၂ ဩဂုတ် ၂၀၁၆ - ၁၈:၄၁
ဧရာဝတီမြစ်ရေ တက်နေ၍ မင်းဘူးဒေသခံများ အလျင်အမြန်ပြောင်းရွှေ့နေရ

မင်းဘူးမြို့တွင် ဧရာဝတီ မြစ်ရေ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်မြင့်တက်လာသဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်နေသူများ ဘေး ကင်းရာသို့ အမြန်ပြောင်းရွှေ့နေ ကြောင်း သတင်းရရှိသည်။ မင်းဘူးမြို့နယ်၏ ဧရာဝတီ မြစ်ရေ စိုးရိမ်ရေမှတ်မှာ ၁,၇၀၀ စင်တီမီတာဖြစ်ပြီး သြဂုတ် ၁ ရက် နံနက် ၆ နာရီ တိုင်းထွာချက် အရ မင်းဘူးမြို့၏ မြစ်ရေအမှတ် သည် ၁,၇၂၂ စင်တီမီတာ ရှိနေ ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်း ထုတ်ပြန်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မင်းဘူးမြို့တွင် ဧရာဝတီ မြစ်ရေ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်မြင့်တက်လာသဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်နေသူများ ဘေး ကင်းရာသို့ အမြန်ပြောင်းရွှေ့နေ ကြောင်း သတင်းရရှိသည်။

မင်းဘူးမြို့နယ်၏ ဧရာဝတီ မြစ်ရေ စိုးရိမ်ရေမှတ်မှာ ၁,၇၀၀ စင်တီမီတာဖြစ်ပြီး သြဂုတ် ၁ ရက် နံနက် ၆ နာရီ တိုင်းထွာချက် အရ မင်းဘူးမြို့၏ မြစ်ရေအမှတ် သည် ၁,၇၂၂ စင်တီမီတာ ရှိနေ ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်း ထုတ်ပြန်သည်။

ဧရာဝတီမြစ်ရေ စိုးရိမ်ရေ မှတ်အထက် မြင့်တက်နေခြင်း ကြောင့် မင်းဘူးမြို့နယ်ရှိ သနပ္ပင် စု၊ မန်းကျိုး၊ ထုံးမကြီး၊ ငွေ သောင်၊ နိဗ္ဗာန်ကျွန်း၊ ရွာသစ် ကုန်း၊ ရွာသာရွာကျေးရွာနှင့် မြို့ ပေါ်ရပ်ကွက် သုံးခုမှအိမ်ထောင်စု ၄၀၀ ကျော် ၊ နွားအကောင်ရေ ၄၀၀ ကျော် ရေလွတ်ရာ အမြန် ပြောင်းရွှေ့နေရကြောင်း မင်းဘူး စကုမြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူးရုံးမှ သိရသည်။

‘‘နေရာမရခင်တုန်းက ရေ ထဲမှာဖြစ်သလို ကုတ်ကတ်နေနေ ရတယ်။ အခုဒီဘောလုံးကွင်းထဲ မှာ နေရာစီစဉ်ပေးတယ်။ ဒါပေမဲ့ ဖြစ်နိုင်ရင် မြေနေရာကွင်းပြောင် ပြောင်မှာ နေရာချထားပေးစေချင် တယ်။ အခုကျတော့ ချုံနွယ်တွေရှိ တဲ့နေရာမှာ ကိုယ့်ဘာသာ ချုံတွေ ရှင်းပြီး နေကြရတယ်။ ခြင်တွေ လည်း အရမ်းပေါတော့ ကလေး တွေ သွေးလွန်တုပ်ကွေးအတွက် စိုးရိမ်ရတယ်’’ဟု မင်းဘူးမြို့နယ် အထက (၁) ဘောလုံးကွင်း၌ ရေ ဘေးရှောင်လာသူ မခင်မို့မို့က ပြောသည်။

မင်းဘူးမြို့နယ်ရှိ မြစ်ကမ်း နှင့်နီးစပ်သော ကျေးရွာများ၊ ရပ် ကွက်များရှိ အိမ်ထောင်စုများ၊ ကျွဲနွား တိရစ္ဆာန်များကို သက်ဆိုင် ရာရပ်ကျေးအုပ်ချုပ်ရေးမှူးများ နှင့် တိုင်ပင်ဆွေးနွေး၍ ပြောင်း ရွှေ့နေရာချထားပေးနေပြီး ရေ နစ်မြုပ်နေသည့် ကျေးရွာများရှိ စာသင်ကျောင်း ငါးကျောင်း လည်း ပိတ်ထားရကြောင်း မင်း ဘူး စကုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းကပြောသည်။

‘‘အိမ်က ရေမြုပ်နေတာ လေးရက်လောက်ရှိပြီ။ အိမ်ပေါ် မှာ ဆင့်ထိုးနေရတာ နေစရာ နေရာမရှိဘူး။ အခုနေရာချထား ပေးပြီဆိုလို့ အမြန်ပြောင်းလာ တာ။ လှိုင်းတွေက အရမ်းထန် တော့ နေလို့လည်းမရတော့ဘူး။ ပစ္စည်းတွေလည်း အကုန်မျောပါ သွား တယ်။ ကိုယ်နိုင်သလောက်ပဲ သယ်နိုင်တာဆိုတော့ ကျန်ခဲ့တဲ့ ပစ္စည်းတွေ ဆုံးရှုံးရတာပဲ’’ဟု ရေ ဘေးရှောင်လာသည့် ဒေါ်ခင်အုန်း မြင့် ကပြောသည်။

===================    
251 / End