အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တံတားဦးမြို့နယ် ပန်း ယျကျေးရွာတွင် ဇူလိုင် ၂၂ ရက် က လောင်ကျွမ်းခဲ့သော မီးကြောင့်လူနေအိမ် ၂၀ ကျော် ပျက်စီးပြီး လူဦးရေတစ်ရာကျော်နေစရာအ ခက်အခဲဖြစ်ပေါ်နေကြောင်း သ တင်းရရှိသည်။
တံတားဦးမြို့နယ် ပန်းယျ (တောင်)ကျေးရွာတွင် အဆိုပါ ရက် နံနက် ၉ နာရီခန့်က နေအိမ် တစ်လုံး၏ အမိုးတွင် တပ်ဆင် ထားသော ဆိုလာပြားဝိုင်ယာရှော့ခ်ဖြစ်ကာ မီးစတင်လောင်ကျွမ်းရာမှ လူနေအိမ်ခြေ ၂၀ ကျော်မီးကူးစက်လောင်ကျွမ်းပြီး အိမ်ထောင်စု ၂၁ စု၊ လူဦးရေ ၁၀၁ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
လုပ်ငန်းခွင်သို့ ၀င်ရောက် နေချိန်တွင် မီးလောင်သဖြင့် မည် သည့်ပစ္စည်းကိုမျှ သယ်ယူချိန်မရ ကြောင်း၊ နေထိုင်ရေးအတွက် အခက်အခဲများဖြစ်ပေါ်နေကြောင်း မီးဘေးသင့်ကျေးရွာသားများက ပြောသည်။
‘‘လေကတိုက်နေတော့ မီး ကတအားများတယ်။ လူတောင် မနည်းထွက်ပြေးရတယ်။ အလုပ် သွား၊ ဈေးရောင်းသွားကြတဲ့အချိန် ဆိုတော့ ပစ္စည်းတွေလည်း မရ လိုက်ကြဘူး’’ဟု မီးဘေးသင့်အ မျိုးသမီးတစ်ဦးက ပြောသည်။
မီးဘေးသင့်ရွာသူရွာသား များအတွက် ယင်းကျေးရွာရှိ လေ သာဘုန်းတော်ကြီးကျောင်း၌ ယာ ယီကယ်ဆယ်ရေးစခန်းဖွင့်လှစ် ပေးထားသည်။
‘‘အလှူရှင်တွေလာလှူတာ တွေကို မီးလောင်ခံရတဲ့ အိမ်တွေ အားလုံးကို ညီတူမျှတူခွဲဝေပေး နေပါတယ်။ လက်လုပ်လက်စား တွေဆိုတော့ ဘာမှမရလိုက်တော့ ပြန်ပြီးရင်းနှီးဖို့အတွက် ထောက်ပံ့ တာမျိုးတော့ လိုပါတယ်ခင်ဗျ။ အခုအချိန်မှာ အိမ်ပြန်ဆောက်ဖို့ ဆိုတာလည်း မလွယ်တော့ပါဘူး’’ ဟု ပန်းယျကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူး ဦးညီဝင်းက ပြောသည်။
မီးလောင်မှုကြောင့် စုစု ပေါင်းငွေကျပ် ၃,၂၂၅,၀၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့သည်ဟု မီးသတ် ဦးစီးဌာနက ခန့်မှန်းတွက်ချက်ထား ပြီး မီးသတ်ယာဉ် ၁၈ စီးဖြင့် လာ ရောက်ငြှိမ်းသတ်ခဲ့ရသည်ဟု သိရ သည်။
===================
251 / End