၁၄ ဩဂုတ် ၂၀၁၆ - ၀၈:၃၇
ရေဘေးသင့် ပုသိမ်နှင့် သာပေါင်းမြို့နယ်တွင် အရေးပေါ်အကူအညီများ လိုအပ်နေ

ပုသိမ်မြို့နယ်၏ ဒေသ ၆၀ ရာခိုင်နှုန်းကျော်နှင့် သာပေါင်းမြို့နယ်၏ ဒေသ ၇၅ ရာခိုင်နှုန်း ကျော်တို့တွင် အရေးပေါ် ကူညီ ဆောင်ရွက်မှုများ လိုအပ်နေပြီး ငဝန်မြစ်ထိန်းတာ ပြိုကျမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများကပြောသည်။ ပုသိမ်နှင့် သာပေါင်းမြို့နယ် ရှိ ရေဘေးဒုက္ခသည်အချို့သည် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေပြီး မိမိတို့၏ နေအိမ်များ၌ အဆင့်ထိုး နေထိုင်နေရသူများ လည်း ရှိနေသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 ပုသိမ်မြို့နယ်၏ ဒေသ ၆၀ ရာခိုင်နှုန်းကျော်နှင့် သာပေါင်းမြို့နယ်၏ ဒေသ ၇၅ ရာခိုင်နှုန်း ကျော်တို့တွင် အရေးပေါ် ကူညီ ဆောင်ရွက်မှုများ လိုအပ်နေပြီး ငဝန်မြစ်ထိန်းတာ ပြိုကျမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများကပြောသည်။

ပုသိမ်နှင့် သာပေါင်းမြို့နယ် ရှိ ရေဘေးဒုက္ခသည်အချို့သည် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေပြီး မိမိတို့၏ နေအိမ်များ၌ အဆင့်ထိုး နေထိုင်နေရသူများ လည်း ရှိနေသည်။

‘‘မြစ်ထိန်းတာကိုလည်း စိတ်မချရဘူး။ ပြောင်းနေလို့ကလည်း ကုန်းရှိတဲ့နေရာနဲ့က ဝေးတယ်။ ဒါကြောင့် အိမ်တွေမှာပဲ ဖြစ်သလို အဆင့်ထိုးပြီးနေနေရတယ်။ အခု က စားစရာလည်း ရွာကသူတွေ မှာ မရှိသလောက်နည်းနေပြီ။ ပို ဆိုးတာက သောက်ရေလုံးဝမရှိ ဘူး။ ချက်ပြုတ်ဖို့ မီးမွှေးစရာနေ ရာလည်း မရှိဘူး။ ထောက်ပံ့ပေး မယ့် သူတွေလည်း အခုထိ ရောက်မလာသေးတော့ အခက်အခဲက အများကြီးပဲ’’ဟု သာပေါင်းမြို့ နယ် ရေလဲကြီးကျေးရွာက ဒေသခံဦးသိန်းဇော်ကပြောသည်။

လူဦးရေ နှစ်ထောင့်ငါးရာ ကျော်ရှိသော ရေလဲကြီးကျေးရွာ အုပ်စုသည် ငဝန်တာအတွင်းရှိ သော်လည်း ရွာ၏ အနောက်ဘက် မှ ဒါးကမြစ်ရေ ဝင်ရောက်သဖြင့် ငဝန်မြစ်ထိန်းတာကို စိုးရိမ်နေကြ သည်။

‘‘မြို့နဲ့နီးတဲ့ နေရာတွေ၊ အ ဆက်အသွယ်ကောင်းရှိနေတဲ့နေ ရာကိုတော့ ကယ်ဆယ်ထောက်ပံ့ တဲ့ ပစ္စည်းတွေ ရောက်ပါတယ်။ ဒါပေမဲ့ လိုအပ်နေတဲ့ နေရာတွေ က အများကြီးရှိသေးတယ်။ ရေ က ရက်ရှည်လာတော့ အခက်အ ခဲမျိုးစုံဖြစ်လာတယ်။ မြစ်ရေကို ပဲ သောက်သုံးနေရတော့ ကြာရင် ရောဂါတွေ ဝင်လာနိုင်တယ်’’ဟု HRAA လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားသူများအဖွဲ့ အတွင်းရေး မှူး ဦးအောင်မြတ်သူက ပြော ကြားသည်။

ပုသိမ်မြို့နယ်၏ အစွန်အ ဖျား ကျေးရွာများတွင် ကယ်ဆယ် ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ မရရှိသဖြင့် ဒေသခံများသည် စားသောက်နေထိုင်ရေးအတွက် အခက်အခဲရှိပြီး ကလေးငယ်အ ချို့ ကျန်းမာရေးထိခိုက်မှုများ ရှိ နေကြောင်း ပုသိမ်မြို့နယ် စပါး ထားကျေးရွာနေ မရီရီစိန်ကပြော သည်။

‘‘တောင်ရေကျတာရော၊ မြစ်ရေမြင့်တက်တာရော နှစ်ခုစလုံးဖြစ်လာတော့ အိမ်ခေါင်မိုးကို ရေထိနေပြီ။ အခုတော့ မျှတပြီး စားနေကြတယ်။ ကလေးတွေလည်း သိပ်နေမကောင်းကြဘူး။ ကယ် ဆယ်ရေးအဖွဲ့တွေ အခုထိ လာ တာတော့ မတွေ့သေးဘူး’’ဟု မရီရီစိန်ကပြောသည်။

===================
251 / End