အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မဟဲရ်သတင်းဌာန၏ သတင်းအထောက်အထား အရ ဆီးရီးယား နိုင်ငံတွင် ပုန်ကန် သောင်းကြမ်းနေသည့် စစ်သွေးကြွ ဝဟာဘီ အကြမ်းဖက် အစွန်းရောက် အဖွဲ့ အလ်နွစ်ရာဟ် အမည်ကို ဖသ်ဟေရှမ်း အမည် အဖြစ် ပြောင်း လိုက်ပြီး ဖြစ်ပါတယ်။ ပြီးနောက် အလ်နွစ်ရာဟ် အဖွဲ့ ကို အလ်ကိုင်ဒါ အကြမ်းဖက် အစ္စလာမ်အမည်ခံ အစ္စလာမ် ခုတုံးလုပ် အဖွဲ့ မှ ခွဲထွက် ရန် လည်း ဆုံးဖြတ်ခဲ့ကြ ကြောင်း သိရှိရပါတယ်။
အလ်ကိုင်ဒါ ခေါင်းဆောင် အိုင်မန် အလ်ဇဝါဟေရီ မှ အလ်နွစ်ရာဟ် အဖွဲ့ကို မိမိအဖွဲ့မှ ပယ်ထုတ်ရန် အမိန့်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ တစ်ဖက်တွင်လည်း အလ်နွစ်ရာဟ် အဖွဲ့ ခေါင်းဆောင် မိုဟမ္မဒ် ဂျူလာနီ အနေဖြင့်လည်း အလ်နွစ်ရာဟ် အမည်ကို ဖသ်ဟေရှမ်း အမည် အဖြစ် ပြောင်း လိုက်ပါတယ်။ မိုဟမ္မဒ် ဂျူလာနီ မှ အလ်ကိုင်ဒါ ခေါင်းဆောင် အနေဖြင့် အခြေအနေ အချိန် အခါကို ကြည့်ပြီး မိမိတို့ အဖွဲ့က သီးသန့် အဖွဲ့အဖြစ် နေရန် အမိန့် ချမှတ်ပေးခဲ့သည့်အတွက် အလ်ဇဝါဟေရီ ကိုကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ် ။
စစ်သွေးကြွ ဝဟာဘီ အကြမ်းဖက် အစွန်းရောက် အဖွဲ့ အလ်နွစ်ရာဟ် အမည်ကို ဖသ်ဟေရှမ်း အမည် အဖြစ် ပြောင်း လိုက်ခြင်းကြောင့် ဤအဖွဲ့အနေဖြင့် အနောက် နိုင်ငံများ နှင့်ဆော်ဒီ ၏ အကူအညီ အထောက်အပံ့ကို ရယူဖို့ လွယ်ကူ သွားမည် ဖြစ်ပါတယ်။
အနောက်နိုင်ငံများ နှင့် ဆော်ဒီ သည် အကြမ်းဖက် စစ်သွေးကြွ အစ္စလာမ် ခုတုံးလုပ် အဖွဲ့များ ကို အမည်အမျိုးမျိုး ပေး၍ ဒေသအတွင်း မငြိမ်သက်မှုများ ဖြစ်ပေါ်အောင် ဖန်တီး လျက်ရှိကြောင်း တွေ့နိုင်ပါသည်။
--------------------------------
251/End