်း၊ တရုတ်ကုန် သည်များက ဗီယက်နမ်နိုင်ငံနယ် စပ်မှာလည်း ဆန်များတင်သွင်းနေ ခြင်းကြောင့် တရုတ်ဈေးကွက်တွင် မြန်မာ့ဆန် အ၀ယ်လျော့လာသည် ဟု ဆန်ကုန်သည်အချို့က ပြော သည်။ တရုတ်နိုင်ငံမှ ဆန်အ၀ယ် လျော့နည်းလာခြင်းကြောင့် လယ် သမားများ စပါးဈေးကျဆင်းမည် ကို စိုးရိမ်နေချိန်တွင် ဥရောပ သမဂ္ဂနိုင်ငံများက မြန်မာ့ဆန်ကို ပိုမိုဝယ်ယူခြင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့ကလည်း ဆန်တန်ချိန် သိန်းချီ ၀ယ်ယူရန် နားလည်မှုစာ ချွန်လွှာများ လက်မှတ်ထိုးရန် ပြင် ဆင်လာသည်။ ‘‘ဒီနှစ်ထဲမှာ ၀ယ်ဖို့ ဖိလစ်ပိုင် က စီစဉ်နေတာပါ’’ဟု ဒေါက်တာ စိုးထွန်းက ပြောသည်။ ဖိလစ်ပိုင် နိုင်ငံကဲ့သို့ အင်ဒိုနီးရှားနိုင်ငံက လည်း မြန်မာနိုင်ငံမှ ဆန်တန်ချိန် သုံးသိန်း ၀ယ်ယူရန် သြဂုတ်လ ဆန်းတွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန် စီစဉ်ထား ကြောင်း မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ် အထွေထွေအတွင်းရေး မှူး ဦးရဲမင်းအောင်က ပြောသည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ယခု ဘဏ္ဍာနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် တစ်သိန်းရောင်းချမည့် နားလည်မှု စာချွန်လွှာကို မကြာမီ လက်မှတ် ရေးထိုးရန်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

ပြည်တွင်း၌ ဆန်ဈေးနှုန်းမြင့် တက်လာခြင်း၊ တရုတ်ယွမ်ငွေ တန်ဖိုးကျဆင်းခြင်း၊ တရုတ်ကုန် သည်များက ဗီယက်နမ်နိုင်ငံနယ် စပ်မှာလည်း ဆန်များတင်သွင်းနေ ခြင်းကြောင့် တရုတ်ဈေးကွက်တွင် မြန်မာ့ဆန် အ၀ယ်လျော့လာသည် ဟု ဆန်ကုန်သည်အချို့က ပြော သည်။ တရုတ်နိုင်ငံမှ ဆန်အ၀ယ် လျော့နည်းလာခြင်းကြောင့် လယ် သမားများ စပါးဈေးကျဆင်းမည် ကို စိုးရိမ်နေချိန်တွင် ဥရောပ သမဂ္ဂနိုင်ငံများက မြန်မာ့ဆန်ကို ပိုမိုဝယ်ယူခြင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့ကလည်း ဆန်တန်ချိန် သိန်းချီ ၀ယ်ယူရန် နားလည်မှုစာ ချွန်လွှာများ လက်မှတ်ထိုးရန် ပြင် ဆင်လာသည်။

‘‘ဒီနှစ်ထဲမှာ ၀ယ်ဖို့ ဖိလစ်ပိုင် က စီစဉ်နေတာပါ’’ဟု ဒေါက်တာ စိုးထွန်းက ပြောသည်။ ဖိလစ်ပိုင်  နိုင်ငံကဲ့သို့ အင်ဒိုနီးရှားနိုင်ငံက လည်း မြန်မာနိုင်ငံမှ ဆန်တန်ချိန် သုံးသိန်း ၀ယ်ယူရန် သြဂုတ်လ ဆန်းတွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန် စီစဉ်ထား ကြောင်း မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ် အထွေထွေအတွင်းရေး မှူး ဦးရဲမင်းအောင်က ပြောသည်။

 စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးနှင့် အင်ဒိုနီးရှား ၀န်ကြီးတို့သည် နှစ်နိုင်ငံ ဆန်အ ရောင်းအ၀ယ်စာချုပ် နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးကြ ရန် စီစဉ်ထားသည်။

 လက်ရှိတွင် မြန်မာဆန် ပြည်ပဈေးကွက်သည် ပင်လယ် ရေကြောင်းမှ ဥရောပသမဂ္ဂအဖွဲ့ ၀င် နိုင်ငံအချို့၊ အာဖရိကတိုက်ရှိ ဖွံ့ဖြိုးမှုနိမ့်ကျသော နိုင်ငံများသို့ လည်း တင်ပို့ရောင်းချနေသည်။ ဥရောပသမဂ္ဂအဖွဲ့က ကုန်သွယ် အထူးအခွင့်အရေးပေးထားသော ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် တွင် ပြည်တွင်းဆန်ဈေးနှုန်း မြင့် တက်ခြင်းကြောင့် ပြည်ပဆန်ဈေး နှုန်းကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၀ မှ ၄၀ ကြား မြှင့်တင်ခဲ့၍ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက မြန်မာ့ဆန်ကို ပိုမိုဝယ်ယူလာသည်။

ထို့အတူ အာဖရိကနိုင်ငံများ သို့ ထောက်ပံ့ပေးနေသည့် လူမှုရေး အဖွဲ့အစည်းများကလည်းမြန်မာနိုင်ငံမှ ဆန်ကို ပြန်လည်ဝယ်ယူလာသဖြင့် မြန်မာ့ဆန်ပြည်ပဈေးကွက် ပိုမိုကျယ်ပြန့်လာသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဇူလိုင်လဆန်းအထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှာ တန်ချိန် ၂၇,၀၀၀ ကျော်ရှိကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနများ၏ စာရင်းများအရ သိရသည်။
f
===================    
251 / End