အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
၂၁ ရာစု ပင်လုံညီလာခံ ပါဝင်တက်ရောက်ရေးနှင့် ပတ် သက်၍ ‘၀’ဌာနချုပ် ပန်ဆန်းတွင် အစည်းအဝေး ပြုလုပ်ဆုံးဖြတ်မည် ဖြစ်ကြောင်း နေပြည်တော်သို့ လာရောက်တွေ့ဆုံခဲ့သော ‘၀’ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ကိုယ်စားလှယ်အဖွဲ့က ပြောကြားသည်။
၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံကြောင်း ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံပြော ကြားထားသော ‘၀’ကိုယ်စားလှယ် အဖွဲ့သည် ဇူလိုင် ၃၀ ရက်က ငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ ဆုံ၍ နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ဆိုင်ရာ အခြေအနေများ စုံစမ်းခဲ့ ကြပြီးနောက် ပန်ဆန်းဌာနချုပ်ရှိ ‘၀’ခေါင်းဆောင်များထံ တင်ပြဆွေးနွေးဆုံးဖြတ်ကြမည် ဖြစ်သည်။
‘‘ပြန်သွားပြီး အစည်းအဝေး လုပ်ဦးမှာ။ အစည်းအဝေးလုပ်ပြီး မှာပဲ သိမယ်’’ဟု UWSP ဗဟိုပေါ် လစ်ဗျူရိုအမြဲတမ်းကော်မတီဝင်၊ ‘၀’ပြည်နယ် ပြင်ပဆက်ဆံရေး ဌာန ဌာနကြီးမှူး ဦးကျောက် ကော်အန်းက သတင်းထောက် များအား ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များအနက် အင် အားအကြီးဆုံးအဖွဲ့ဖြစ်သည့် ‘၀’ ပြည် သွေးစည်းညီညွတ်ရေးတပ်မ တော် (UWSA)၊ ၎င်း၏ မဟာမိတ် မိုင်းလား (NDAA) တို့အကြား ပထမဆုံးအကြိမ် တွေ့ဆုံမှုအဖြစ် သောကြာနေ့က နေပြည်တော်၌ တွေ့ဆုံခဲ့ကြသည်။
၂၁ ရာစု ပင်လုံညီလာခံကို နှစ်ဖွဲ့စလုံးက ကြိုဆိုထောက်ခံ ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက ထုတ်ပြန်ခဲ့သည်။ ၎င်းတို့သည် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နှင့်လည်း တစ် ဆက်တည်း တွေ့ဆုံခဲ့ကြသည်။
အထူးဒေသ (၄) ကိုယ်စား လှယ်အဖွဲ့ကို NDAA ဥက္ကဋ္ဌ ဦးစိုင်းလင်းကိုယ်တိုင် ဦးဆောင် လာခြင်းဖြစ်၍ ၂၁ ရာစု ပင်လုံညီ လာခံတွင် ပါဝင်မည်ဟု ဒေါ် အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ စဉ် ပြောကြားခဲ့သည်။ အထူးဒေသ (၂) ကိုယ်စားလှယ်အ ဖွဲ့ကမူ UWSP ဗဟိုပေါ်လစ်ဗျူရို အမြဲတမ်းဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူယိက ဦးဆောင်လာခဲ့ခြင်းဖြစ်၍ ၎င်းတို့ဌာနချုပ်သို့ ပြန်ကာ ‘၀’ ခေါင်းဆောင်များနှင့် တင်ပြဆွေးနွေးရဦးမည်ဟု ဆိုသည်။
‘‘ ‘၀’ကိုယ်စားလှယ်အဖွဲ့အ နေနဲ့ကတော့ အစိုးရနဲ့သော်လည်းကောင်း၊ တပ်မတော်နဲ့သော်လည်းကောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ စိတ်ရော၊ ကိုယ်ရော ပူးပေါင်းဆောင်ရွက်ခဲ့သလို ယခုလက်ရှိ အစိုးရနဲ့သော်လည်းကောင်း၊ တပ်မတော်နဲ့သော်လည်းကောင်း ငြိမ်းချမ်းရေးကို ဆက်လက်ပြီးတော့ အပြည့် အ၀ ပူးပေါင်းဆောင်ရွက်သွားပါမယ်’’ဟု ပြောကြားခဲ့ကြောင်း ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးခင်ဇော်ဦးက သတင်းထောက်များအား ပြောကြားသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မရေးထိုးထား သော UWSP အနေဖြင့် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် ပြန်လည်သုံး သပ်သည့် ဆွေးနွေးပွဲသို့ တက် ရောက်ရန် အစိုးရဘက်က ဖိတ် ကြားထားသည်။ UWSP/UWSA ကို မြန်မာနိုင်ငံရှိ အကြီးဆုံးနှင့် အင်အားအတောင့်တင်းဆုံး တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အ ဖြစ် သတ်မှတ်ထားသည်။ မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို လေ့လာ စောင့်ကြည့်သော Myanmar Peace Monitor ၏ ခန့်မှန်းခြေ စာရင်းအရ ‘၀’ စစ်တပ်အင်အား သည် ၂၀,၀၀၀ မှ ၂၅,၀၀၀ ကြားတွင်ရှိသည်။ အခြားစစ်တမ်းများကမူ အင်အား ၃၀,၀၀၀ခန့်ရှိသည်ဟု ခန့်မှန်းထားသည်။
သြဂုတ်မတိုင်မီ ၂၁ ရာစု ပင်လုံညီလာခံ စတင်ကျင်းပနိုင် ရန် ကြိုးပမ်းနေသော ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် ဇူလိုင် တစ်လတည်းအတွင်းမှာပင် NCA လက်မှတ်ရေးထိုးထားသော တိုင်း ရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့မှ ခေါင်းဆောင်များ၊ NCA မရေး ထိုးသေးသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင်များ ‘၀’ နှင့် မိုင်းလားခေါင်းဆောင်များကို ဆက်တိုက်တွေ့ဆုံခဲ့သည်။
===================
251 / End