အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မကွေးတိုင်းရှိ ရေဘေးသင့်ဒေသခံတစ်ဦးအား ကူညီထောက်ပံ့ရေးပစ္စည်းများ ပေးအပ်နေသည်ကို သြဂုတ် ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − နိုင်ငံတော်သမ္မတရုံး)
ရေဘေးသင့်ဒေသများ သို့ လာရောက်ရန် အကြောင်းကြောင်းကြောင့် နောက်ကျခဲ့ ရခြင်းအပေါ် တောင်းပန်ပါ ကြောင်း သမ္မတဦးထင်ကျော်က မကွေးတိုင်းဒေသကြီးရှိ ရေဘေး သင့်ပြည်သူများထံသို့ လာရောက် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
သြဂုတ် ၇ရက်က မကွေး တိုင်းဒေသကြီး၊ မင်းဘူးမြို့ မှန် ကင်းပရိယတ္တိစာသင်တိုက်တွင် ရေဘေးရှောင်နေကြရသည့် ပြည် သူများအား သမ္မတဦးထင်ကျော် က လာရောက်တွေ့ဆုံ၍ ကူညီ ထောက်ပံ့ပစ္စည်းများလှူဒါန်းစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။
‘‘ရေ စကျနေပြီလို့တော့ ကြားရပါတယ်။ ဒါပေမဲ့ စားဝတ် နေရေးတွေအတွက် ဒုက္ခတွေက ရှိနေဦးမှာပါ။ ဒီအတွက်ကြိုးစား ဆောင်ရွက်နေပါတယ်။ အ ကြောင်းကြောင်းကြောင့်နောက် ကျသွားတာကို တောင်းပန်ပါ တယ်။ ဒီနေရာမှာ ပြောစရာရှိတာ ဝေဖန်စရာရှိတာကို အားမနာ တမ်းဝေဖန်ပြောဆိုမေးမြန်းလို့ရ ပါတယ်’’ဟု ထည့်သွင်းပြောကြား သည်။
သမ္မတနှင့်အဖွဲ့သည် မင်း ဘူးမြို့နယ်ရှိ ရေဘေးရှောင်ပြည်သူများအတွက် ဆန် ၂၀၉အိတ်၊ ဆီ ၅၅၀ပိဿာ၊ ငါး သေတ္တာဘူး ၃၀၀၊ ရေသန့် ၆၀၀ ကတ်၊ ခေါက်ဆွဲခြောက် ၁၀,၈၀၀ ထုပ်၊ ဗလာစာအုပ် ဒါဇင်ပေါင်း၃၀၀၀တို့ကို လှူဒါန်းခဲ့သည်။
ထို့အပြင် သမ္မတဦးထင် ကျော်က ရေဘေးသင့်ပြည်သူများ အား ၎င်းနှင့်တွေ့ဆုံခိုက်တွင် အ စိုးရနှင့် အုပ်ချုပ်ရေးအပိုင်းများ၏ လိုအပ်ချက်များကို ပြောစရာ၊ တင်ပြစရာများရှိလျှင် အားမနာ တမ်း ပြောဆိုနိုင်ကြောင်းလည်း ဆက်လက်ပြောကြားသည်။
‘‘ရောက်တုန်းရောက်ခိုက် မှာ ပြောချင်တာရှိရင် အစိုးရ ဘက်မှာ၊ အုပ်ချုပ်ရေးဘက်မှာ လို အပ်နေတာရှိရင်၊ ပြောချင်တာရှိ ရင် အားမနာတမ်းပြောလို့ရပါ တယ်။ ပြောချင်တာပြောလို့ရပါ တယ်။ ချီးမွမ်းစကား၊ ၀မ်းသာစ ကားပြောဖို့မဟုတ်ပါဘူး။ အခက် အခဲလေးတွေရှိရင် တင်ပြကြပါ။ ပြောကြပါ။ တတ်နိုင်သမျှမှတ် သားသွားပြီးတော့ ပြည်သူပြည် သားတွေရဲ့ လိုအင်ဆန္ဒကို တတ် နိုင်သမျှဖြည့်ဆည်းဖို့က လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အစိုးရ ရဲ့ စိတ်ရင်း၊ စေတနာအရင်းပါဆို တာပြောပါရစေ’’ဟု ရေဘေး ရှောင်ဒေသခံများနှင့် တွေ့ဆုံစဉ် သမ္မတဦးထင်ကျော်က ပြော သည်။
အစိုးရက တတ်နိုင်သမျှကြိုး စား လုပ်ဆောင်နေသော်လည်း ပြည်သူပြည်သားများက အားမရ ဖြစ်နိုင်သကဲ့သို့ ကာလတိုအတွင်း မပြီးပြည့်စုံနိုင်သေးကြောင်း၊ ပြည်သူပြည်သားတို့၏ နေရေးထိုင်ရေး၊ သက်သာချောင်ချိရေး၊ ကျန်းမာရေးတို့အတွက် စိတ်ထဲတွင် မမေ့မလျော့ရှိကြောင်း သမ္မတက ဆက်လက်ပြောသည်။
‘‘ဒီနယ်မှာ ရေပြန်ကျတယ် လို့ကြားပါတယ်။ တချို့နယ်တွေ ကတော့ ဆိုးတုန်းပဲ။ ရေပြန်ကျလို့ ၀မ်းသာပါတယ်။ သို့သော်လည်း ပြန်ကျတယ်ဆိုပေမယ့် မကျခင် က ခံခဲ့ရတဲ့ဒုက္ခတွေ၊ ခုလော လောဆယ်ကိုပဲ ကိုယ့်အိမ်ကိုယ့် ယာတွေစွန့်ခွာပြီးလာနေရတဲ့ဒုက္ခ တွေက မနည်းပါဘူး။ ဘာပဲပြော ပြော စားရေးသောက်ရေး၊ နေရေး ထိုင်ရေးအခက်အခဲနဲ့နေမှာပါ။ ကိုယ့်အိမ်ကိုယ်နေနေကျလူ တောင်မှ မီးလေးပြတ်သွားရင် လာနေကျရေမလာရင်၊ နေရထိုင် ရတာအတော်ကသိကအောက် ဖြစ်ပါတယ်’’ဟုပြောသည်။
သမ္မတက ရေဘေးသင့် ပြည်သူများထံ လာရောက်တွေ့ ဆုံခြင်းအပေါ် ရေဘေးရှောင်ဒေ သခံဦးကြည်က ယခုကဲ့သို့ပြောသည်။
‘‘သမ္မတကြီး ကိုယ်တိုင် ရောက်လာပြီးတော့ တွေ့တာ၊ လှူတာ၊ စကားပြောသွားတာဝမ်း သာပီတိဖြစ်ရတယ်။ လေးလည်း လေးစားမိတယ်။ ကျွန်တော်အ သက်(၅၇)နှစ်ရှိပါပြီ။ တစ်ခါမှ နိုင်ငံတော်သမ္မတဆိုတာအပြင် မှာ မမြင်ဖူးပါဘူး။ ခု ပထမဆုံး မြင်ဖူးတာပဲ။ ခုလိုနွေးနွေးထွေး ထွေးရှိတာ ၀မ်းသာမိတယ်။ ခုထိ အောင်လည်းကူညီစောင့်ရှောက် မှုတွေကြောင့် အဆင်ပြေပါ တယ်’’ ဟု ဆိုသည်။
သမ္မတဦးထင်ကျော်နှင့်အ ဖွဲ့သည် မကွေးတိုင်းဒေသကြီးအ တွင်းရှိ မင်းဘူး(စကု)မြို့နယ်၊ပွင့် ဖြူမြို့နယ်နှင့် ပခုက္ကူမြို့နယ်များ ရှိ ရေဘေးရှောင်ဒေသခံများအားသွားရောက်တွေ့ဆုံ၍ ကူညီ ထောက်ပံ့ပစ္စည်းများလှူဒါန်းခဲ့ ကြောင်း သတင်းရရှိသည်။
မကွေးတိုင်းဒေသကြီးအ တွင်း ၂၀၁၆ဇူလိုင်နှင့်သြဂုတ်အတွင်း ဖြစ်ပွားခဲ့သည့်ရေကြီးရေလျှံ မှုဖြစ်စဉ်များ၌ မြို့နယ်ပေါင်း ၁၅ မြို့နယ်မှ အိမ်ထောင်စုပေါင်း ၃၁,၀၀၀ ကျော်ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်နေသည်။ အစိုးရအနေဖြင့်လည်း မကွေးတိုင်းအတွင်းရှိ ရေဘေး သင့်ပြည်သူများအား ရေနှင့် စား သောက်ကုန်စုစုပေါင်းကျပ်သိန်း ၂,၀၀၀ကျော်ကို ကူညီထောက်ပံ့ ပေးခဲ့သည်။
=================================
251/End