၂ ဩဂုတ် ၂၀၁၆ - ၁၈:၁၁
တောင်ကျချောင်းရေများကြောင့် စေတုတ္တရာတွင် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်

မိုးသည်းထန်စွာ ရွာ သွန်းခြင်းကြောင့် မကွေးတိုင်း ဒေသကြီးရှိ စေတုတ္တရာ-စလင်း ကားလမ်းမှ ပဇောချောင်းတံတား ချောင်းရေတိုက်စား ပြိုပျက်ပြီး စေတုတ္တရာ-ငဖဲကားလမ်းတွင် ချောင်းရေကျော်များ ရေစီးအား ကောင်းနေသဖြင့် ဖြတ်သန်းသွား လာ၍မရဘဲ လမ်းပန်းဆက်သွယ် ရေးပြတ်တောက်နေကြောင်း သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 မိုးသည်းထန်စွာ ရွာ သွန်းခြင်းကြောင့် မကွေးတိုင်း ဒေသကြီးရှိ စေတုတ္တရာ-စလင်း ကားလမ်းမှ ပဇောချောင်းတံတား ချောင်းရေတိုက်စား ပြိုပျက်ပြီး စေတုတ္တရာ-ငဖဲကားလမ်းတွင် ချောင်းရေကျော်များ   ရေစီးအား ကောင်းနေသဖြင့် ဖြတ်သန်းသွား လာ၍မရဘဲ လမ်းပန်းဆက်သွယ် ရေးပြတ်တောက်နေကြောင်း သတင်းရရှိသည်။

‘‘ငဖဲ-စေတုတ္တရာ ကား လမ်းတစ်လျှောက်မှာ သွားလာရ ခက်ခဲတဲ့ ရေကျော်သုံးခုရှိပါ တယ်။ ရေကျော်သုံးခုစလုံးက ရေ စီးအား တအားကောင်းတယ်။ ဆိုင်ကယ်တွေ၊ ကားတွေ ဖြတ်လို့ မရဘူး။ ဆိုင်ကယ်ကတော့ ဆိုင် ကယ်ထမ်းတဲ့အဖွဲ့တွေငှားပြီး ဖြတ်လို့ရတယ်။ ပိုက်ဆံပေးရ တယ်’’ဟု စေတုတ္တရာမြို့နေ ကို မြတ်သူစိုးက ပြောသည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်း ရေစီးအား ကောင်းသောကြောင့် ငဖဲ-စေ တုတ္တရာကားလမ်းရှိ ကူတော်ရွာ အနီး ရေကျော်၊ မွန်ဇော်ရွာအနီး ရေကျော်နှင့် သစ်မြစ်ချောင်းရေ ကျော်တို့တွင် လမ်းပန်းဆက် သွယ်ရေး ပြတ်တောက်နေပြီး သစ်မြစ်ချောင်းရေကျော်မှာ ပျက် စီးမှုရှိကြောင်း ၎င်းက ပြောသည်။

ထို့အပြင် စေတုတ္တရာ-စလင်း ကားလမ်းမှ မကြီးစုရွာနှင့် ညောင်အိုင်ရွာအကြား အရှည် ပေ ၄၀ ရှိ ပဇောချောင်းတံတား ချောင်းရေတိုက်စားကာ ပြိုပျက် ခဲ့သည်။ ယင်းတံတားကို သက် ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများ၊ လမ်းဦးစီးဌာနမှ တာဝန်ရှိသူ များက အမြန်ပြုပြင်နိုင်ရန် စီစဉ် ဆောင်ရွက်နေကြောင်း    သိရ သည်။

စေတုတ္တရာမြို့သည် အခြား မြို့များနှင့် ဆက်သွယ်သွားလာ ရန် စေတုတ္တရာ-စလင်းနှင့် စေတုတ္တရာ-ငဖဲ ကားလမ်းနှစ် လမ်းသာရှိသဖြင့် တံတားပြိုပျက် ခြင်း၊ ရေကျော်များ ရေကြီးခြင်း တို့   ရင်ဆိုင်နေရ၍  လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်နေ ခြင်းဖြစ်သည်။

===================    
251 / End