၂၇ ဇူလိုင် ၂၀၁၆ - ၁၉:၂၈
မိုင်ဂျာယန် အစည်းအဝေးသို့ တိုင်းရင်းသားလက်နက်ကိုင် ၁၇ ဖွဲ့တက်ရောက်

တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ မျက် နှာစုံညီအစည်းအဝေးကို ဇူလိုင် ၂၆ ရက်က ကေအိုင်အို ထိန်းချုပ် နယ်မြေမိုင်ဂျာယန်တွင် ပြုလုပ်ခဲ့ ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့ တက်ရောက်ခဲ့ကြ သည်။ မျက်နှာစုံညီအစည်းအဝေး သို့တက်ရောက်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့အား ဖိတ်ကြားထားသော်လည်း ‘၀’ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး(TNLA)၊ နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ (NSCNK) နှင့် ကိုးကန့် အဖွဲ့ (MNDAA) တို့ တက်ရောက် ခြင်းမရှိပေ။ ထို့အပြင် မျက်နှာစုံညီအ စည်းအဝေးသို့ စည်းလုံးညီညွတ် သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)၊ ညီနောင် တိုင်းရင်းသားများဖက်ဒရေးရှင်း (NBF) တို့က နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များအဖြစ် တက် ရောက်ခဲ့သည်။ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် မြန်မာနိုင်ငံဆိုင်ရာ အထူးအ ကြံပေးပုဂ္ဂိုလ် မစ္စတာနမ်ဘီးယား၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံ ခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးသံတမန် မစ္စတာ ဆွန်ကော် ရှန်နှင့် အမျိုးသမီးများအဖွဲ့ချုပ် (WLB)၊ ငြိမ်းဖောင်ဒေးရှင်း၊ ပြည် ထောင်စု အင်စတီကျု့ဒ်၌တို့ လည်း လေ့လာသူအဖြစ် တက် ရောက်ကြသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ မျက် နှာစုံညီအစည်းအဝေးကို ဇူလိုင် ၂၆ ရက်က ကေအိုင်အို ထိန်းချုပ် နယ်မြေမိုင်ဂျာယန်တွင် ပြုလုပ်ခဲ့ ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့ တက်ရောက်ခဲ့ကြ သည်။

မျက်နှာစုံညီအစည်းအဝေး သို့တက်ရောက်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့အား ဖိတ်ကြားထားသော်လည်း ‘၀’ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး(TNLA)၊ နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ (NSCNK) နှင့် ကိုးကန့် အဖွဲ့ (MNDAA) တို့ တက်ရောက် ခြင်းမရှိပေ။

ထို့အပြင် မျက်နှာစုံညီအ စည်းအဝေးသို့ စည်းလုံးညီညွတ် သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)၊ ညီနောင် တိုင်းရင်းသားများဖက်ဒရေးရှင်း (NBF) တို့က နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များအဖြစ် တက် ရောက်ခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် မြန်မာနိုင်ငံဆိုင်ရာ အထူးအ ကြံပေးပုဂ္ဂိုလ် မစ္စတာနမ်ဘီးယား၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံ ခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးသံတမန် မစ္စတာ ဆွန်ကော် ရှန်နှင့် အမျိုးသမီးများအဖွဲ့ချုပ် (WLB)၊ ငြိမ်းဖောင်ဒေးရှင်း၊ ပြည် ထောင်စု အင်စတီကျု့ဒ်၌တို့ လည်း လေ့လာသူအဖြစ် တက် ရောက်ကြသည်။

မိုင်ဂျာယန် မျက်နှာစုံညီအ စည်းအဝေးကို ၂၁ ရာစုပင်လုံညီ လာခံ အကြိုညှိနှိုင်းရေး၊ အနာ ဂတ်ဖက်ဒရယ် ဒီမိုကရေစီ  ပြည် ထောင်စု တည်ဆောက်ခြင်းဆိုင် ရာ နိုင်ငံရေးဘုံသဘောထား ရပ် တည်ချက် ချမှတ်ရေးတို့အတွက် ကျင်းပခြင်းဖြစ်သည်။

မျက်နှာစုံညီ ပထမနေ့ အဖွဲ့ နှုတ်ခွန်းဆက်စကားတွင် ကေ အိုင်အို ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင် ဘန်လက ‘‘တစ်ဖက်မှာ အစိုးရ ဘက်ကလည်း နိုင်ငံရေးပြဿနာ များကို ဆွေးနွေးအဖြေရှာနိုင်မယ့် အခင်းအကျင်းကို ဖော်ဆောင်နိုင် ဖို့အတွက် ၂၁ ရာစု ပင်လုံညီလာ ခံကို ပြုလုပ်မည့် အစီအစဉ်ရှိနေ ပါတယ်။ ဒီနေရာမှာ တိုင်းရင်း သားများဘက်ကလည်း ဖက်ဒ ရယ်ပြည်ထောင်စုစနစ်ကို ပုံဖော် သွားနိုင်မည့် ဘုံသဘောထားများ သဘောတူချမှတ်သွားနိုင်ဖို့ လွန် စွာအရေးကြီးလှပါတယ်။ ဒီနေ့ မျက်နှာစုံညီအစည်းအဝေးကြီးမှ အားလုံးလက်ခံ သဘောတူညီနိုင် မည့် ဘုံသဘောထားရပ်တည် ချက်များ သဘောတူချမှတ်သွား နိုင်လိမ့်မည်လို့ ယုံကြည်ပါတယ်။ တစ်ဆက်တည်းတင်ပြလိုသည် မှာ ဒီမျက်နှာစုံညီအစည်းအဝေးမှ သဘောတူညီချက်များ ဘယ်လို လက်တွေ့အကောင်အထည် ဖော် ဆောင်ရွက်သွားကြမလဲဆို တဲ့အချက်ကိုလည်း အားလုံးဝိုင်း ၀န်းအကြံပြု ဆွေးနွေး သွားစေလို ပါတယ်’’ဟု ထည့်သွင်း ပြောကြား ခဲ့သည်။

မိုင်ဂျာယန်မျက်နှာစုံညီ အ စည်းအဝေးကို ဇူလိုင် ၂၉ ရက်အ ထိ လေးရက်ကြာ ပြုလုပ်မည်ဖြစ် ပြီး ခေါင်းစဉ်ကြီးလေးခုကို အဓိက ဆွေးနွေးမည်ဖြစ်သည်။

‘‘ဝတပ်ဖွဲ့အနေနဲ့ကတော့ သူတို့အနေနဲ့ ရှင်းရှင်းပြောရရင် တော့ဗျာ ကျွန်တော်တို့ဆီက ဖိတ် စာမရခင်ကတည်းက အစိုးရနဲ့ တွေ့ဆုံဖို့ အချိန်နဲ့နေရာသတ်မှတ် ထားပြီးသား ဖြစ်တဲ့အတွက် ကြောင့်မို့ ကျွန်တော်တို့ညီလာခံ တက်ရောက်ဖို့ ခေါင်းဆောင် ကိုယ်စားလှယ်တွေ ရွေးချယ်စေ လွှတ်ဖို့ အခက်အခဲရှိတယ်ဆိုတဲ့ အနေအထားမျိုးကို တွေ့ရပါ တယ်’’ဟု မျက်နှာစုံညီအစည်း အဝေး ပြောရေးဆိုခွင့်ရှိသူ ခူးဦး ရယ်က သတင်းစာရှင်းလင်းပွဲ တွင် ပြောသည်။

PSLF နှင့် MNDAA အဖွဲ့ များသည် တက်ရောက်လိုသည့် ဆန္ဒရှိသော်လည်း  အခက်အခဲ များရှိနေသဖြင့် မတက် ရောက်နိုင်ခြင်းကို နားလည်ပေး ရန်နှင့် နောင်အဆင့်များတွင် ပါဝင် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် တက်ရောက် မည်ဆိုသည့် သဘောထားတွေ့ ရကြောင်း ခူးဦးရယ်က ဆက် လက်ပြောကြားသည်။

===================    
251 / End