၃ ဩဂုတ် ၂၀၁၆ - ၁၉:၂၄
အသစ်တည်ဆောက်မည့် လျှပ်စစ်ဓာတ်အားပေး စီမံကိန်းများ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် ချေးငွေများဖြင့် တည်ဆောက်မည်

လက်ရှိအစိုးရသည် အသစ်တည်ဆောက်မည့် လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများအား အတိုးနှုန်းသက်သာသည့် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ ချေးငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက အမျိုးသားလွှတ်တော်တွင် ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


လက်ရှိအစိုးရသည် အသစ်တည်ဆောက်မည့် လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများအား အတိုးနှုန်းသက်သာသည့် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ ချေးငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက အမျိုးသားလွှတ်တော်တွင် ပြောကြားသည်။

လက်ရှိတွင် ရေး၊ ထားဝယ်မြို့များသို့ လျှပ်စစ်ဓာတ်အားပေး မည့် စီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေရယူဆောင်ရွက်ရန် စီစဉ်ထားကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

‘‘မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်မှာ အသိအမှတ်ပြုခံထားရတဲ့ နိုင်ငံတစ်ခုဖြစ်နေတော့ နိုင်ငံတော်အနေနဲ့ ချေးငွေလျှောက်ရင် အတိုးမဲ့ချေးငွေ ရနိုင်တယ်။ အခု ကမ္ဘာ့ဘဏ်က ပေးနေတဲ့ချေးငွေတွေကလည်း အတိုးမဲ့ ချေးငွေတွေပဲ’’ ဟု ကမ္ဘာ့ဘဏ်၏စွမ်းအင်ဆိုင်ရာပညာရှင် ဦးမျိုးမြင့်ကပြောကြားသည်။

ရေး၊ ထားဝယ်မြို့များသို့ လျှပ်စစ်ဓာတ်အားပေးမည့် စီမံကိန်းကို ယခင်အစိုးရလက်ထက်က တရုတ်နိုင်ငံ Exim Bank ဘဏ်မှ အတိုးနှုန်း ၂ ရာခိုင်နှုန်းဖြင့်ချေး သောငွေကြေးဖြင့် ဆောင်ရွက်ရန် စီစဉ်ခဲ့သည်။ သို့သော် တရုတ်နိုင်ငံမှ ချေးငွေသည် အချိန်ကြာမြင့်ခြင်း၊ အတိုးနှုန်းများခြင်း၊ တရုတ်နိုင်ငံထုတ်ပစ္စည်းများ ပြန်လည်ဝယ်ယူအသုံးပြုရခြင်းတို့ကြောင့် တရုတ်ဘဏ်မှ ချေးငွေရယူမှုကို ပယ်ဖျက်ရခြင်းဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ယခင်အစိုးရ လက်ထက်တွင် နိုင်ငံရေးအပြောင်းအလဲကြောင့် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် စသောအတိုးနှုန်းသက်သာသည့် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများမှချေးငွေများ ပြန်လည်ရယူခွင့်ရရှိသည်။

လက်ရှိ လျှပ်စစ်ကဏ္ဍအတွက် ကမ္ဘာ့ဘဏ်မှ အတိုးမဲ့ချေးငွေအမေရိကန်ဒေါ်လာသန်း ၄၀၀ပေးထားပြီး လုပ်ငန်းများစတင်နိုင်ရန် ဒေါ်လာသန်း ၁၀၀ ခန့်ကိုလိုအပ်သည့် ပစ္စည်းဝယ်ယူရေးကဏ္ဍ၌ အသုံးပြုနေကြောင်း ဦးမျိုးမြင့်က ပြောသည်။

===================
251 / End