အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစိုးရအဖွဲ့၏အောင်မြင်မှုသည် ဒေါ်အောင်ဆန်းစုကြည် တာဝန်ခွဲဝေပေးနိုင်မှုအပေါ် မူတည်ကြောင်းလည်း အကြံပြု
ဒေါ်အောင်ဆန်းစုကြည် ၏ ပခုံးပေါ်တွင် အလွန်များပြား ကြီးမားသည့်တာဝန်များအားလုံး ပိနေ၍ အစိုးရအဖွဲ့အောင်မြင်ရေး သည် ၎င်း၏ တာဝန်ခွဲဝေပေးနိုင် စွမ်းအပေါ် မူတည်နေကြောင်းကမ္ဘာတစ်ဝန်း ပဋိပက္ခများ တားဆီးဖြေရှင်းရန် ကွင်းဆင်းလေ့လာ သုတေသန ပြုလုပ်အကြံပေးနေ သော နိုင်ငံတကာ အကျပ်အ တည်းဆိုင်ရာ အဖွဲ့ကြီး(ICG)က သတိပေးသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်ရွေ့ရန်၊ ရခိုင်ပြည်နယ် အရေးဖြေရှင်းရန်၊ တရုတ်နှင့် ဆက်ဆံရေးချိန်ခွင်လျှာပြန်လည် ထိန်းညှိခြင်းဆိုသည့် သိမ်မွေ့ သောလုပ်ငန်းစဉ် ဆက်လက် ဆောင်ရွက်ရန် နည်းလမ်းများကို အစိုးရအနေဖြင့် ရှာဖွေရမည် ဖြစ်ကြောင်း ဇူလိုင် ၂၉ ရက်ထုတ်ICG အစီရင်ခံစာက ထောက်ပြ သည်။‘‘နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး၊ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်နဲ့ ရခိုင်ပြည် နယ်ဆိုင်ရာ အဆင့်မြင့်ကော်မတီ တွေရဲ့ ဥက္ကဋ္ဌဖြစ်သူတစ်ဦးအနေ နဲ့ ဒီထိပ်ဆုံးတာဝန်တွေ အားလုံးကို ခေါင်းဆောင်မှုဟာ ဒေါ် အောင်ဆန်းစုကြည်ရဲ့ ပခုံးပေါ် မှာ ပုံကျနေတယ်။ အလွန်ကြီးမား ပြီး တနင့်တပိုးများပြားတဲ့တာဝန် တစ်ရပ်ပေါ့။ ဒါကြောင့်ထည့်သွင်း စဉ်းစားပြီး ညှိနှိုင်းတိုင်ပင်မှုရှိတဲ့ ချဉ်းကပ်ကိုင်တွယ်ဖြေရှင်းနည်း တွေအသုံးချမှုအပေါ်မှာသာမက သူ့ရဲ့တာဝန်ခွဲဝေပေးနိုင်စွမ်းအ ပေါ်မှာလည်း အောင်မြင်မှုက မူ တည်ပါတယ်’’ ဟု ICG အစီရင်ခံစာက သုံးသပ် အကြံပြုထား သည်။ နိုင်ငံတကာ အသိုက်အ၀န်းက ဒေါ်အောင်ဆန်းစုကြည် ကို သင့်လျော်သော ထောက်ခံ အားပေးမှုများပေးခြင်း၊ အမြော် အမြင်ရှိသော တိုင်ပင်အကြံပေးမှု များပြုလုပ်ခြင်းတို့ဖြင့် ကူညီနိုင် ကြောင်း၊ လိုအပ်သည့်အခါတိုင်း ခက်ခဲကြမ်းတမ်းသောအကြံများ ပေးရန် ရှောင်လွှဲမနေသင့်ကြောင်းလည်း တိုက်တွန်းထားသည်။
အစိုးရအဖွဲ့သစ် အနေဖြင့် အစပိုင်းပြဿနာအချို့ရှိခဲ့သော် လည်းအမြင်အားဖြင့် အားတက် စရာကောင်းသည်ဟု ဖော်ပြထား သည်။ အာဏာ လွှဲပြောင်းရေး သည် အံ့သြစရာကောင်းလောက် အောင်ချောမွေ့ခဲ့ပြီး အစိုးရအနေ ဖြင့် နောက်ထပ်နိုင်ငံရေးကန့် သတ်ချက်များကို လျှော့ပေါ့သည့် အစပိုင်းခြေလှမ်းအချို့ကို လှမ်းခဲ့ သည့်အပြင် ဤအတောအတွင်း တပ်မတော်နှင့် အဓိကအားဖြင့် အကွဲအပြဲအက်ကြောင်းမရှိခဲ့ဟု ထောက်ပြသည်။
‘‘ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ရခိုင်ပြည်နယ်အရေး အပါအ၀င် ကနဦးခြေလှမ်းမှားတချို့ကို လည်း အစိုးရက လှမ်းထားပါ တယ်။ နက်နဲရှုပ်ထွေးတဲ့အသေး စိတ်အချက်အလက်တွေကို သ ဘောပေါက်နားလည်အောင်လုပ် ဖို့ ပျက်ကွက်ခဲ့တာ၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ပဏာမခြေ လှမ်းတွေ မချခင်မှာ ညှိနှိုင်းတိုင် ပင် အကြံဉာဏ်ရယူမှု မရှိတာကနေ ဖြစ်လာတာလို့ မြင်နိုင်ပါ တယ်’’ ဟု ICG က ဖော်ပြထား သည်။
စိတ်ဝမ်းကွဲပြား သွေးခွဲခဲ့ သော အာဏာရှင်ဆန်သည့်အုပ် ချုပ်မှုဆယ်စုနှစ်များစွာအမွေအ နှစ်ကို ဆက်ခံရသည့် အတွေ့အကြုံမရှိသေးသော အသစ်စက်စက် အစိုးရတစ်ရပ် အနေဖြင့် ခြေလှမ်းမှားများ လှမ်းမိသည်ဆို သည်မှာ အံ့သြစရာမရှိဟုလည်း ICGက ဆိုသည်။
နေရာသစ်၊အခြေအနေသစ် တွင် အသားကျ၊အထာကျအောင် ညှိနေရဆဲ အတွေ့အကြုံမရင့် ကျက်သေးသည့် အစိုးရအဖွဲ့တစ်ဖွဲ့ဆိုသည်ကို ထိုခြေလှမ်းအမှားများက ရောင်ပြန်ဟပ်ပြနိုင်သကဲ့သို့အစိုးရဆုံးဖြတ်ချက်ချပုံ၊ အကောင်အထည်ဖော်ပုံတို့တွင် ပြင်ဆင်ထိန်းညှိမှုအချို့ လုပ်လိုက်လျှင် ကျော်လွှားအောင်မြင်နိုင်မည်ဟုလည်း အကြံပြုထားသည်။
‘‘အဓိက မေးခွန်းကတော့ ခြေလှမ်းမှားတွေကို နေသားကျ အောင်ညှိနေရဆဲအခိုက်အတန့် မှာဖြစ်တာလို့ မှတ်ယူနိုင်မလား၊ (ဒါမှမဟုတ်)စိတ်လိုက်မာန်ပါ မ တိုင်ပင်၊ အကြံဉာဏ်မယူဘဲ ဆုံး ဖြတ်ချက်ချတတ်တဲ့၊ ပိုနက်ရှိုင်း သွားတဲ့ ယဉ်ကျေးမှုတစ်ရပ်ကို ဒီခြေလှမ်းမှားတွေက ရောင်ပြန် ဟပ်နေသလားဆိုတာပါပဲ။ ဒုတိ ယအချက်ကြောင့်ဆိုရင်တော့ ဒါ ဟာ သိသာထင်ရှားတဲ့စိုးရိမ်ပူပန် မှုတစ်ခုဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အကဲဖြတ်ဖို့ သိပ်ကိုစောလွန်းပါ သေးတယ်’’ဟု ICGက ဆိုသည်။
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ရန် သမ္မတကရှောင်နေခြင်း ကိုလည်း ထောက်ပြထားသည်။ ‘နေရာသစ်၊ အခြေအနေသစ်၌ အ သားကျရန် ညှိနေရဆဲမြန်မာအစိုး ရသစ်’ ဟု အမည်ပေးထားသည့် ICG အစီရင်ခံစာတွင် အစိုးရအ ဖွဲ့သစ် ဖွဲ့စည်းခြင်း၊ အာဏာလွှဲ ပြောင်းမှု၊ ကနဦးခြေလှမ်းများ၊ တပ်မတော်နှင့်ဆက်ဆံရေး၊ တိုင်း ရင်းသားဆက်ဆံရေး၊ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ် အရေး၊ တရုတ်နှင့်ဆက်ဆံရေး စသည်တို့ကို တစ်ခုချင်းစီသုံးသပ် ဖော်ပြထားသည်။
===================
251 / End