၁၁ ဩဂုတ် ၂၀၁၆ - ၁၃:၅၇
၂၁ ရာစုပင်လုံ၌ ပါဝင်ရေး အစိုးရနှင့် မြောက်ပိုင်း မဟာမိတ် ၃ဖွဲ့ အကြားညှိနှိုင်းမရဖြစ်နေ

၂၁ ရာစု ပင်လုံညီလာခံ၌ ပါဝင်ရေး အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နှင့် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်- ကိုးကန့်အဖွဲ့ (MNDAA)၊ ပလောင် (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်)TNLA၊ ရက္ခိုင်တပ်မ တော်(AA) (မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့) တို့ အကြား မနေ့ သြဂုတ်လ ၉ ရက်နေ့က ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းလားမြို၌ ဆွေးနွေးရာ ညှိနှိုင်းမရဖြစ်နေကြောင်း သတင်းရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


၂၁ ရာစု ပင်လုံညီလာခံ၌ ပါဝင်ရေး အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နှင့် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်- ကိုးကန့်အဖွဲ့ (MNDAA)၊ ပလောင် (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်)TNLA၊ ရက္ခိုင်တပ်မ တော်(AA) (မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့) တို့ အကြား မနေ့ သြဂုတ်လ ၉ ရက်နေ့က ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းလားမြို၌ ဆွေးနွေးရာ ညှိနှိုင်းမရဖြစ်နေကြောင်း သတင်းရသည်။

ညှိနှိုင်းမရသည့် အချက်မှာ တပ်မတော်ဘက်မှ ချမှတ်ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လိုလျှင်  “လက် နက်ကိုင်လမ်းစဉ် ကို အပြီးတိုင်စွန့်လွှတ်/ချုပ်ငြိမ်း လိုသည့် ဆန္ဒအပြည့်အဝ ရှိပါသည်”ဟု ယင်း မဟာမိတ် သုံးဖွဲ့က ထုတ်ပြန်ပေးရမည်ဆိုသော အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်က ပြောဆိုမှုနှင့် ပတ်သက်ကြောင်း TNLA ၏ ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောပြသည်။

အဆိုပါ မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့တို့ အနေဖြင့် ငြိမ်းချမ်းရေးကော်မရှင်၏ ပြောဆိုလာသည့် ပုံစံကို ထုတ်ပြန် ကြေငြာနိုင်မည် မဟုတ်ပဲ စကားလုံး ပြောင်းလဲပြီး “လက်နက်ကိုင် ပဋိပက္ခကို အပြီးတိုင်ချုပ်ငြိမ်းရန် ဆန္ဒအပြည့် အဝရှိသည်”ဟုသာ ထုတ်ပြန်ကြေငြာပေးနိုင်မည်ဟု အစည်းအဝေးတွင် ပြောဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ  “လက်နက်ကိုင်နည်းလမ်း” နှင့် “လက်နက်ကိုင် ပဋိပက္ခ”ဟူသည့် စကားရပ် ၂ ခုအပေါ်၌ သဘောထား မတိုက်ဆိုင်ကြခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ အထက်လူကြီးများသို့ အပြန်အလှန် တင်ပြသွားမည်ဟုဆိုပြီး  အစည်းအဝေးကို အပြီးသတ်လိုက်ကြောင်း TNLA အဖွဲ့ ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောသည်။

ဗိုလ်မှူးကြီး တာဘုန်းကျော်က “သူတို့ပြောတဲ့အတိုင်း ကျနော်တို့ ၃ ဖွဲ့က မထုတ်နိုင်ဘူး။ သူတို့ဘက်ကလည်း ထပ် မလျော့နိုင်တော့ဘူး ဆိုတော့ သူတို့ဘက်ကလည်း သူတို့အထက်လူကြီးတွေကို ပြန်တင်ပြမယ်။ ကျနော်တို့လည်း အဖွဲ့အစည်းအသီးသီးမှာ ပြန်ဆွေးနွေးကြပါမယ်”ဟု ပြောသည်။

MNDAA ၊ TNLA နှင့် AA တို့မှာ လက်ရှိတွင် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်ပြီး အစိုးရနှင့်လည်း နိုင်ငံ ရေးဆွေးနွေးမှု ၊ နိုင်ငံရေးသဘောတူညီမှု တစုံတရာရ ရှိထားခြင်းမရှိသဖြင့် လက်နက်စွန့်ရမည်ဆိုသည့် မှာ မဖြစ် နိုင်ဟု ဧရာဝတီကို ပြောဆိုထားသည်။

ဆက်လက်ပြီး ဗိုလ်မှူးကြီး တာဘုန်းကျော်က “ထုတ်ပြန်ချက်ကို ကျနော်တို့ မထုတ်နိုင်ရင်တော့ အခုသွားနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ကျနော်တို့ သုံးဖွဲ့ ပါဝင်ခွင့် မရှိဘူး။ ဒါက ဦးခင်ဇော်ဦးက ကျနော်တို့ကို ပွင့်ပွင့်လင်းလင်း အဲ့ဒီလို ပြောတာပါ” ဟု ပြောသည်။

ထို့ပြင် အစိုးရဘက်မှ ဆွေးနွေးပွဲတွင် MNDAA ၊ TNLA နှင့် AA တို့ကို ၂၁ရာစုပင်လုံညီလာခံ ကျင်းပရန် ပြင်ဆင် နေသည့် ကိစ္စရပ်များ နှင့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် ပြန်လည် ပြင်ဆင်သုံးသပ်မည့် ကိစ္စရပ်များကို ရှင်းလင်း ပြောဆိုခဲ့သည် ဟု သိရသည်။

အဆိုပါ အစည်းအဝေးတွင် ငြိမ်းချမ်းရေးကော်မရှင်မှ ဒုဥက္ကဌ ဦးသိန်းဇော်၊ အထွေထွေ အတွင်းရေးမှူး ဦးခင်ဇော်ဦး၊ ဦးအောင်ကြည် တို့နှင့် ၂၁ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီတို့မှ အဖွဲ့ဝင်များ  ပါဝင်တက်ရောက်ကြသည်ဟု သိရသည်။

ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် ငြိမ်းချမ်းရေး ကော်မရှင်မှ ကိုယ်စားလှယ်များကို ဧရာဝတီမှ မေးမြန်းရန် ဖုန်းဖြင့် ဆက်သွယ်သော်လည်း မိုင်းလားမြို့မှ ရန်ကုန်မြို့သို့ လာနေသည့် လမ်းတွင် ဖြစ်နေသဖြင့် ဖုန်းအဆက်အသွယ် မရပါ။
နိုင်ငံရေး မူဘောင်ပြန်လည်ပြင်ဆင်သုံးသပ်ရေးကို သြဂုတ်လ ၁၁ ရက်မှ စ၍ ပြုလုပ်သွား မည်ဖြစ်ပြီး ၂၁ရာစု ပင်လုံညီလာခံကို သြဂုတ်လ ၃၁ ရက်တွင် ကျင်းပရန် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က သတ်မှတ်ထားပြီး ဖြစ်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌  အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ချုပ်ဆိုထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့တို့က နိုင်ငံရေး မူဘောင် ပြန်လည်ပြင်ဆင်သုံးသပ်ရေး အတွက် ဆွေးနွေးနေပြီဖြစ်သည်။

UNFC အတွင်းရေးမှူး ခူဦးရယ်ကမူ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့နှင့် ပတ်သတ်၍ “သုံးဖွဲ့ကတော့ အစိုးရဘက်က တသီးတသန့်ဆွေးနွေးမှု လုပ်နေတော့သူတို့ အဲ့ဒီဘက်က သဘောတူညီမှုနဲ့ သွားမယ် လို့ နားလည်တယ်။ လောလော ဆယ်မှာတော့ ကျနော်တို့နဲ့ အဆက်စပ်မရှိဘူး”ဟု ပြောသည်။

၂၁ရာစု ပင်လုံညီလာခံသို့ ပြည်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂၁ ဖွဲ့အနက် ကျန်အဖွဲ့ အားလုံးမှာ တတ်ရောက်နိုင်ရန် ဖိတ်ကြားခံထားရပြီး ပြင်ဆင်နေကြပြီဖြစ်သည်။

မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဖြစ်သည့် MNDAA၊ TNLA နှင့် AA တို့သာ အစိုးရနှင့် ညှိနှိုင်းမှု ပြေလည်မှု မရှိဘဲ ကျန်ရှိနေခြင်း ဖြစ်သည်။

MNDAA ၊ TNLA နှင့် AA တို့မှာ အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ချုပ်ဆိုထားခြင်း မရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည်။

MNDAA မှာ ရှမ်းပြည်နယ် အရှေ့မြောက်တွင် အခြေစိုက် လှုပ်ရှားပြီး AA မှာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် အခြေစိုက်ပြီး ရခိုင်ပြည်နယ်တွင်လည်း ပြောက်ကျားလှုပ်ရှားသည်။

TNLA မှာ ရှမ်းပြည်နယ်၊ မြောက်ပိုင်းတွင် အခြေစိုက် လှုပ်ရှားပြီး TNLA မှာ တပ်မတော်နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။


===================
251 / End