၁၀ ဩဂုတ် ၂၀၁၆ - ၁၉:၂၄
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းတဲ့ နှင်းဆီအဖွဲ့သားများ

နှင်းဆီရင်ခွင်လူမှုကူညီ ရေးဖောင်ဒေးရှင်းအနေဖြင့် မန္တလေးတိုင်းဒေသကြီးမှ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်း ထားပြီး ဩဂုတ် ၁၄ ရက်တွင် လည်း ဧရာဝတီတိုင်းဒေသကြီးမှ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ဆေးပစ္စည်းများ သွားရောက်လှူဒါန်းရန် အစီအစဉ်ရှိ ကြောင်း အဆိုပါဖောင်ဒေးရှင်းမှ ဒါရိုက်တာမောင်မျိုးမင်း (ရင် တွင်းဖြစ်)က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 နှင်းဆီရင်ခွင်လူမှုကူညီ ရေးဖောင်ဒေးရှင်းအနေဖြင့် မန္တလေးတိုင်းဒေသကြီးမှ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်း ထားပြီး ဩဂုတ် ၁၄ ရက်တွင် လည်း ဧရာဝတီတိုင်းဒေသကြီးမှ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ဆေးပစ္စည်းများ သွားရောက်လှူဒါန်းရန် အစီအစဉ်ရှိ ကြောင်း အဆိုပါဖောင်ဒေးရှင်းမှ ဒါရိုက်တာမောင်မျိုးမင်း (ရင် တွင်းဖြစ်)က ပြောသည်။

‘‘ဧရာဝတီတိုင်း သာပေါင်း ဘက်တွေမှာ တော်တော်လေးအ ခြေအနေဆိုးနေလို့ သွားရောက် လှူဒါန်းမှာပါ။ အဲဒီမှာလည်း အလှူငွေသိန်းတစ်ရာနဲ့ ဆေး ပစ္စည်း သိန်း ၁၅၀ ဖိုး ဩဂုတ် ၁၄ ရက်မှာ လှူဒါန်းမှာပါ’’ဟု ၎င်းက ပြောသည်။

နှင်းဆီရင်ခွင်လူမှုကူညီရေး ဖောင်ဒေးရှင်းအနေဖြင့် ပြီးခဲ့သည့်ရက်ပိုင်းကလည်း မန္တလေးတိုင်း ဒေသကြီးရှိ ရေဘေးသင့်ပြည်သူ များအတွက် ကျပ်သိန်းတစ်ရာနှင့် ဆေးဝါးများကို မန္တလေးတိုင်းဝန် ကြီးချုပ်ထံ လှူဒါန်းခဲ့သည်။

ထို့အပြင် ဩဂုတ် ၁၅ ရက် တွင် ဧရာဝတီတိုင်းဒေသကြီးသို့ ရေဘေးအတွက် သွားရောက်လှူ ဒါန်းမည့် KMA Group ၏ လှူဒါန်းမှုအစီအစဉ်တွင်လည်း ပါဝင်ကူညီမည်ဟု ၎င်းက ဆိုသည်။ ‘‘ရန်ပုံငွေပွဲမလုပ်ဖြစ်လည်း ဦးမျိုးတို့အလှူခံပြီး လှူနိုင် သလောက်လှူသွားမယ်။ ဘာဖြစ် လို့လဲဆိုတော့ ရန်ပုံငွေပွဲကို ကြာ လာရင် လူတွေလန့်လာမှာစိုး တယ်။ အဲဒါကြောင့် ဦးမျိုးတို့ ကိုယ့်ဟာကိုယ် ရှာရလာတာကို လှူသွားမယ်’’ဟု ရန်ပုံငွေပွဲပြု လုပ်ရန် အစီအစဉ် ရှိ၊ မရှိအပေါ် ဦးမျိုးမင်းက ပြောသည်။

ထို့အပြင် မြေပြိုမှုများဖြစ် ပေါ်နေသည့် ဟားခါးဒေသအ တွက်လည်း လှူဒါန်းမှုများ ပြုလုပ်ရန် အစီအစဉ်ရှိပြီး ဝေဠုကျော် ဖောင်ဒေးရှင်းမှတစ်ဆင့် လှူဒါန်း ရန် အစီအစဉ်ရှိသည်ဟု ၎င်းက ပြောသည်။

===================
251 / End